
Alvina-2002
အို...သိပ်ကို ရယ်စရာကောင်းတဲ့တို့နှစ်ယောက်...။ နှစ်ယောက်တွဲအတူရိုက်ထားတဲ့ဓာတ်ပုံလေး တစ်ပုံတောင်မရှိတဲ့တို့နှစ်ယောက်ဟာ ကြိုးတစ်ချောင်းရဲ့အတူရစ်ပတ်ခြင်းကိုခံလိုက် ရတယ်...။သူဖြတ်ဖို့ကြိုးစားနေချိန်မှာကိုယ်က ကြိုးပြန်ထုံးနေခဲ့မိတာလား? ဒါမှမဟုတ် ကိုယ်နဲ့အတူ ကြိုးထုံးလေးကိုဆက် နေတာလားဆိုတာကိုတောင်မမြင်ရလောက် အောင် ရစ်ပတ်ထားတာများ ကိုယ်တို့နှစ်ယောက် ကိုတစ်ယောက်နဲ့တစ်ယောက်ကျောခိုင်းလျက် အနေအထားနဲ့...။ ကိုယ်မမြင်ရတဲ့နောက်ကွယ်မှာကြိုးထုံးကိုပြန်ဆက်နေသည်လား...? ဖြတ်နေသည်လား မသဲကွဲတဲ့ အခြေအနေမှာ ကြိုးရဲ့လျော့ကျလာမှုကို ခံစားသိရှိပြီးနောက် ကိုယ်တိုင်ပဲ ဤကြိုးထုံးများကို ပြန်ဖြည်ချလိုက်လေပြီ...။