AkaryMay Dec 12, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal Ongoing လေးမဆိုးဘူး https://www.wattpad.com/story/386310023 View 0 more replies
AkaryMay Aug 10, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ Review Transmigration Novel လေးပါပဲ။ ကိုယ်က Uke အကြည်ဓာတ်လေးတွေအရမ်းကြိုက်တော့ ဒါလေးလည်းတစ်ထိုင်တည်းဖတ်ဖြစ်လိုက်တယ် ။ ကူးပြောင်းလာပြီး သူ့ကိုကြည့်မရတဲ့သူတွေအားလုံး အမြင်တွေပြောင်းပြီးချစ်သွားကြတာပါ။ သူကအမြောက်စာဇာတ်ကောင်လေးဆိုပေမယ့် ဇာတ်လိုက် shou လေးတောင်သူ့ကို ခုန်အုပ်ချင်တဲ့ထိ နွေးထွေးတဲ့ type လေးပါ။ ဆိုးဆိုးဝါးဝါး ကြာပန်းဖြူတို့ လရိပ်ဖြူတို့မပါတဲ့ရှားရှားပါးပါးလေး။ Slow Romance ကိုမှ shou က ကူးပြောင်းပြီးသိပ်မကြာဘူး Gong က ရှယ်သဝန်တိုပါတယ်။ Entertainment Circle ပါ ။ Shou က Strong ပြီးလည်း အရမ်းတော်တယ်။ အနုပညာ၊အချက်အပြုတ်၊လူမှုဆက်ဆံရေး အကုန်ကောင်းအဟိ၊ ထပ်ပြောရင် တစ်ပုဒ်လုံးပါတော့မယ် ဖတ်ကြည့်လိုက်ပါ 2 ပိုင်းလောက်ဖတ်ပြီး မရပ်လိုက်နဲ့ မှားမယ် (ကိုယ်တိုင်မှားခဲ့လို့) ။ Plot twist လေးတွေလည်းပါမယ်။ ကိုယ်ကတော့ ဒီလို MC Shou ဆိုတအားကြိုက်လို့ အဆုံးထိမျောသွားတာပဲ Fav ထဲကတစ်ပုဒ်ပါ #MReview View 0 more replies
AkaryMay Aug 07, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာစေ့စပ်ထားသူလေး Review ပါ ။ (Spoiler Alert ပါ) ပထမနှစ်ပိုင်းလောက်ဖတ်ပြီး သမရိုးကျ Plot လောက်ပါပဲ မကြိုက်ဘူးဆိုပြီး ကျော်ခဲ့တာတော်တော်ကြာပြီ။ လူကြိုက်လည်းများတော့ 5 ပိုင်းလောက်အရင်အောင့်ဖတ်ကြည့်မယ်ဆိုပြီးဖတ်လိုက်တာ လုံးဝမပျင်းရအောင်ဆွဲခေါ်သွားတော့တာပဲ။ ကိုယ်အကြိုက်ဆုံးအချက်ကလေ 1. Seme နဲ့ Uke ရဲ့ Relationship နှစ်ယောက်လုံးကမချစ်ပဲလက်ထပ်လိုက်တာပေမယ့် Gong ကလည်းကိုယ့်ဆီကအချစ်ကိုမမျှော်လင့်နဲ့လို့လွန်လွန်ကြူးကြူးသာပြောထားတာ သူတို့လင်လင်နှစ်ယောက်ကမချစ်သာမချစ်သေးတာ ကြားလူကိုဝင်လို့မရတာ ကြာပန်းဖြူကိုလည်းနှစ်ယောက်ပေါင်းဖြုတ်တာ၊ Gong ကလည်းအရမ်းကာကွယ်ပေးတယ်၊ Shou ကလည်း သူ့လူမျက်နှာအပျက်လုံးဝမခံဘူး ။ တစ်ခုခုဆိုသူ့လူသဝန်တိုတက်မှန်းသိလို့ သဝန်တိုရမယ့်အခြေနေမျိုးတွေမဖြစ်အောင်နေတယ်၊ဖြေရှင်းတယ်။ Fav ကတော့လေ အထင်လွဲစရာရှိရင်တောင် ဒီအချိန်ဒီနေရာမှာပဲပြီးတယ်။ချက်ချင်းချော့ကြတယ်။ မာနတစ်ခွဲသားနဲ့ မူမနေဘူး။ အိပ်ရာပေါ်လည်း လက်ထပ်ပြီးကတည်းကချက်ချင်းတက်တာနော် (ပါးစပ်ကထုတ်မပြောပေမယ့် ဖောက်ပြန်တာမျိုးမရှိရင် မချစ်လည်းတစ်သက်လုံးအတူရှိသွားမယ် ဆိုတဲ့စိတ်ဓာတ်ရှိတဲ့သူနှစ်ယောက်မို့ပါ) 2. Shou ရဲ့ Strong နေမှု နဲ့စိတ်ထား Fair ဖြစ်မှု Shou က Strong သလို စိတ်ထားလည်းအရမ်းကောင်းတယ်။ အဘက်ဘက်ကလည်းအရမ်းတော်တာရယ်။ အကြိုက်ဆုံးက ကလေးပြုစုပျိုးထောင်ပုံလေးတွေသူ့ဆီကအများကြီးသင်ယူခဲ့ရတယ် ။ အားအရဆုံး ၊အချစ်ရဆုံး၊အကြည်ဓာတ်အရှိဆုံး လေးပဲ။ အများကြီးကြူးချင်ပေမယ့် တစ်ပုဒ်လုံး Spoil မိမှာစိုးလို့ထိန်းထားတာ ရိုရိုချိုချို Sweet တာကိုမှ ပျင်းစရာလုံးဝမကောင်းပဲ Drama ပေါင်းစုံ၊Face Slapping ၊ ပျော်ရွှင်ဖွယ်မိသားစု၊တစ်ယောက်နဲ့တစ်ယောက်သူပိုချစ်တယ်၊ငါပိုချစ်တယ်ဆိုတာမျိုးမရှိတဲ့ မျှတတဲ့ နှစ်ယောက်ကိုဗဟိုပြုလည်ပတ်နေတဲ့ချစ်ခြင်းတရားကိုဖတ်ချင်ရင် ဒါလေးဖတ်ဖို့ recommend ပေးပါတယ်။ကိုယ်အချစ်ဆုံးအာသာ Lin Ang Si ကိုစသိခဲ့တဲ့ Novel လေးလည်းဖြစ်ပါတယ်။ Trans ပေးတဲ့ သာသာကလည်းအရမ်းအရေးသားကောင်းပါတယ်။ #MReview ကိုယ်ကြီးပဲဖတ်စရာတောင်းနေရတာမျိုးမဖြစ်အောင် ပြန်ပြီး Recommend လည်းလုပ်ပေးပါမယ် View 0 more replies