Arize-zon3333
ကျနော် စာတွေ အကုန်လုံး unpublished လုပ်လိုက်ပါပြီ
အကြောင်းပြချက်ကတော့ကျွန်နော်ကျောင်းတက်လို့ပါ
ဘယ်သူမှ CDMမလုပ်တဲ့အာသာရဲ့စာကိုဖတ်ချင်မယ်လို့မထင်ပါဘူး
ကျနော်က နာမည်ကြီးအာသာလည်းမဟုတ်ပေမဲ့ စာရေးရတာကိုတကယ်နှစ်သက်ပါတယ်
စာရေးတာနဲ့စာဖတ်တာကကျွန်နော့်ဘဝရဲ့သီးသန့်ဇုန်ဖြစ်ပြီး ကျနော့်ရဲ့ထွက်ပေါက်တစ်ခုဆိုလည်းမမှားပါဘူး
ကျွန်နော် ဖန်တီးတဲ့ အိမ်မက်ကမ်ဘာငယ်လေးတွေကိုတကယ်နှစ်သက်ပါတယ်
ကျနော်က စစ်တပ်အသိုင်းအဝိုင်းကပါ
သို့ပေမဲ့ အမှားအမှန်သိတာမို့တော်လှန်ရေးမှာပါခဲ့ပါတယ်
ဒါမဲ့ ကြီးကြီးမားမား မsupportနိုင်ခဲ့ပါဘူး
Miss Universe ဟောင်းရွှေစင်ထက်ပြောသလိုပဲ ကျွန်နော် လုပ်လိုက်လို့ မိဘတွေတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့စကားလိုပဲ
ကိုယ်ချင်းမစာတာမဟုတ်ပါဘူး
တခြားလူတွေလည်းမိဘမောင်နှမစည်းစိမ်ပညာရေးအသက်တွေအကုန်စွန့်လွှတ်ခဲ့ရတယ်
ဒါပေမဲ့ ကျွန်နော်ကတော့ ဝန်ခံပါတယ် မိဘတွေနဲ့ရင်းရဲလောက်တဲ့ထိသတ္တိမရှိဘူး
ကျနော်က နှစ်ဖက်လုံးကြောက်နေရတဲ့အဖြစ်မျိုးနေရတာပါ
ကျနော့်ကြောင့်မိဘတွေတစ်ခုခုဖြစ်မှာစိုးလို့ တော်လှန်ရေးလည်းထင်ထင်ပေါ်ပေါ်မပါရဲ
ကိုယ်ကအဲ့အသိုင်းအဝိုင်နေပြီးအဲ့အသိုင်းအဝိုင်းကိုဆန့်ကျင်လိုအဲ့အသိုင်းအဝိုင်းကိုကြောက်ရတာကတစ်မျိုး
အပြင်ထွက်ရင် အဲ့အသိုင်းအဝိုင်းကလူမို့စောင့်ကြည့်ခံရတာကတစ်မျိုး နှစ်ဖက်လုံး ကြောက်နေရတာ
ပြောရရင်လည်း NUGဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကျွန်နော်မယုံဘူး
အစတည်းကဘယ်အစိုးရတက်တက်ကျွန်တော်နေတဲ့အသိုင်းအဝိုင်းကမပြောင်းလဲလို့ ကျွန်နော့်အတွက်ဘယ်အစိုးရတက်တက်ထောက်လည်းမထောက်ခံသလိုဆန့်လည်းမဆန့်ကျင်ခဲ့ဘူး
ဒါမဲ့ အာဏာရှင်ဆန်တဲ့အစိုးကိုတော့လုံးဝကန့်ကွက်တယ်
ကျွန်နော်က အဲ့အသိုင်းအဝိုင်းမှာနေလာတာအာဏာရှင်ဆိုတာပိုသိတယ်
အမှန်အတိုင်း ပြောရရင် ငယ်ငယ်တည်းက brainwashခံရတာမို့ အခုအားလုံးအမှန်သိသွားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်လို့ပဲခေါ်လို့ရတယ် အမေစုလို့လုံးဝခေါ်လို့မရဘူး လေးစားတယ် ဒါမဲ့ မချစ်ဘူး ကျွန်နော့်အတွက်အရမ်းစိမ်းသက်တယ်
ဘာပဲဖြစ်ဖြစ် ကျောင်းတက်နေတုန်း၁ပိုင်း၂ပိုင်းရေးခဲ့မိတဲ့အတွက်တောင်းပန်ပါတယ် အကုန်unလိုက်ပါ့မယ်
ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေရောထွေးနေတဲ့တိုတောင်းလှတဲ့ဘဝမှာသတ္တိကြောင်သူဖြစ်နေခဲ့လို့တောင်းပန်ပါတယ်