Bear_Shung

 []
          	-  ℎ
          	
          	ဖာအီအိုဆိုတဲ့ မင်းကိုတွေ့ပြီးနောက် မထင်မှတ်ထားတဲ့အချိန်မှာပဲ ငါ့ရဲ့ပျော်ရွှင်မှုဟာ လျှပ်စီးလက်သလို တချက်တည်းနဲ့ ဆိတ်သုန်းသွားခဲ့တယ်။
          	
          	(၁) ဇာတ်လမ်းအစမှာ မိုးရွာကြီးထဲ အဝေးကြီးက အိမ်ဆီသွားနေတဲ့ ဖာအီအိုဆိုတဲ့ အမျိုးသမီးကိုငါ...တွေ့ခဲ့တယ်။ လမ်းမကြီးတစ်လျောက် သူမဟာ တိတ်ဆိတ်နေတာပဲ။ ငါဟာလဲခက်တာပဲ မနေနိုင်မထိုင်နိုင် သူမနောက် ထီးမယူနိုင်ပဲပြေးလိုက်ခဲ့မိတာမို့ ကိုယ့်ကိုကိုယ် မနေနိုင်ရကောင်းလားအပြစ်တင်မိတယ်။
          	
          	ဒီလိုနဲ့ မိုးစဲတဲ့အခိုက် အေးစက်နေတဲ့ လေထုကြားက မှားယွင်းတဲ့ ဒီစကားကို ကျနော်ပြောခဲ့တယ်။
          	
          	'ဖာအီအိုကို ကျနော် ချစ်တယ်'
          	
          	မိုးစက်လေးတွေကြား လက်ဆန့်ထားရင်းနဲ့ အီအိုဟာ ကျနော်ဘက် တချက် ကြည့်ရင်း ပြောခဲ့တယ်။
          	
          	"ရတယ်လေ ချစ်ပေါ့"
          	
          	ဒီလိုအတိတ်ကိုပြန်ကြည့်ရင် ကျနော်‌ေပျာ်ခဲ့သလိုတော့ရှိတယ်။ ပျော်ရာကနေအပျက်ဆိုတဲ့စကားလဲဒွန်တွဲနေသလိုပဲ။
          	
          	“ပျက်သွားတယ် ဘာတွေလဲ.?”
          	-ခံစားချက်တွေ။
          	
          	(၂) ပါးစပ်မှာ ဆေးလိပ်ကိုခဲထားတဲ့ မင်းရဲ့ပုံစံက ဘယ်လောက်ကြည့်ကောင်းအုံးမလဲ အီအို။
          	
          	ရေချိူးခန်းက မှန်ဘက်မျက်နှာမူရင်း ကျနော့်ခေါင်းထဲအတွေးတစ်ခု၀င်လာတယ်။ ဆံပင်ခပ်ကောက်ကောက် မထီတထီအကြည့် အေးစက်နေတဲ့မျက်နှာနဲ့ သူမဟာ ကျွန်တော်တချိန်ကချစ်ခဲ့ရတဲ့သူ။
          	
          	သူမနာမည်ကဖာအီအို‌ေလ။ ခပ်ပျက်ပျက် ခပ်ပေါ့ပေါ့ ခပ်ဆိုးဆိုး မိန်းမဆိုလဲမမှားပါဘူး။ အိုး မိန်းကလေးတစ်ယောက်ကိုအပုတ်ချသလိုများဖြစ်သွားမလား။ ဒီလိုဆို စကားတစ်ခွန်းနဲ့ပဲဖော်ပြချင်ပါတယ်။
          	
          	“A ghost”
          	
