Azuranabi

Miss you guys:(

Azuranabi

ငလျင်ကြောင့် လိုင်းတွေလည်းကျတယ်။မီးတွေလည်းပျက်တယ်။အဲ့တာထက် အသက်အိုးအိမ်တွေ၊အမွေအနှစ်တွေအများကြီးဆုံးရှုံးလိုက်ရတယ်။ရင်နင့်စရာတွေ၊ဖြေမဆည်မှုတွေ ကြားထဲမှာ မမီရဲ့စာဖတ်သူလေးတွေကို ဘေးရန်အထပ်ထပ်ကင်းပြီး လုံခြုံနေစေချင်ပါတယ်။လိုင်းတွေပျက်တာကြောင့် မမီနဲ့အဆက်အသွယ်ဖြစ်ဖို့အခက်အခဲ ရှိလောက်ပေမယ့် ကျေးဇူးပြုပြီး လုံခြုံနေပေးပါ။ဘာမှလုပ်မပေးနိုင်တဲ့အတွက်လည်း အများကြီး အများကြီး တောင်းပန်ပါတယ်။အများကြီးတောင်းပန်တာမို့ ကျေးဇူးပြုပြီး ဘေးကင်းနေပေးပါ...ဘေးကင်းနေပေးကြပါ...ကျေးဇူးပြုပြီးတော့...ဘေးကင်းကြပါစေ...။

Azuranabi

စာဖတ်သူတို့ရေ...။
          မမီကတိုက်ကရိုက်ပြေးလာတာပါ။
          ငလျင်လှုပ်သွားပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာလို့ပြောလို့ရလောက်အောင်လှုပ်တာဆိုတော့ စာဖတ်သူတို့ဘက်မှာရောအဆင်ပြေကြရဲ့လားဟင်။အချို့ဒေသတွေမှာအပျက်အစီးတွေလည်းများကြတယ်။မမီတို့ဘက်ကတော့ အပျက်အစီးသိပ်မရှိပါဘူး။အဆင်ပြေကြရဲ့လား မီ့စာဖတ်သူတွေရေ။အဆင်ပြေတယ်မဟုတ်လားဟင်..။

Azuranabi

အပိုင်းသစ်တင်ရမှာကို စာရိုက်ဖို့ပျင်းနေလို့ ဒီအမိုက်မကို တစ်ယောက်တစ်ခွန်းဆီလောက်၀င်ဆူသွားကြပါဦး-_-""

kangseorim_nyo

@Azuranabi တုတ်ကောက်လာခဲ့
Reply

Azuranabi

My wedeliaကအပိုင်းတွေ လွဲနေတယ်ရော။အပိုင်းတပ်ပေးထားတဲ့အတိုင်းလေးပဲ အစဉ်လိုက်ရှာဖတ်ပေးကြပါနော။လိုအပ်ချက်များကိုနားလည်ပေးတဲ့အတွက် အစဉ်ကျေးဇူးတင်လျက်...။
          
                                                                 Mi
          -myth of a daisy-

Azuranabi

စာဖတ်သူလေးတို့ရေ...။
          မီ ပါ။
          မမီအခုမှ My wedelia ကိုအပိုင်းတွေပြန်စစ်မိတယ်။အဲ့တော့တလွဲတွေဖြစ်နေတာကို ခုမှပဲသိပါတော့တယ်:(။တကယ်တော့အပိုင်းအစဉ်လိုက်ကဒီလိုလာမှာပါ။
          
          -My wedelia
          -1
          -2
          -3
          -4
          -5
          -6
          
          အဆင်ပြေသလို အပိုင်းလေးတွေကိုခုပြထားတဲ့အတိုင်းရှာပြီးဖတ်ကြပါနော်။တလွဲတွေအတွက် မမိတောင်းပန်ပါတယ်။
                                                                      Mi
          -myth of a daisy-

