Aeri-1485
#တွေဝေမှုလေးများ ရွေးချယ်ရမှာတွေရှိလာတဲ့အခါ ဘာကိုရွေးချယ်သင့်လဲ ကျွန်တော် တွေဝေရတယ်။ အနည်းငယ်အခက်တွေ့တာလေးတစ်ခုက ဝါသနာရယ်လို့ မည်မည်ရရ မရှိတာပဲ! ဘာမဆို သူများထက် နှာတစ်ဖျားသာနေချင်တဲ့စိတ်လေးကလည်း တွေဝေမှုကို အားပေးပါတယ် တကယ်တမ်းကျတော့လေ ကိုယ်ဖြစ်ချင်နေမှန်းမသိတာက တအား ဆိုးပါတယ်။ ဟိုသင်တန်းက ကိုယ်နဲ့သင့်တော်တယ်လို့ထင်ရင်တက်လိုက် ဒီသင်တန်းက ကိုယ်တက်ထားသင့်တယ်ဆိုပြီး တက်လိုက်နဲ့ certificateသုံးလေးခုတော့ လက်ထဲရှိပါပေါ့လား … အလုပ်ရယ်လို့ တစ်ခုမှမလုပ်ဖူးသလို အရမ်းကြီး အခြေခံကနေစဖို့ရာကျတော့လည်း အိမ်က သဘောတူမှာ မဟုတ်တဲ့အပြင် ကိုယ်လည်းriskလုပ်ဖို့ရာ မရဲဘူး ပြီးတော့ မတန်ဘူးလို့လည်းထင်နေတယ်။ အမတစ်ယောက်က သူနဲ့အတူ အလုပ်တူတူလိုက်လုပ်ဖို့ခေါ်တော့ ကိုယ်မငြင်းနိုင်ဘူး ဖြစ်သွားတယ်။ အဲ့မှာ တစ်လကို တရုတ်ငွေ သုံးထောင်နီးပါးလောက် (မြန်မာငွေခြောက်သိန်းလောက်) ရတယ်တဲ့ နဂိုတည်းက Chinaက ကိုယ့်dreamland ပါဆို အရမ်းကြီးကို အိပ်မက်ဆန်လွန်းတော့ တွေဝေမှုတွေများလာတယ်။ သူကပြောတယ် တရုတ်မှာ အခြေအနေတွေ ( COVID 19 ) ငြိမ်သွားရင် ပြန်မှာတဲ့ အဲ့ကျ လိုက်ချင်ရင် ခေါ်သွားပေးမယ်ပေါ့ အဲ့မှာ ကိုယ်တွေးမိတယ် အစက ကိုယ့်မြို့လေးမှာပဲ tour guideလေးလုပ်ပြီး မိဘနဲ့နေမယ်ပေါ့နော်… သင်တန်းက တက်နေဆဲပဲ တစ်ပြားမှ မရှာနိုင်သေးဘူး တက်ပြီးရင်လည်း အလုပ်က ဘယ်လိုလာမလဲ မသိဘူး ( မိုးကုတ်က ဧည့်ပိတ်ထားတယ် လောလောဆယ်) အဲ့တော့ လိုက်သွားရရင် ကောင်းမလား တွေးမိတယ် ငါလိုချင်တာ ဝင်ငွေလား အတတ်ပညာတစ်ခုခုလား စဉ်းစားမရဘူး ခုနေ လိုက်သွားရင် ( ကံကောင်းရင်) အလုပ်ရမယ် ပိုက်ဆံရမယ် သင်တန်းကတော့ တက်ပြီးတော့ certificateရလာတာပဲ ရှိမှာ မလိုက်သွားပဲ စိတ်ရှည်ရှည်နဲ့ အလုပ်ရတဲ့ထိစောင့်ပြီး ဒီမှာပဲ ကိုယ်တတ်တာလေးကို ကျွမ်းကျင်လာအောင် လုပ်ယူရင်တော့ အတတ်ပညာ တစ်ခုရလာမယ်ပေါ့ နှစ်ခုစလုံးကတော့ ကိုယ့်အတွက်လွယ်ကူမနေခဲ့ပါဘူး social interactionကောင်းကောင်းမရတဲ့ ကိုယ့်အတွက် challengeတွေချည်းပါပဲ လုပ်မယ့်လုပ်တော့ အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ချင်တယ် နောင်တရရမယ့်ဟာမျိုးလည်း မလုပ်မိချင်ဘူး… ပိုဆိုးတာက မိဘနှစ်ပါးက ကျန်းမာရေးတော့ အလတ်ကြီးရှိပေမယ့် ဒေါင်ဒေါင်မြည်ကျန်းမာတာမျိုးမဟုတ်တော့ စိတ်မချဘူးရယ်…