A_Hlyan_Satt
နေ့ရက်တွေဟာ တိမ်ထူနေတာလား လျှပ်စီးလက်နေတာလားမသဲကွဲ
ငါဟာ လမ်းလျှောက်နေတာလား လမ်းပျောက်နေတာလားမသဲကွဲ
မေတ္တာတွေ ဘယ်စီနေမှန်းမသိ
ပြောင်းလဲခြင်းတွေကို ခံနိုင်ရည်မရှိတော့ ကျင့်သားရအောင် ကြိုးစားရတော့မလား
မေးခွန်းတွေဟာ အဖြေမှမရှိပဲလေ
အတတ်နိုင်ဆုံးစောင့်ဆိုင်းခြင်းရဲ့နောက်ဆုံးမှာ
ငါဟာ လောကကြီးထဲကနေ ပျောက်သွားသင့် မသွားသင့်
ဆုံးဖြတ်ချက် ချနိုင်ချိန်ရောက်လာမှာပါ
အဲ့အချိန် တိမ်တွေပြိုမလား မျက်ရည်ကြိုမလားပဲ