AAung6947
နှစ်ယောက်အတူ လျှောက်ခဲ့တဲ့လမ်းလေးတွေထက်က လေညှင်းလေးတွေ အတူမော့ကြည့် ခဲ့တဲ့ ကြယ်ရောင်စုံတွေ တီတီတာတာပြောဖူးတဲ့ စကားလေးတွေ မင်းပေးဖူးတဲ့ နှင်းဆီပန်းလေး အနီရောင်ကိုမင်းကြောင့်မြတ်နိုးခဲ့တဲ့ငါစိတ် ဒါတွေကိုအားမနာဘူးဆိုရင်တောင် သံယောဇဉ်အပိုင်းအစလေးကိုတော့ ထည့်တွေးပေးသင့်တာပေါ့ ငါ့ဘက်ကတော့စပြီး မပြတ်သားနိုင်ပေမယ့် တကယ်လို့ ပေါ့ မင်းထွက်သွားမယ်ဆိုရင်လည်းတားမှာ မဟုတ်ပါဘူး လူတွေပြောတဲ့ ငါ့ရဲ့ ဒုက္ခလှလှလေး တစ်သက်စာ ဖက်တွယ်မိချင်တာ ခုတော့အိမ်မက်ဖြစ်ခဲ့ပြီလား