ANyo_097
Merry Christmas to y'll
Santa ဘိုးဘိုးဆီကနေ ပျော်ရွှင်ခြင်းတွေကို လက်ဆောင်အဖြစ် ရကြပါစေရှင်။
@ANyo_097
12
Works
0
Reading Lists
14.2K
Followers
Merry Christmas to y'll
Santa ဘိုးဘိုးဆီကနေ ပျော်ရွှင်ခြင်းတွေကို လက်ဆောင်အဖြစ် ရကြပါစေရှင်။
Merry Christmas to y'll
Santa ဘိုးဘိုးဆီကနေ ပျော်ရွှင်ခြင်းတွေကို လက်ဆောင်အဖြစ် ရကြပါစေရှင်။
Hello Hello
မတွေ့ရ ၊ မဆုံရတာလည်း အတော်ကြာပြီ။
ဒီကြားထဲ စာရေးလိုက် ၊ ပြန်ပျောက်လိုက်နဲ့ ကျွန်မ တစ်ယောက်တည်း ချာချာလည်နေခဲ့တာ။ အခုက အားလုံးကို သတိရတာကော ၊ အသိပေးချင်တာကြောင့်ကောပါ။ ဒီစာလေးကို ကျွန်မရဲ့ စာဖတ်သူတွေ ဖတ်မိစေဖို့ မျှော်လင့်မိပါတယ်။
ရပ်နားခဲ့တဲ့ ဝတ္ထုလေးတွေ ပြန်ရေးနိုင်ဖို့ ကြိုးစားနေဆဲပါ။ ဒီကြားထဲ ဝတ္ထုတိုတွေလည်း ကျွန်မ တင်ပေးပါဦးမယ်။ paid ဖွင့်ထားပေမဲ့လည်း ကျွန်မ အဲလောက်ရေးမတင်နိုင်လို့ ၊ ဒါလေးကိုလည်း အနည်းနဲ့ အများတော့ ပြန် run နိုင်ဖို့ ရှိပါလိမ့်မယ်။
ကျွန်မ သေချာပေါက် ပြန်လာခဲ့မှာပါ။ စာရေးခြင်းက ကျွန်မရဲ့ အလုံးစုံသော စိတ်ဖြေရာပါပဲ။ ခက်တာက ဒီကြားထဲ ပြဿနာပေါင်းစုံ ၊ အလုပ်ပိခြင်းတွေနဲ့ အတော်လေး လှိမ့်နေအောင် ခံနေရလို့ပါ။
စာဖတ်သူ အများစုနဲ့ ဆက်သွယ်ဖြစ်တဲ့ TikTok ကိုလည်း ကျွန်မ ပြန်သုံးဖြစ်မှာပါ။ အားလုံးကို အဆက်ဖြတ်မသွားကြောင်း အဓိက ပြောပြချင်တာရယ်။ အရင်လို စာတွေ ပြန်ရေးနိုင်ဖို့ ၊ ဖြစ်နိုင်မယ်ဆို စောင့်နေကြပေးဖို့ လာပြောတာပါ။
သာယာလှပတဲ့ နေ့ရက်လေး ဖြစ်ပါစေရှင်။
မေတ္တာဖြင့်
အညို
" နေမြဲကြာကြာ "
မကြာမီ။
@ANyo_097 သိပ်ကြိုက်ရလို့စာအုပ်လေးသိမ်းချင်ခဲ့တာ ကျော့ဟေသီနဲ့နန်းမေအတွက် စာအုပ်ကိုင်ပြီးထပ်ငိုခွင့်ရခဲ့ပြီ
ခိုင်ခိုင် ကိုဒီreaderတွေကအမြဲနားလည်ပေးပြီး ချစ်ကြတာမို့ အပြည့်အဝအနားယူပါဗျ စောင့်နေပါ့မယ် တစ်ခုခုလိုတာရှိရင်လဲ အနားမှာရှိနေပေးမှာမို့ လိုအပ်ရင်အားမနာဘဲပြောပါဗျ ကောင်း"အပန်းဖြေနိုင်ပါစေဗျ
နှုတ်ဆက်ခြင်းနှင့် တောင်းပန်စာလွှာ။
" တစ်ခါက နွေ " နဲ့ " အချစ်ရဲ့ နွေရက်ကလေးလို " ဝတ္ထုနှစ်ပုဒ်ဟာ ရေးလက်စ ၊ ဖတ်လက်စ ဖြစ်နေသပါသေးတယ်။
ကျွန်မအနေနဲ့ လတ်တလောမှာ ကြုံဆုံနေရတဲ့ stress တစ်ချို့ကြောင့် စာမရေးနိုင် ဖြစ်နေတာ အတော်လေး ကြာခဲ့ပါပြီ။ ရေးလက်စ ဝတ္ထုအဟောင်းတွေထဲ ပြန်နစ်ဝင်ဖို့ အခက်အခဲ ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့်မို့ စာဖတ်သူတွေ စောင့်ဖတ်နေရတာမျိုး မဖြစ်စေချင်လို့ ဝတ္ထုနှစ်ပုဒ်ကိုကော ၊ ကျွန်မရဲ့ စာရေးခြင်းကိုကော အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်ရှင်။
