Authorthu
စိတ်ဝင်စားဖို့ကောင်းမယ်ထင်တဲ့ ကျွန်တော် အကြောင်းလေးတစ်ခု ကျွန်တော်ပြောပြချင်တယ်။ကျွန်တော်မှာ ချစ်သူရှိတယ်။သူနဲ့ကျွန်တော် ချစ်သူ ဖြစ်တာ ၂နှစ်ပြည့်တော့မယ်။သူနဲ့ကျွန်တော် လူမျိုး,ဘာသာချင်းမတူကြဘူး။သူက ကျွန်တော် crush ပါ။သူ ကျွန်တော်ကို ဖွင့်ပြောလာတယ်။သိပ်မကြာဘူး ကျွန်တော် သူကို အဖြေပြန်ပေးလိုက်တယ်။ကျွန်တော်တို့ ချစ်သူတွေ ဖြစ်လာခဲ့တယ်။သူကျွန်တော်ကို အရမ်းဂရုစိုက်တယ်။အရမ်းလည်း ချစ်ပြတယ်။ကျွန်တော် သူကို ပိုချစ်လာရုံသာမကဘူး ။ ကျွန်တော်သူကို သံယောဇဉ် ပါ ရှိလာခဲ့တယ်။နောက်ပိုင်းသူပုံစံတွေ ပြောင်းလာတယ်။ကျွန်တော် သူကို အရမ်းယုံကြည်တာ ။ ဘယ်လောက်ထိ ယုံကြည်လဲဆိုရင် ကျွန်တော် ထက်တောင် ကျွန်တော် သူကို ပိုယုံတယ်။သူ ကျွန်တော် ကို ဆက်ဆံပုံတွေ ပြောင်းလာတယ်။ကျွန်တော်ငိုမှာသေအောင်ကြောက်တဲ့သူက ကျွန်တော် ငိုရုံမကလို့ ဘာဖြစ်ဖြစ် သူက အေးဆေးပဲ။သူကျွန်တော်ကို နှိပ်စက်တယ်။သူနားက ထွက်သွားဖို့ သူကျွန်တော်ကို ပုံမျိုးပြောတယ်။မျိုးစုံလည်း လုပ်တယ်။ကျွန်တော် ထွက်မသွားခဲ့ဘူး။ထွက်လည်း မသွားနိုင်ဘူး။သူ ဒီလိုမျိုးတွေ ကျွန်တော်အပေါ် လုပ်နေတာကိုး ကျွန်တော် ထင်တာက သူနဲ့ကျွန်တော် ဘာသာ မတူလို့ သူဒီလိုတွေ လုပ်နေတယ် ထင်ခဲ့တာ။ တကယ်တော့ မဟုတ်ဘူး ဗျာ။သူကောင်မလေး အသစ်ထပ်ထားနေတာ။အဲ့ကောင်မလေးက သူနဲ့ဘာသာချင်းတူတယ်။ကျွန်တော်တို့ထက်တော့ ငယ်တယ်။ကျွန်တော် အရမ်း ယူကြုံးမရတွေ ဖြစ်မိတယ်။ကျွန်တော်အပေါ် လုပ်ရက်လေခြင်းဆိုပြီး။အဲ့ကောင်မလေးက ကျွန်တော်တို့ နှစ်ယောက်ချစ်သူတွေ ဆိုတာလည်း သိတယ်။ကျွန်တော် တို့၂ယောက်ကို တမင်ပြတ်အောင် မျိုးစုံ လုပ်တယ်။ကျွန်တော် ကောင်လေး ကို မျိုးစုံမြောက်ပေးတယ်။ကျွန်တော် အဲ့အကြောင်းတွေ ဘာဆို ဘာမှမသိခဲ့ရဘူး။၂၀၁၈.၁၂လပိုင်းကနေ ၅လပိုင်း၁၀ရက်နေ့ထိ ကျွန်တော်ကောင်လေးနဲ့အဲ့ကောင်မလေး တွဲနေခဲ့တာတွေဘာမှမသိခဲ့ဘူး။ကျွန်တော့ သိတာ ထင်တာက ဘာသာချင်း မတူလို့ ကျွန်တော်ကောင်လေး ကျွန်တော်အပေါ်ပြောင်းလဲနေတာ။ဒါပေမဲ့ ကျွန်တော် ထင်သလို မဟုတ်ခဲ့ဘူး။သူက ချစ်သူ အသစ်ထပ်ရနေခဲ့တာ။ Author Thu
Authorthu
@Authorthu ကျွန်တော် ကြိုးစားကြည့်ပြီးပြီ သူမရှိပဲ ကျွန်တော် ဆက်မနေနိုင်ဘူး။ကျွန်တော် သူအတွက် တော်တော်များများလည်း စွန့်လွှတ်ပြီးပြီ ။ ဘာပေးဆပ်ရ ပေးဆပ်ရ ဆက်ပြီး တွယ်ကပ်ချင်မိတယ်။ကျွန်တော် နာကျင်တယ်။ပင်ပန်းတယ်။ဒါပေမဲ့ သူအနားက ကျွန်တော် မထွက်သွားနိုင်သလို သူကိုလည်း မနှင်ရက်ဘူး ဖြစ်နေတယ်။အကြံပေးတာ ကျေးဇူးပါပဲ။
•
الرد
NnoNno4
@Authorthu ဘယ်လိုနှစ်သိမ့်ပေးရမလဲတောင်မသိတော့ဘူး အကြံပေးလို့ရမယ်ဆိုရင်လေ ကိုယ့်အပေါ်ကိုမခင်တွယ်တော့တဲ့သူမျိုးကို လက်လွှတ်နိုင်အောင်ကြိုးစားပါနော်
•
الرد