နီရဲတောက်နေတဲ့တစ်ပုဒ်တင်ဖို့ တင်ဖို့တော်တော်လေးတွေဝေနေမိတယ်။ Plot က 25+ ဘက်သွားထားတော့ Candy ကိုပဲတင်ခိုင်းရမလား Sky ပဲတင်ရမလားလည်းခက်ခက်ခဲခဲစဥ်းစားနေရပါတယ်။မင်းတို့ဘယ်accမှာတင်စေချင်လဲ Rate M ကလုံးဝ 25+ လို့သတိပေးထားပါတယ် အပြာစာလို့ပြောချင်ပြော Sky အတွက် အဲ့တာတွေအရေးမကြီးဘူး အဓိကက Plot က ဇာတ်အိမ်ခိုင်မာမှုရှိတယ် ဒါပဲပြောချင်ပါတယ် နောက်ပြီးတော့ seme ပြန်ခံစားရမဲ့အပိုင်းကလည်းနည်းတယ် Skyက uke ကိုဇာတ်နာပြီးရင် seme ကိုအကြာကြီးပြန်ခံစားရတဲ့ဇာတ်ကိုမပိုင်ပါပါဘူး နိုင်လည်းမနိုင်ဘူး အမြဲတမ်း Sky ဆီဒီပြသနာကခဏခဏ တက်နေတော့ကြိုရှင်းပြထားချင်တယ် အဲ့လို ဇာတ်လမ်းမျိုးပဲ ဆိုတော့ မင်းတို့ဖတ်ချင်ရဲ့လား seme (ပြန်မခံစားရဘူး )။ နောက်ထပ် ဗွီလိန်လိုလို လူကောင်းလိုလို mc လည်းပါတယ် ပြောရရင် mcက လေးယောက်ပေါ့ သူတို့ပဲ တိုင်ပတ်နေတာမျိုး ဖတ်ချင်တယ်ဆိုရင်တော့ ဒုတိယအပတ်က နေ စ,တင်ပေးပါ့မယ်။ update ကတော့ မင်းတို့သိတဲ့အတိုင်းပဲ Mon,Wed,Fri,Sun တစ်ပတ်လေးပိုင်းပဲပေါ့ တစ်တွဲက seme redflag,တစ်တွဲက uke ငမွှေသီးလေးပါပဲ လေးယောက်လုံးက Sky အချစ်တော်တွေပဲဆိုတော့ ဆဲတဲ့သူကို အိမ်တိုင်ရာရောက် ခေါက်ပစ်မှာပါရှင်