Hello! ဘာလိုလိုနဲ့ Wattpadကို ပစ်ထားခဲ့လိုက်တာ ၂နှစ်တောင် ကျော်ခဲ့ပြီနော်။ အားလုံး မေ့နေကြပြီလည်း ထင်ပါတယ်။ တိုင်းပြည်အခြေအနေတွေကြောင့်ရော၊ ရောဂါတွေကြောင့်ရော စိတ်ဓါတ်ကျနေရတဲ့ ကာလကြီးမှာ တချိန်က ရင်းနှီးခဲ့ရတဲ့ wattpad readerလေးတွေကို သတိရလာလို့ပါ။
မေ့သွားလောက်ပြီမလို့ ကိုယ့်ကိုယ်ကို ပြန်မိတ်ဆက်ရဦးမယ်။ ကျမက Did I scare her? (CB fic), ကျနော့်ရဲ့စွာတေး (CS fic), ဘယ်တော့မှ မပြီးပြတ်နိုင်သေးတဲ့ Die in your arms (CKS Fic) ရေးခဲ့တဲ့ သူကြီးပါ။ ကလောင်နာမည် အမျိုးမျိုး ပြောင်းနေသူမလို့ ဘယ်နာမည်ပြောရမလဲ မသိတော့တာမလို့ ခုအနေနဲ့ဆို Aura လို့ မိတ်ဆက်ပါရစေ။
နှစ်ချီပြီးနောက်ပိုင်း ကိုယ့်လက်ရာတွေကို ပြန်ဖတ်ကြည့်တဲ့အခါ လိုအပ်နေတာတွေ အများကြီးတွေ့ရပါတယ်။ အဲဒါတွေလည်းပြင်ဆင်ရင်း Zawgyi to Unicodeလည်း ပြောင်းရင်း Ficတွေကို ဆက်ရေးသွားမှာမလို့ အချစ်မပြတ်ဘဲ ဖတ်ပေးကြပါဦးနော်။ ဒီအခြေအနေကြီးမှာ နည်းနည်းလေးဖြစ်ဖြစ် စာဖတ်သူစိတ်ထဲ entertainဖြစ်ရင် အပန်းပြေရရင် စိတ်သက်သာရာ စိတ်ထွက်ပေါက်ဖြစ်ရရင် အရမ်းကျေနပ်မိမှာပါ။