အရာအားလုံး အဆင်ပြေပြေ ဖြစ်သွားတဲ့အခါ ကျွန်မ သေချာပေါက် ပြန်လာမှာပါ။ ခဏပဲကြာနိုင်သလို ၊ လအနည်းငယ်လည်း ကြာသွားနိုင်ပါတယ်။ ဝတ္ထုနှစ်ပုဒ်ကိုတော့ ကျွန်မ ဖျက်ထားပါ့မယ်ရှင်။
ပြန်လာဖြစ်တဲ့အခါ အဟောင်းပဲ ဆက်ရေးမလား။ အသစ်ပဲ ပြန်ပြင်မလား မဆုံးဖြတ်ရသေးလို့ပါ။ အားလုံးကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်ရှင်။
မေတ္တာဖြင့်
အညို။
ကိုယ့်ကိုကောင်းကျိုးမပေးတဲ့အရာတွေကိုလွှတ်ချနိုင်တဲ့သူဖြစ်ပါစေနော် ကျန်းမာရေးဂရုစိုက်ပါ
" အမောင် " pre-order now
SSS-She Share Story (Fb page) မှာ မနက်ဖြန်ကစပြီး order တင်လို့ရပါပြီရှင်။ အသေးစိတ် အချက်အလက်ကို page မှာပဲ ကြည့်ပေးပါနော်။
second edition ဖြစ်တာရယ် ၊ နောက်ပိုင်းမှာ " အမောင် " ထပ်လာဖို့ မသေချာတော့တာရယ်ကြောင့် pre order တိုင်းကို sign ထိုးပေးသွားမှာပါရှင်။
- 28,5**
ကျွန်မ အခုမှ လိုင်းရတာမို့ပါရှင်။
အားလုံး အဆင်ပြေပြေ ရှိနေကြမယ်လို့ ကျွန်မ မျှော်လင့်ဆုတောင်းပါတယ်။ ဘယ်လိုစကားက အားဖြစ်စေမယ်မှန်း မရွေးတတ်တော့တာမို့ ဒီအတိုင်းပဲ ဘာအခက်အခဲကြုံကြုံ အားတင်းထားကြပါဦးနော်။
ဒီအခက်အခဲတွေ ကျော်လွန်ပြီးရင် လှပတဲ့ နေ့သစ်တွေဆီ ရောက်လာမှာပါ။ အဲသည်အခါကျ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရအောင်ရှင်။
မေတ္တာတွေဖြင့်
အညို။
အမောင် _ စာအုပ်ထုတ်ခြင်း။
ကျွန်မ အခုတလော ဘာတွေရှုပ်လို့ ရှုပ်နေမှန်း မသိဘဲ ဒါလေးပြောဖို့ မေ့ကျန်ခဲ့လို့ရယ်။
• စာအုပ်က ထုတ်ဝေမှာလားဆို ထုတ်ဝေဖြစ်မှာပါ။ ပါဝင်မဲ့ တစ်ချို့ art တွေ ပြီးနေပြီမို့ပါ။
• ဘယ်တော့လဲဆိုရင် အတိအကျ မပြောနိုင်သေးပါဘူး။ ဒီနွေမကုန်ခင် ၊ မဟုတ် စိန်ပန်းရာသီကျ ထုတ်ဝေနိုင်ဖို့ ကြိုးစားပါ့မယ်ရှင့်။
• နောက်တစ်ချက်က အရင်လို တိုက်တွေက သေချာ support မလုပ်နိုင်တာမို့ ဒီကနေ ၊ ဒါမှမဟုတ် ကျွန်မ အသုံးပြုတဲ့ social media တွေကနေ အသိပေးသွားပါ့မယ်ရှင်။
အတိအကျရှိတဲ့အခါ အခုလိုမျိုး ထပ်ပြောပါမယ်။
(အညို)
အချစ်ရဲ့နွေရက်ကလေးလို..အဆုံးထိတစ်ခါတည်းဖတ်ချင်နေမိတယ်..အရမ်းကြိုက်လွန်းလို့
နွေရောက်ပြီဆိုတော့ နွေရဲ့ အငွေ့အသက်နဲ့အတူ အညာမြေကို အလည်တစ်ခေါက် သွားကြမလား။
coming soon ..
Both you and this user will be prevented from:
Note:
You will still be able to view each other's stories.
Select Reason:
Duration: 2 days
Reason: