08012020Y

ကိုယ်ကနည်းနည်းတော့ဆိုးတယ်
          	တစ်စုံတစ်ယောက်ဒါမှမဟုတ်တစ်စုံတရာကို
          	သဘောကျပြီဆိုအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီး
          	ဘယ်သူတွေကမကောင်းပြောသည်ဖြစ်စေ
          	ကိုယ့်ကိုစိတ်ရှုပ်ရအောင်လုပ်သည်ဖြစ်စေအကောင်းဆုံးခွင့်လွှတ်ပေးပြီးကပ်တွယ်နေ
          	တတ်တယ်
          	
          	ဒါပေမဲ့ကိုယ်အဲ့ဒီအရာတွေအနားက
          	စွန့်ခွာဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း
          	အကြောင်းပြချက်အများကြီးမလိုဘူး
          	ကိုယ်သဘောမကျဘူးလို့ခံစားရစေမယ့်
          	ကိစ္စသေးသေးလေးကြောင့်လည်းဖြစ်သွားနိုင်တယ်
          	
          	အဲ့ဒါကြောင့်ပြောပါတယ်ကိုယ်ကဆိုးတယ်လို့
          	မချစ်တော့ဘူးသဘောမကျတော့ဘူးဆိုရင်
          	ဘယ်လိုမှကိုပြန်ပြင်လို့မရတော့ဘဲ
          	ဘာခံစားချက်မှကိုမရှိတော့တာမျိုးလေ

08012020Y

ကိုယ်ကနည်းနည်းတော့ဆိုးတယ်
          တစ်စုံတစ်ယောက်ဒါမှမဟုတ်တစ်စုံတရာကို
          သဘောကျပြီဆိုအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီး
          ဘယ်သူတွေကမကောင်းပြောသည်ဖြစ်စေ
          ကိုယ့်ကိုစိတ်ရှုပ်ရအောင်လုပ်သည်ဖြစ်စေအကောင်းဆုံးခွင့်လွှတ်ပေးပြီးကပ်တွယ်နေ
          တတ်တယ်
          
          ဒါပေမဲ့ကိုယ်အဲ့ဒီအရာတွေအနားက
          စွန့်ခွာဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း
          အကြောင်းပြချက်အများကြီးမလိုဘူး
          ကိုယ်သဘောမကျဘူးလို့ခံစားရစေမယ့်
          ကိစ္စသေးသေးလေးကြောင့်လည်းဖြစ်သွားနိုင်တယ်
          
          အဲ့ဒါကြောင့်ပြောပါတယ်ကိုယ်ကဆိုးတယ်လို့
          မချစ်တော့ဘူးသဘောမကျတော့ဘူးဆိုရင်
          ဘယ်လိုမှကိုပြန်ပြင်လို့မရတော့ဘဲ
          ဘာခံစားချက်မှကိုမရှိတော့တာမျိုးလေ

08012020Y

ငိုချ င်နေပြီ တစ်ကယ်ငိုချ င်နေပြီ 
          ဒီနေ့ မှပဲဖြစ်ရသလား သူများတွေ တင်တာတွေ့နေ
          တာတောင်မတင်သေးဘဲအချိန်စောင့်နေတာလေ
          ရူးချ င်လာပြီ 

08012020Y

အားးးးဆရာရှောင်းကစာအရှည်ကြီးနဲ့ update 
          ပေးတယ် အခုချိန်ဆို fb မှာ ဂယက်ထနေရမှာကို 
          ငိုချ င်နေပြီ weibo မှာပဲဆုတောင်းပေးရတော့တယ် 

08012020Y

Happy Birthday ပါဆရာရှောင်း
          တစိမ့်စိမ့်ကြည့်ပြီးတသိမ့်သိမ့်ငေးနေရတဲ့
          မြတ်နိုးဖွယ်လူသားလေးအဖြစ်မွေးဖွားလာခဲ့ပေးလို့ 
          ကျေးဇူးတင်ပါတယ် 
          
          အတုအယောင်တွေကြားစစ်မှန်တဲ့ချ စ်ခြင်းမေတ္တာကို
          ရှာတွေ့နိုင်ပါစေ
          
          အနုပညာလမ်းခရီးမှာ ပျော်ရွှင်ကျ န်းမာစွာနဲ့
          လျှောက်လှမ်းနေတာကိုမြင်ခွင့်ရချ င်ရုံကလွဲရင်
          ဘာမှမမျှော်လင့်တာမို့ လို့ ကျ န်းမာပျော်ရွှင်
          အောင်သာနေပေးပါ အချ စ်ဆုံးရေ 

