Bai_he

မတွေ့တာအရမ်းကိုကြာသွားခဲ့ပြီနော်။
          	
          	တစ်ခါမှအလှူမခံဖူးပေမဲ့ ဒီတစ်ခါတော့ အခက်အခဲတွေကြားမှာ အားလုံးနဲ့အတူအလှူရေစက်လေးပါချင်တာကြောင့် အလှူခံပါရစေရှင်။
          	
          	ဒီလိုခေတ်ပျက်ကြီးမှာ အထိခိုက်အနစ်နာဆုံးက လက်လုပ်လက်စားအောက်ခြေလူတန်းစားတွေပါပဲ။ဒါကြောင့်စစ်ဘေးရှောင်ပြည်သူတွေအတွက်ရော၊ခုချိန်မှာ ခက်ခဲနေတဲ့ ပြည်သူတွေကို လှူဒါန်းမှာဖြစ်ပါတယ်။
          	
          	အမတတ်စွမ်းတာက စာမျက်နှာပေါ်က စာလုံးတွေပဲရှိတာကြောင့်
          	အလှူငွေ ၆၀၀၀ကျပ်နဲ့ အထက်လှူဒါန်းတဲ့သူတွေကိုတော့ မေတ္တာလက်ဆောင်အနေနဲ့ ကိုယ်နှစ်သက်ရာလိုချင်တဲ့ plot နဲ့စာလုံးရေ ၅၀၀၀ကျော် ပါတဲ့ one shot လေးတွေ ကို PDF file လေးတွေနဲ့ပြန်ပေးမှာပါ။ 
          	
          	ကြာချိန်ကတော့ ၁၀ရက်ပါ။ 
          	
          	အမစိတ်ရှိတိုင်းသာဆို လှူဒါန်းတဲ့ကလေးတွေအားလုံးကို ရေးပေးချင်ပေမဲ့ အလုပ်တစ်ဖက်နဲ့မို့ အချိန်မလုံလောက်ငတာကြောင့် ကန့်သတ်လိုက်ရတာပါပဲ။ ကျန်တဲ့ကလေးတွေကိုလဲ အမပါဝင်ထားတဲ့ 11:11 စာအုပ်မဲဖောက်ပေးဦးမှာပါ။ အဓိကက ဒီအရေးတော်ပုံကြီးမှာ တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ အလှူလေးတစ်ခုဖြစ်မြောက်သွားဖို့သာ ရည်ရွယ်ထားတာဖြစ်လို့ သဒ္ဓါတရားနည်းများမဆို ပါဝင်စေချင်ပါတယ်ရှင်
          	
          	Kpay/Wave - 09755752096
          	
          	ဒါကတော့ အမရဲ့ Kpay နဲ့ wave account ပါ။ Wattpad ရဲ့ direct msg ကဖြစ်စေ၊အမရဲ့ Facebook (ပိုင်ဟယ်) msger ကိုဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အလှူငွေစာရင်းရယ် လွှဲတဲ့ ဖြတ်ပိုင်းတွေကိုတော့ အမရဲ့ Facebook account မှာကြေညာပေးပါ့မယ်။ 
          	
          	ပန်းတိုင်ဟာ တို့တွေလက်တစ်ကမ်းမှာမို့ အားတင်းထားပါ။ 
          	အရေးတော်ပုံ အောင်ရမည်။ 
          	
          	သတိရခြင်းများစွာဖြင့်
          	ပိုင်ဟယ်
          	၂.၄.၂၁