HninKhaing9
အဲ့ဒီနေ့က ဝေဝဲ့ကျီစယ်
တိုက်ခတ်ခဲ့တဲ့ လေစိမ်းတွေကို
မုန်းခဲ့မိတယ် ဘာကြောင့်ဆိုတော့
ဝေးဖြစ်ခဲ့အောင် တိုက်ခတ်ခဲ့တဲ့
လေစိမ်းတွေမို့ လွမ်းလွန်းလို့တောင်
လွမ်းခွင့်မရှိ ဆွေးလွန်းလို့တောင်
ဆွေးခွင့်မရှိ ရံဖန်ရံခါ
တိုက်ဆိုင်မှုတွေ ဖန်လာပြန်တော့
တိတ်တခိုးလေး ခိုးလွမ်းမိတယ်
ဝေးကွာသွားအောင် လုပ်ပစ်ခဲ့တဲ့
ကံကြမ္မာကို ခုချိန်မှာတော့
အပြစ်မြင်ဆဲ ချီးကျုးမိချင်
ကျေးဇူးတင်ေ ကြာင်း ပြောချင်မိတယ်။
နှင်းဝေဆောင်း(ပထဝီဝင်)