          	(၃) အတိတ်နဲ့ ပစ္စုပ္ပန်ကာလမှာ ကွဲကြေနေတဲ့ဖန်ခွဲစတွေကိုတက်နင်းထားရသလို ဒါမှမဟုတ် ပိုးဖလံမျိုးမီးကိုတိုးနေတယ်ဆိုတဲ့အတိုင်း ပျက်စီးစေမှန်းသိရက်နဲ့ အီအိုရဲ့ ရင်ခွင်ထဲ ကျနော်တိုး၀င်ခဲ့တယ်။ နစ်နစ်နဲနဲ တစိုက်မက်မက်နဲ့ စောက်ရူးလိုလို တိုးခဲ့တာ။
          	
          	“ဘာတွေရလိုက်လဲ?”
          	-ကောက်ရိုးမီးတွေ
          	
          	----

Bear_Shung

@Bear_Shung
          	  
          	   (၄) အီအိုဟာ ကျနော့်ကိုတော့ချစ်ရှာပါတယ်။ ဉပမာ ညနေဘက်တွေ ညဘက်တွေ သူသေချင်တဲ့အချိန်တွေ သူ့မိသားစု၀င်တွေဆုံးပါးသွားတဲ့အချိန်တွေမျိုးမှာပေါ့။ ကျနော့်ကိုချစ်ရှာတယ် "လျစ်လျူရှုခြင်းတွေနဲ့သိပ်ကိုချစ်ပြရှာတာပါ"။
          	  
          	  (၅.၂)အီအိုဟာ ဘာကိုမှမတောင်းဆိုဖူးဘူး။ သူ့ဆုတောင်းတော့ရှိတယ် ကျနော်နဲ့ သူ့မွေးနေ့ကိုဖြတ်သန်းချင်တယ်ဆိုတာပဲ...အီအိုရဲ့စာတိုဟာ ကမ္ဘာကြီးကိုအပိုင်ပေးခံရသလိုမျိုး စောင်ရူးအထာဖြစ်စေခဲ့ပါတယ်။ ကျနော်ဟာလဲကျနော်ပါပဲ ခက်မြန်မြန် သူမကိုပထမဆုံးအချိန် ငြင်းဆိုခဲ့တယ်။
          	  
          	  “ဘာ‌ဆက်ဖြစ်သွားလဲ?”
          	  -အီအိုသတ်သေချင်ခဲ့တယ်။
          	  
          	  (၅) စာတိုတစ်ခုကိုအီအိုဟာမထွက်ခွာခင်လက်ဆောင်ပေးခဲ့တယ်။ တစ်ခါတစ်လေ ကိုယ့်ဘေးနားကအပျော်ရွှင်ရဆုံးအရာတွေကို တန်ဖိုးထား‌ေပးပါတဲ့။ ကျနော်လေ ဝါးလုံးရှစ်စိတ်ကွဲအောင်ရီပစ်ခဲ့တယ်။ လှောင်တာပါ။
          	  
          	  အီအိုဟာ ဒီစာတိုကိုချန်ရက်တယ်။ သူမဟာကျိန်စာတိုက်တတ်တဲ့စုန်းမတစ်ကောင်လိုပဲ။ အီအိုတကယ်သေတယ်ထင်လား။ ဟင့်အင်း သူမသေတဲ့အစား ကျနော်သေသွားတာ။ မျှော်လင့်ချက်တွေ ပထမဆုံးအချစ်နဲ့ ရင်ခုန်ခြင်းတွေအကုန် သေကုန်တာ။
          	  
          	  (၆)အီအိုဟာ နုပျိုသေးတဲ့ သက်လက်ပိုင်း အမျိုးသမီးတစ်ယောက်ပါ။ ချစ်စရာကောင်းပြီး လက်မှုပညာကိုသဘောကျမိတဲ့အမျိုးသမီးလေးတစ်ယောက်။ သူမရဲ့သူငယ်ချင်းတွေနဲ့အဆင်မပြေရင် ကျနော့်ဆီလာခိုနားတဲ့ သက်ရှိ လိပ်ပြာတစ်ကောင်။
          	  