Azuranabi

မင်္ဂလာပါ။
          ကျွန်မ စာရေးသူမီပါ။
          ကျွန်မဒီနေ့ပေါ်လာရတဲ့အကြောင်းအရင်းကတော့ စာဖတ်သူတွေကို တောင်းပန်ချင်လို့ပဲဖြစ်ပါတယ်။ဒီရပ်၀န်းကိုပြန်ခြေချပြီး အတတ်နိုင်ဆုံးupdateမှန်မှန်လုပ်ပေးချင်တာဟာ ကျွန်မရဲ့အရိုးသားဆုံးစိတ်ရင်းအမှန်ပါ။ဒါပေမယ့် မတတ်သာတဲ့အခြေအနေတွေကြားမှာ အလုပ်တွေလည်းအများကြီးရှုပ်ခဲ့ရပြီး ကျန်းမာရေးကြောင့် ဒီကြားထဲမှာအနားယူလိုက်ရတဲ့ရက်တွေရှိခဲ့တာမို့ Storyသစ်ဖြစ်တဲ့"My Wedelia"ကို ဘယ်လိုနည်းနဲ့မှ updateမမှန်နိုင်ခဲ့တာဟာ ကျွန်မရဲ့စာဖတ်သူတွေအပေါ် ကြီးမားတဲ့တာ၀န်မကျေမှုကြီးဖြစ်ခဲ့ပါတယ်။readerအရမ်းမများပေမယ့် အနည်းငယ်ရှိတဲ့စာဖတ်သူတွေအပေါ်မှာ အလေးမထားတာမျိုးလုံး၀မဟုတ်ရတာ ကျွန်မရဲ့စိတ်ရင်းပါ။အဲ့အတွက် ကျွန်မတောင်းပန်ပါတယ်။
          
          "My Wedelia"ကို ပြန်တင်မယ့်ရက်ကတော့ သီတင်းကျွတ်ပိတ်ရက်တွေဆီမှာ ဖြစ်လောက်ပါတယ်။အပိုင်းသစ်လာဖို့အနည်းငယ်ကြာဦးမှာမို့ စာဖတ်သူတွေကျွန်မရဲ့ "wedelia" လေးကိုပစ်ပယ်လိုက်မှာ ကျွန်မစိုးရိမ်မိပါတယ်။အ၀ါရောင်ပန်းတွေပျိုးဦးမယ့် အပြာရောင်ရပ်၀န်းမှာ ခေတ္တနားခိုလှည့်ကြပါဦးရှင်။
          
          နောက်ဆုံးအနေနဲ့မေတ္တာရပ်ခံချင်တာကတော့ အမျိုးမျိုးသောနိုင်ငံရေးအခြေအနေတွေ၊ရာသီဥတုအခြေအနေတွေကြားမှာ ကျွန်မရဲ့စာဖတ်သူလေးတွေ ဘေးကင်းလုံခြုံဖို့ပါ။ဖြစ်နိုင်မယ်သာဆို တစ်ဦးတစ်ယောက်ချင်းစီကို ကျွန်မရဲ့မျက်စိရှေ့အောက်မှာ ခေါ်ထားပြီးဂရုစိုက်ပေးချင်တာ မုသားမပါတဲ့ စိတ်ရင်းအမှန်ပါ။ဒါပေမယ့် ကျွန်မနဲ့ ကျွန်မရဲ့စာဖတ်သူလေးတွေက ဖုန်းscreenကနေတဆင့် စာလုံးတွေနဲ့ဆက်သွယ်နေရသူတွေဆိုတော့ မမြင်ကွယ်ရာအဝေးရပ်ကနေပဲ ကျွန်မရဲ့မေတ္တာတွေကို စာဖတ်သူလေးတွေဆီပို့သအပ်ပါတယ်။ဘေးကင်းလုံခြုံကြပါစေရှင်။
          
          အင်တာနက်လိုင်းအခက်အခဲတွေကြောင့် ဖုန်းသုံးဖို့အခက်အခဲရှိနေကြသူတွေလည်း ကျွန်မရဲ့စာဖတ်သူလေးတွေထဲမှာရှိလောက်ပါမယ်။သို့သော် ဒီစာလေးကိုမြင်တဲ့သူတွေသည် 'ငါ့ကိုအဝေးတစ်ရပ်ကနေနက်နက်နဲနဲစိတ်ပူပေးနေတဲ့သူရှိပါလား' ဆိုတာလေးကိုသိပေးလှည့်ပါရှင်။ဂရုစိုက်လှည့်ပါ။ဘေးကင်းစေချင်ပါတယ်။
          
          ကျွန်မ စာရေးသူမီပါ။
          
                                                                          မီ
          -myth of a daisy-

Azuranabi

Updateတင်လိုက်တိုင်း vote ပေးတဲ့စာဖတ်သူလေးတွေကိုလေ ကျေးဇူးတင်လွန်းပါတယ်။တကယ်....အပြင်မှာတွေ့မှ မမီမုန့်၀ယ်ကျွေးမယ်။