Hello, အားလိပါ ။
ပြောရမှာသတင်းကောင်းမဟုတ်တော့ အများကြီးမပြောချင်ဘူးကွယ် ။ အားလိ တို့ဘက်မှာ မီးမရတာ တစ်လကျော်ရှိပြီ ။ နောက်ပြီးမငြိမ်းချမ်းတဲ့နေရာလဲဖြစ်နေတော့ တော်တော်ကိုအဆင်မပြေတာပါ ။
အားလိ Social Brake လုပ်ထားတာလည်းအရမ်းကြာပါပြီ ။ ရှောင်ရတိမ်းရတာတွေလဲရှိတော့ ဖုန်းကမကိုင်ဖြစ်သလောက်ပါဘဲ ။ ဒါကြောင့် Dark City ကိုလောလောဆယ်မတင်ဖြစ်သေးပါဘူး ။ ကိုယ့်ဘက်မှာတကယ်ကိုအဆင်မပြေတဲ့အခြေနေမို့ နားလည်ပေးပါလို့ဘဲပြောချင်ပါတယ် ။
Dark City က အစအဆုံး ပြီးပြီးသားဆိုပေမယ့် ဇာတ်ကွက်ချော်နေတာတွေ စာလုံးအသုံးနှုန်းမမှန်တာတွေကို ပြန်စစ်တာ ၊ ပြန်ပြင်တာတွေလုပ်နေတာပါ ။ အစကတော့ အကုန်ပြင်ပြီးမှ တင်ပေးဖို့လုပ်ထားပေမယ့် အငယ်လေးတစ်ချို့က တစ်ပိုင်းချင်းတင်လဲရပါတယ်ဆိုလို့ တင်ပေးဖြစ်တာ ။
ကဲအခု အငယ်လေးတို့ဆုံးဖြတ်ပါ ။ Dark City ကို ဒီတိုင်းထား ထားပြီး အားလိ အချိန်နဲနဲရတာနဲ့ တစ်ပိုင်းစီဆက်တင်ပေးရမလား ။ ဒါမှမဟုတ် လောလောဆယ် un ထားပြီးတော့ အခြေနေတွေငြိမ်သွားတဲ့အခါကျမှ ပြန်တင်ပေးရမလား ။ ဆုံးဖြတ်လိုက်ကြပါနော်