BhomeMyat
အသဲကွဲ ညည်းချင်း
          	---------------------
          	နှလုံးသားတစ်​ခု
          	ချစ်​ခြင်းတစ်​ချို့
          	အလွမ်းတစ်​စု
          	အသက်​ဝင်​လာခဲ့ပြီ
          	မျက်​ရည်​စက်​တို့
          	အပြုံးချိုချိုတို့
          	ခါးသက်​​စေခဲ့ပြီ။ ။
          	ထွက်​သွားသူက
          	ကျန်​ရစ်​ခဲ့သူမှာ​တော့
          	လွမ်းစရာရှိရင်
          	နာစရာနဲ့​ဖြေလို့
          	ပြောကြ​ပေမယ့်
          	ဘယ်​လိုမှနာကျည်းလို့
          	မရခဲ့တဲ့သူအဖို့​တော့
          	အလွမ်းရက်​က
          	သက်​ဆိုးရှည်​​လေပြီ။ ။
          	ရင်​ခွင်​ထဲမှာ
          	ကမ္ဗည်းထိုးထားတဲ့
          	အရာတစ်​ခု
          	ဒဏ်​ရာတစ်​ခုအဖြစ်​နဲ့
          	ဆက်​လက်​တည်​ရှိ​နေခဲ့ပြီ
          	ချစ်​တယ်​လို့
          	တဖွဖွ​ပြောခဲ့တဲ့
          	နှုတ်​ခမ်း​တွေလဲ
          	ဦး​နှောက်​ထဲမှာ​တော့
          	အလွမ်းနဲ့အမုန်းတို့
          	စီးချင်းထိုး​နေကြပြီ။ ။
          	အိပ်​စက်​မှုတို့လဲ
          	ခန္ဓာကိုယ်​လဲ 
          	ယိုင်​လဲလာ​လေပြီ
          	အသက်​ဝိဥာဉ်​လဲ
          	ထွက်​ခွာ​ပေ​တော့မည်
          	နှလုံးသားထဲမှာ
          	အချစ်​တစ်​ခု
          	တ​ငွေ့​ငွေ့နဲ့
          	စည်းချက်​ညီညီ
          	ရွတ်​ဆို​နေတာက​တော့
          	"အသဲကွဲ ညည်းချင်း"။ ။
BhomeMyat
အသဲကွဲ ညည်းချင်း
          ---------------------
          နှလုံးသားတစ်​ခု
          ချစ်​ခြင်းတစ်​ချို့
          အလွမ်းတစ်​စု
          အသက်​ဝင်​လာခဲ့ပြီ
          မျက်​ရည်​စက်​တို့
          အပြုံးချိုချိုတို့
          ခါးသက်​​စေခဲ့ပြီ။ ။
          ထွက်​သွားသူက
          ကျန်​ရစ်​ခဲ့သူမှာ​တော့
          လွမ်းစရာရှိရင်
          နာစရာနဲ့​ဖြေလို့
          ပြောကြ​ပေမယ့်
          ဘယ်​လိုမှနာကျည်းလို့
          မရခဲ့တဲ့သူအဖို့​တော့
          အလွမ်းရက်​က
          သက်​ဆိုးရှည်​​လေပြီ။ ။
          ရင်​ခွင်​ထဲမှာ
          ကမ္ဗည်းထိုးထားတဲ့
          အရာတစ်​ခု
          ဒဏ်​ရာတစ်​ခုအဖြစ်​နဲ့
          ဆက်​လက်​တည်​ရှိ​နေခဲ့ပြီ
          ချစ်​တယ်​လို့
          တဖွဖွ​ပြောခဲ့တဲ့
          နှုတ်​ခမ်း​တွေလဲ
          ဦး​နှောက်​ထဲမှာ​တော့
          အလွမ်းနဲ့အမုန်းတို့
          စီးချင်းထိုး​နေကြပြီ။ ။
          အိပ်​စက်​မှုတို့လဲ
          ခန္ဓာကိုယ်​လဲ 
          ယိုင်​လဲလာ​လေပြီ
          အသက်​ဝိဥာဉ်​လဲ
          ထွက်​ခွာ​ပေ​တော့မည်
          နှလုံးသားထဲမှာ
          အချစ်​တစ်​ခု
          တ​ငွေ့​ငွေ့နဲ့
          စည်းချက်​ညီညီ
          ရွတ်​ဆို​နေတာက​တော့
          "အသဲကွဲ ညည်းချင်း"။ ။