08012020Y

He Lives Inside the No Man's Land In My Heart
          ကိုဖတ်ပြီးအတွေးတွေတစ်ကယ်များလိုက်ရတယ်
          
          တစ်ကယ်လက်တွေ့ဘဝမှာအဲ့လိုသာဆို
          ကိုယ်ရူးမယ်ထင်ပါရဲ့
          
          ဒီနှစ်ယောက်ကကိုယ့်ဘဝမှာပထမဦးဆုံး ship မိတဲ့
          cp ပါပဲ သူတို့ ကြောင့်အများကြီးပျော်ခဲ့ရသလို
          ကိုယ့်ဘာသာအတွေးလွန်ပြီး ငိုခဲ့ရတာတွေလည်း
          အကြိမ်ကြိမ်ပါပဲ 
          
          သူတို့ ကိုတခြားသူနဲ့များဆိုတဲ့အတွေး
          တွေးမိရုံနဲ့တင် နာကျ င်ရတာကသေမလိုပဲ
          
          ကိုယ်တစ်ကယ်မပေးလိုက်နိုင်ဘူး
          ကိုယ်တစ်ကယ်ဘယ်သူ့ ကိုမှမပေးလိုက်နိုင်ဘူး
          
          အဲ့ဒီလိုအချိန်တွေကိုတစ်ကယ်ရင်မဆိုင်ရဲတာမို့ လို့ 
          အဲ့ဒီလိုအချိန်တွေရောက်မလာခဲ့ရင် ကောင်းမှာပါပဲ
          
          

08012020Y

တစ်ချို့  author တွေကအသေရယ်ရတယ်
          ကိုယ်ကသဘောကျ လိုက်တာလို့ တွေးမိရုံပဲ
          ရှိသေးတယ် A/N ကြီးထည့်ပြီးဖောက်တော့တာပဲ
          ဇာတ်လမ်းတစ်ပုဒ်ကိုဖန်တီးတဲ့အခါဇာတ်ကောင်
          အကုန်လုံးကို ပန်းနုသွေးလုပ်ပြီးချ စ်စေချ င်လို့ 
          မရဘူးလေ ဗီလိန်က ပါလာမှာပဲ ကိုယ်ဖန်တီးထားတဲ့
          ဗီလိန်နဲ့ပတ်သက်ပြီးစာဖတ်သူကဝေဖန်တာတွေ
          ဒေါသထွက်ပြီးမနေနိုင်လို့ ဆဲမိတာတွေဒါမျိုးတွေက
          ကြုံ ရမှာပဲလေ အဲ့ဒါကိုမှအဝေဖန်မခံနိုင်ပါဘူးနော်
          ဇာတ်ကောင်တွေကိုတန်ဖိုးထားပေးပါဆိုရင်တော့
          Ha Ha ပဲယူလိုက်ပါ ဒါမှမဟုတ်ကိုယ့်ဘာသာပဲ
          တစ်ယောက်တည်းရေးပြီးတစ်ယောက်တည်း
          ဖတ်နေလိုက်ပါ အဲ့လိုမျိုး A/N တွေတွေ့ရင်
          စိတ်ပျ က်လို့  vote ရော မန့် ရော ဘာမှမလုပ်တော့တဲ့
          အပြင် RL ထဲကနေပါထုတ်ပစ်လိုက်တယ်
          ဘာရယ်မဟုတ်ပါဘူးသဘောကျ နေရာကနေ 
          ဘယ်လိုမှသဘောကျ လို့ မရတော့တဲ့ 
          author တစ်ယောက်ရှိခဲ့ဖူးတာကိုသတိရသွားလို့ 

