"မေမေ့အချစ်တွေက သီချင်းထဲကလို နေရောင်လို ကုန်ခမ်းမသွားတဲ့ အချစ်မဟုတ်သလို ပင်လယ်ရေထက်လည်း ပိုမများနိုင်တဲ့ အချစ်ရိပ်မြုံ ခပ်သေးသေး ၊ ခပ်အုံ့အုံ့ကလေးပဲ ။ တစ်ယောက်သာ ဆန့်တယ် ။ အဲ့ဒီတစ်ယောက်တည်းကိုပဲ အေးမြမှုနှင့် သာယာမှု အကုန် ပေးသည့် မေမေ့အချစ်က ဖြန့်ကျန့်လို့ မရတဲ့ သစ်ရိပ်မြုံလေးပဲ။ နားခိုလာသူ တစ်ဦးထက်ပိုပြီး ဘယ်သူ့မှ (ကိုယ့်သွေးသားအရင်းကိုတောင်မှ ပေါ့) မျှပေးလို့ မရတဲ့ အေးချမ်းတဲ့ သစ်ရိပ်မြုံကလေး ။" မိုးရာသီအမှတ်တရ ၀တ္ထုလတ် တစ်ပုဒ်ဖြစ်ပါသည်။ ဤ၀တ္ထုတွင်ပါ၀င်သော အရာအားလုံးသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်သာ ဖြစ်ပါသည်။ အထက် ဖော်ပြပါ စာပိုဒ်သည် ဤ၀တ္ထုတွင် ပါ၀င်သော စာပိုဒ် တစ်ပိုဒ် ဖြစ်ပါသည်။ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များ ကို ၀တ္ထုအတွင်း လိုက်လံရှာဖွေစေလိုပါသည်။
13 parts