          	  “မင်း အဆင်ပြေခဲ့လား?”
          	  -ဒီလိုပါပဲ။
          	  
Reply

ဒီအချစ်ကြိုးနီလေးကိုပြန်ပြန်ချည်နေရတာ ငါတကယ်ပင်ပန်းနေပြီ။
          
          From- ငါမင်းကို အရူးတစ်ယောက်လိုချစ်တယ်။ (2022)

Bear_Shung

အက်ပုဒိတ်လေးတွေမလာခင် (ရေလှိုင်းတို့သည်)ဆိုတဲ့ short story တစ်ပုဒ်ရေးပေးထားတယ်နော်။ ဝေဖန်လေကန်ပေးကြပါအုံး old reader တွေရော အသစ်ကလေးတွေရောဗျ။ လက်ရည်ကတော့ ဟိုလိုလိုဒီလိုလိုပဲ>⁠.⁠<

Bear_Shung

နာကျင်လေသောသူ၏ အသွေးအသားတို့အားနက်နက်နဲနဲ မက်မက်မောမော အာသာမပြေ မြိန်ရေရှက်ရည် သုံးဆောင်နိုင်တဲ့မိန်းမ။ 
          
          သွေးစိမ်းတရှင်ရှင် မျက်ရည်အိုင်ထဲ လဲကျနေတဲ့ လူရဲ့ နှလုံးသားကိုမှ ထပ်ကာထပ်ကာ ဓားနဲ့ထိုးရက်လေတဲ့ မိန်းမ။
          
          ငါ့မျက်ရည်ကိုသုံးဆောင် ငါ့နာကျည်းချက်ကို သံစဉ်လိုနားထောင် သူ့ရဲ့ချစ်သူကိုရင်ဘတ်ထဲပွေ့ပြီး သေဆုံးကာနီး နှလုံးအိမ်ကိုမှ ဖြိုဖျက်ရက်လေတဲ့ မိန်းမ။
          
          ချစ်ရသူနဲ့ကျ ချစ်တတ်မ၊ ရက်စက်နိုင်သူအပေါ်ကျ မစာမနာပြောထွက်ရက်တဲ့ မုန်းစရာစကားလုံးတွေရဲ့ မြစ်ဖျားခံရာ အဲ့မိန်းမရဲ့ နှုတ်ခမ်းထူထူတွေ။
          
          အချိန်တွေ နှစ်တွေ သံယောဇဉ်နဲ့ မေတ္တာတွေ တသွင်သွင်စီးရင်း ဆည်ကျိုးသယောင် ဝုန်းကနဲ ကျိုးကြေသွားရတဲ့ နံရိုးတွေနဲ့ အဲ့မိန်းမဆီက ငါမရခဲ့တဲ့ချစ်ခြင်းတွေ။
          
Bear_Shung

တို့အကြင်နာညလေးတွေ ဟိုးအဝေးဆုံးပြေးထွက် ဘယ်လိုရှင်သန်ရမလဲ

Bear_Shung

အချစ်တဲ့ ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်။
          သိသိသာသာနေရင်း မသိမသာ မေ့ဖျောက်ရတဲ့ လိုချင်စိတ်က ကျွန်တော့်ကိုသတ်လေခြင်းပါပဲ။ မမဟာ အဆုံးထိအပြစ်ကင်းသူတစ်ဦးဖြစ်ပြီး ကျွန်တော်ဟာ "မမှီတဲ့စွန်ငယ်ကို လက်မလွတ်ရဲတဲ့ကလေးငယ်လေးတစ်ယောက်"သာဖြစ်ပါတယ်။ မမက ကျွန်တော့်ဘဝရဲ့ အိမ်ပြန်ချိန်တိုင်းမှာ  အယုယပေးတဲ့လူဖြစ်ဖို့ မျှော်လင့်ခဲ့တဲ့ ညနေခင်းက သိပ်ပူလောင်လွန်းရပြီး အဆုံးသတ်မှာ နာကျင်ခြင်းကို တဖန် အရိုးထဲစိမ့်အောင် သင်ကြားခြင်းခံရခဲ့ပြန်ပါပြီ။

