Fic တွေဖတ်ရင်းနဲ့ အရမ်းပြောပြချင်တာတွေ ..
ဖတ်သမျှ fiction တိုင်းနီးပါး (အကုန်လုံး မဟုတ်) ထည့်ရေးလေ့ရှိတဲ့ plot တွေနဲ့ ပြင်ပေးချင်တဲ့ အကြောင်းရာတွေ
1. CEO တိုင်းက ပိုင်ရှင်မဟုတ်ပါ။ Private Company တွေမှာတော့ CEO သည် ပိုင်ရှင် ဖြစ်နိုင်ပါသည်။ Public company မှာတော့ CEO ဟာ share တစ်စိပ်တစ်ပိုင်းမျှသာ ပိုင်တဲ့သူ ဒါမှမဟုတ် ဘာ share မှ မပိုင်ဆိုင်သောသူပါ။
2. CEO ဟာ သူ့ professional ကိစ္စမဟုတ်တဲ့ စာရင်းတွေကို ညမိုးချုပ်တဲ့ထိ ထိုင်မလုပ်ပါ။ Finance Department က သက်ဆိုင်ရာ Accountant များကသာ စာရင်းများလုပ်ပါတယ်။ သက်ဆိုင်ရာ Manager, GM, တို့က Finance Department က ထွက်လာတဲ့ report ကို စစ်ပါတယ်။ CEO က အဲ့ report ကို general ပဲကြည့်ပြီး လက်မှတ်ထိုးကြပါတယ်။ မသင်္ကာစရာတွေ့ရင် ကိစ္စရပ်ပေါ်မူတည်ပြီး audit အပ်တာ သို့မဟုတ် CFO ကို ရှင်းခိုင်းပါတယ်။
3. Share holder လို့ခေါ်တဲ့ ရှယ်ယာရှင်များသည် CEO ရဲ့ လက်အောက်က မဟုတ်သလို အစည်းဝေးတိုင်းလည်း မတက်ကြပါ။ AGM လို့ခေါ်တဲ့ Annual General Meeting ရယ်၊ Voting ကိစ္စမျိုး ကြီးမားတဲ့ အပြောင်းလဲ ကိစ္စရပ်တွေကျမှသာ meeting လာကြပါတယ်။
စာလုံးရေ limit ကျော်နေလို့ ၂ ပိုင်းခွဲပြီးပြောလိုက်ပါတယ်။