Amyty7823 Jun 03, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal Hello ဒီမှာရေးတဲ့စာတော်"များ"က လက်တွေ့မှာ ဖြစ်ခြဲတာလေးတွေကို အခြေခဲပြီး အတိုချုပ်ရေးသားထားတာ ဖြစ်ပါတယ်။ နောက်လည်းရေးဖို့ရှိပါတယ်။ ပုံမှန်ရေးသားသလို့ မဟုတ်ပဲနဲ့ ကိုယ့်ရွေးချင်တာလေးတွေ ခံစားချက်တွေကို စာအုပ်ထဲရေးချ သလို့မျိုးပဲ ရေးသွားပါမယ်ရှင့်.... View 0 more replies
Amyty7823 Aug 08, 2023 Report CommentLink to CommentCode of ConductWattpad Safety Portal တောင်းပန်ခြင်းက အကျုံးမဝင်ဘူး… ပြောရရင်ကျွန်တော်က တောင်းပန်ခံရတာသိပ်ကြိုက်တဲ့လူတော့မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ကျွန်တော့်ကိုတောင်းပန်တယ်ဆိုရင်လည်း အစကတည်းကတောင်းပန်ရမယ့်ကိစ္စမျိုးကို မလုပ်ပါနဲ့လားလို့ ပြန်ပြောမယ့်လူပါ။ သာမာန်အခြေအနေတွေမှာပြောတဲ့ အားနာပါတယ်တို့ sorryနော်ဆိုတာမျိုးကတော့ နေ့စဉ် accidentလေးတွေမှာ သုံးတဲ့ စကားပါပဲ ဒါကိုကလက်ခံလို့ရပါတယ်။ အားနာပါတယ်ဗျာ sorryနော်တို့ပေါ့။ ဘဝမှာတော်တော်များများကြားခံရတဲ့တောင်းပန်ခြင်းတွေက ခံပြင်းစရာ၊ခွင့်မလွှတ်စရာ၊ပြန်အကောင်းမဖြစ်နိုင်တော့တဲ့ ဒဏ်ရာအနာတရတွေအတွက်ပဲဖြစ်နေခဲ့တယ်။ အဲ့အချိန်တိုင်း တောင်းပန်ပါတယ်ဆိုတဲ့စကားထက် ငါ့ပါးကိုရိုက်သွားတာကမှ ပိုပြီး ကောင်းဦးမယ်လို့အမြဲတွေးမိတယ်။ လူတွေဟာ နာကျင်အောင်လုပ်ကြတယ် မလုပ်သင့်တဲ့ကိစ္စတွေကိုလုပ်ခဲ့ကြတယ်ပြီးမှ တောင်းပန်ကြတယ်။အဲ့အချိန်မှာကျွန်တော်တို့ရဲ့စိတ်တွေက နာကျင်ပြီးသွားပြီ ဒဏ်ရာရပြီးသွားပြီ တောင်းပန်ပါတယ်ဆိုတဲ့စကားကအဲ့ဒဏ်ရာကိုပြန်မကုသပေးနိုင်တော့ဘူး ။ တောင်းပန်တယ်ဆိုတာ လုပ်ခဲ့တဲ့လူဘက်က အသက်ရှူချောင်ဖို့ထွက်ပေါက်လေးအနေနဲ့ပြောတဲ့စကားတစ်ခွန်းသာသာပါပဲ။ ခံရတဲ့လူကတော့ ခံလည်းခံစားခဲ့ရတဲ့အပြင် တောင်းပန်ပါတယ်လို့ပြောနေပြီမို့ ခွင့်လွှတ်ပေးရတော့မယ့်ဖိအားကိုပါ ထပ်ရလိုက်သလိုပါပဲ။ အစကတည်းက တောင်းပန်ရမယ့်ကိစ္စမျိုးကို မလုပ်ဘဲနေခဲ့သင်တာပေါ့။ ကျွန်တော့်ဘဝမှာတောင်းပန်ရမယ့်ကိစ္စမျိုးကိုမလုပ်ဖြစ်အောင်နေတယ်။လုပ်ဖြစ်ခဲ့ရင်လည်း တောင်းပန်ပြီးခွင့်လွှတ်မှုကိုမတောင်းတော့ဘူး ဒီအတိုင်းနာကျည်းလိုက် မုန်းတီးလိုက် ရွံရှာနေလိုက်ဆိုပြီး ခွင့်ပြုပေးထားလိုက်မှာပါ။ #Nayvel View 0 more replies