Bear_Shung

မမ၏ တစ်ဦးဆိုင်နာမ်သည် စွန့်ခွာသွားလေသော ပြာမှုန်တို့၏ ပင်လယ်ရေပြင်အထက်တွင် အမှုန့်အမွှားလေးတစ်ခုအနေနဲ့ ဖြေးညှင်းစွာရွေ့လျားနေ‌သည်။ မမ၏ မျက်ရည်သည် တိတ်ဆိတ်စွာ ငြိမ်သက်စွာ ကျဆင်းခြင်းမရှိ။ တည်ငြိမ်အေးဆေးသောမျက်နှာဖြင့် ပင်လယ်ပြာအား အေးစက်စွာကြည့်နေလေသည်။ 

NawYayYar

ရည်းစားဟောင်းမျှော်သလို အပိုင်းသစ်တွေကိုလည်းမျှော်လင့်မိပါဲကြောင်း

Bear_Shung

@NawYayYar မျှော်နေပေးလို့ကျေးဇူးတင်ပါတယ်နော်။ နွေရောက်တဲ့အခါ များများရေးပေးမှာမို့ မပူနဲ့နော်(⁠ ⁠◜⁠‿⁠◝⁠ ⁠)⁠♡
Reply

Bear_Shung

‘မမ ကြယ်တာရာလင်း’
          
          ဘာရယ်ကြောင့်မှန်းမသိ ယနေ့တွင် မမအားသတိရသည်။
          လှိုင်းလုံးငယ်လေးများ ကျောက်ဆောင်အနားရိုက်ခတ်‌တတ်သလို မမ၏ ရင်ခွင်ထဲ ခဏတာ ဝင်ရောက်နားခိုချင်စိတ်များ ဖြစ်ပေါ်လျှက်ရှိသည်။ မမ၏ ရင်ခွင်သည် ပြာလဲ့သောကောင်းကင် ကြည်လင်သောရာသီဥတုနှင့် မြူမှုန်ကင်းသော သစ်တောအုပ်နှင့်တူသည်။
          
          မမ၏ ဆံနွယ်များသည် အလေ့ကျပေါက်နေသော တောရိုင်းပန်းလေးများပမာ လေယူရာယိမ်းနွဲ့နေလိမ့်မည်။ မမ၏အပြုံးသည် နေကြာပန်းခင်းအလည်၌ နေမင်းသဖွယ် တောက်ပနေပါလိမ့်မည်။ ထိုအထဲတွင်မှ လွမ်းအနှစ်သက်ရဆုံး မမ၏ မျက်လုံးလေးများသည် ‌အေးချမ်းခြင်းအစစ်‌ဖြစ်သော အိုအေစစ်ကလေးပင်ဖြစ်ပါလိမ့်မည်။
          
          မမသည် ယခုမှုပို၍လာလှမလားအား လွမ်းမခန့်မှန်းနိုင်ပါ။ မမ၏တောအုပ်မှာ မြူတွေမှိုင်းနေမလား လွမ်းမသိပါ။ အဘယ်ကြောင့်ဆိုသော် လွမ်းသည် မမ၏ တောအုပ်ထဲမှ အသက်လုစွာ ပြေးထွက်ခဲ့သူမို့သာဖြစ်သည်။ အသက်လုခဲ့ရသော်လည်း လွမ်း၏နှလုံးသားတစ်ခြမ်းမှာမူ မမ၏ ရေခဲတောင်များကြား ကွဲအက်ကြေမွသွားခဲ့ပြီဖြစ်သည်။
          
          သို့သော်..လွမ်း၏ ကျန်ရှိသော နှလုံးသားသည် မမ၏ အမည်နာမအား တမ်းတဆဲသာဖြစ်နေတော့သည်။
          
          -ရှောင်(၂၀,၉,၂၀၂၄)