Abysstian
အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် Abysstian ပါ။
အရင်ဆုံး အားလုံးကို တောင်းပန်ချင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်ဖြတ်သန်းရတဲ့ ဘဝခရီးက အတော်လေး ကြမ်းတမ်းတာမလို့ ကျောင်းတက်ရင်း အလုပ်နှစ်ခုနဲ့ စာရေးဖို့အတွက် လုံးဝအချိန်မရှိဘူးဖြစ်နေခဲ့တာပါ။ အားလုံး update မျှော်နေကြတယ်ဆိုတာကို သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နားလည်ပါတယ်။
ဒါပေမယ့် ဝမ်းနည်းစွာနဲ့ပဲ ထပ်ပြီးတော့တောင်းပန်ပါရစေ။ 28.4.2025 ငလျင်မှာ ကျွန်တော့်အိမ်ကလေး ပြိုသွားပါတယ်။ ကျွန်တော်ရော မိသားစုရော ဘေးကင်းကြပေမယ့် ဆုံးရှုံးသွားတဲ့ အရာတွေအတွက် ပိုပြီး ကြိုးစားရမယ့် တာဝန်က ကျွန်တော်တို့ရဲ့ ပုခုံးပေါ် ကျရောက်လာပြန်တယ်။ စိတ်မကောင်းစွာနဲ့ပဲ အားလုံးကိုတောင်းပန်ပါတယ်။ author ဘဝကနေ ကျွန်တော်အပြီးသတ် အနားယူပါတော့မယ်။ မျှော်နေကြတဲ့သူတွေနဲ့ ကျွန်တော့ရဲ့ fictions တွေကို သဘောကြပေးကြတဲ့သူတွေ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။
လက်ရှိမှာ ကျွန်တော့ရဲ့ မပြီးသတ်သေးတဲ့ fiction တွေနဲ့ draft ရေးထားတာတွေကို မိမိidea ဖြင့် ဆက်ရေးပြီး publish လုပ်ချင်တယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်။ update တိုင်းကို ကျွန်တော် ပျော်ပျော်ကြီး စောင့်ဖတ်ချင်ပါတယ်။
နောက်ဆုံးအနေနဲ့ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ အားလုံးပဲ အန္တရာယ်ကင်းကြပါစေ။ အပူအပင်ကင်းကြပါစေ။
အားလုံးကို နှုတ်ဆတ်ပါတယ်။ ကျွန်တော် Abysstian ပါ။