08012020Y

3.5.2021
                   အစကတည်းကရပ်တည်ချ က်မတူတဲ့သူတွေနဲ့
          ပတ်သက်ပြီးဘာမှသိပ်မခံစားရပေမယ့် ကိုယ့်နဲ့အတူ
          ဒီအချိန်အထိအတူတောင့်ခံလာခဲ့ပြီးရင်ဘတ်ချ င်း
          တူတယ်လို့ ယုံကြည်ထားတဲ့သူရဲ့နောက်ကျောဓားနဲ့
          အထိုးခံရတာသိပ်နာကျ င်တာပဲ တိုင်းပြည်ရဲ့
          အနာဂတ်ကိုချ နင်းပြီးစာသင်ခန်းထဲဝင်မယ့်သူတွေ
          အားလုံးပဲလိပ်ပြာလုံနိုင်ကြပါစေ အသက်ပေးခဲ့ရတဲ့
          သူတွေ ဘဝတွေနဲ့ရင်းထားရတဲ့သူတွေရဲ့မျ က်ရည်
          တွေကိုလျ စ်လျူ ရှုပြီးနင်တို့ ဘဝတွေအေးချ မ်းမယ်လို့ 
          ယုံကြည်ထားတဲ့သူတွေ ငါကအဆုံးအထိစောင့်ကြည့်
          လိုက်ပါဦးမယ် အခုအခြေအနေမှာငါတို့ ကအားနည်း
          နေတယ်လို့ ထင်ပြီးနင်တို့ ကသာကူးတွေလုပ်သွား
          ပေမယ့်အဆုံးသတ်မှာဓမ္မတရားကအနိုင်ရမှာအသေ
          အချာယုံတယ် ငါတို့ ကအရေအတွက်နည်းပေမယ့်
          စိတ်ဓာတ်ကတော့နင်တို့ လူအများစုထက်
          သာတယ် တစ်ယောက်တည်းကျ န်ခဲ့ရင်တောင်
          ငါတို့ ကအမှန်တရားဘက်ကအဆုံးအထိရပ်တည်
          နေဦးမှာ ဘယ်တော့မှကိုယ့်လိပ်ပြာကိုကိုယ်သစ္စာ
          မဖောက်ဘူး နိုင်ငံအပေါ်သစ္စာမဖောက်ဘူး
          သူငယ်ချ င်းတွေအပေါ်နောက်ကျောဓားနဲ့မထိုးဘူး
          နင်တို့ သာနင်တို့ လိပ်ပြာကနင်တို့ ကိုပြန်မခြောက်
          လှန့် စေဖို့ ဆုတောင်းနေ

08012020Y

အမှန်တရားဘက်ကနေရပ်ခဲ့လို့ အခက်အခဲတစ်ချို့ 
          ကြုံ ရပေမယ့်လုံးဝနောင်တမရဘူး
          ရင်ဘတ်နဲ့ရင်းပြီးပေါင်းခဲ့ရတဲ့သူငယ်ချ င်းတွေနဲ့
          ရပ်တည်ချ က်မတူလို့ စိတ်မကောင်းဖြစ်ရတာကလွဲရင်
          အကုန်လုံးအဆင်ပြေပါတယ်ကိုယ့်ရပ်တည်ချ က်
          အတွက်ဖိအားမပေးတဲ့မိသားစုတွေနဲ့ဆုံရတာကလည်း
          ကိုယ့်အတွက်တစ်ကယ်ကိုကံကောင်းမှုတစ်ခုပါပဲ
          ဒီပွဲမှာသိပ်ခင်ခဲ့ရတဲ့သူတွေကလုံးဝသူစိမ်းတွေဖြစ်ခဲ့
          ရသလိုအရင်ကဒီလောက်ကြီးစိတ်သဘောထား
          တိုက်ဆိုင်မယ်လို့ မထင်ထားခဲ့တဲ့သူတွေနဲ့
          ရင်ဘတ်ချ င်းနီးခဲ့ရတာကိုလည်းအကြိမ်ကြိမ်အခါခါ
          အံ့သြမဆုံးဖြစ်ခဲ့ရတယ် သူတို့ မှာပဲမိသားစုရှိတယ်
          သူတို့ ကပဲကြောက်တတ်တယ်သူတို့ ကပဲအသက်
          ရှိသယောင်နဲ့သိပ်ကိုမှအကြောင်းပြချ က်များတဲ့
          လူတစ်စုကိုလည်းသေသေချာချာလေးမှတ်ထား
          ပါတယ် ကိုယ့်လိပ်ပြာကိုယ်လုံကြရင်ပြီးတာပါပဲ
          အချိန်တန်ရင်လုပ်ရပ်တွေကသမိုင်းအဖြစ်ကျ န်ခဲ့
          ပါလိမ့်မယ် အဆုံးသတ်မှာဓမ္မတရားကပဲအနိုင်
          ရမှာလို့ အသေအချာယုံကြည်တယ်
                                                 1.5.2021