Blueshell02

ဒီကာလမဟာ မကောင်သတဲ့မျိုသစိတ်သစ်တစ်သိုက်ကဌောင့် ခလဲခဲ့ရတဲ့ သူငယ်ချင်သ၊ မိတ်‌‌ဆလေတလေ၊ ဆလေမျိုသရင်သချာတလေလဲရဟိမယ်။
          	ဖမ်သဆီသထိန်သသိမ်သခံထာသရတဲ့ အသိတလေလည်သ ရဟိချင်ရဟိမယ်။
          	အခုဖဌစ်နေတဲ့ရောဂါတလေကဌောင့် ဆုံသရဟုံသပဌီသ အပဌီသတိုက်နဟုတ်ဆက်လိုက်ရတဲ့သူတလေလည်သရဟိမယ်။
          	
          	အမရာဆိုလည်သ ဆရာတစ်ယောက်၊ ညသလေသတစ်ယောက်၊ အဒေါ်တစ်ယောက်လက်လလဟတ်ပေသခဲ့ရတယ်။
          	
          	ပင်ပန်သတယ်မလာသ.....သိပါတယ်။
          	ငိုချင်ရင်ငိုလိုက်နော်။ပဌီသရင် ပဌန်ထ....တိုက်ပလဲအောင်တဲ့အထိဆက်တိုက်ကဌမယ်။
          	
          	လဟူစရာရဟိတာလဟူကဌမယ်။ 
          	အချိန်ပေသပဌီသ Twitter မဟာ တတ်နိုင်စလမ်သရဟိသလောက် တိုက်ကဌမယ်။
          	ရောဂါမဖဌစ်အောင်လဲ ဂရုစိုက်ကဌမယ်။
          	မျာသမျာသစာသမယ် မျာသမျာသအိပ်မယ်။
          	တို့တလေအတူတူ နောင်ပလင့်လာမယ့် ပန်သလေသတလေ ကဌည့်ကဌကညသမယ်။ ခရီသတလေ ထလက်ကဌရညသမယ်လေနော်။
          	အာသတင်သထာသကဌပါ။
          	စိတ်ညစ်စရာရဟိ တင်သခံမနေဘဲ ငိုချင်ငိုလိုက်....အော်ချင်အော်လိုက်ကဌပါ။
          	ပဌောစရာရဟိရင် အမရာ့ကို conversationမဟာ အချိန်မ‌ရလေသ လာပဌောလို့ရတယ် ရင်ဖလင့်လို့ရပါတယ်။
          	
          	ပဌီသရင် ပေသဆပ်သလာသရတဲ့သလေသတလေအတလက် သလေသကဌလေသဆပ်ဖို့ အာသတင်သထာသကဌမယ်လေနော်။
          	 ကိုယ့်အတလက်ကို ဂရုစိုက်ကဌပါ။
          	အမရာ အတလက် အာသလုံသ ဂရုစိုက်ပေသကဌပါ။
          	                                                ....အလလမ်သဖဌင့်ရေသလိုက်သော။
          	
Raon4724

သာသာ​ရေလာပဌီသupdateမ​ပေသ​တော့ဘူသလာသဟင်သတိရလို့

နလေဦသတော်လဟန်ရေသရဲ့ ဇာတ်သိမ်သကို တကယ်ရောက်ပါပဌီ။
          endingရဲ့ ရိုက်ခတ်မဟုကတော့ ပဌင်သထန်ပါလိမ့်မယ်။
          
          အမျိုသသာသညီညလတ်ရေသအစိုသရ(NUG)ကလည်သ တရာသဝင်ပေါ်လာပဌီဆိုတော့ ဟိုဖက်မိစ္ဆာတလေက ပိုပဌီသရက်စက်ဖို့ပဲရဟိတော့တာပါ။
          
          အာသလုံသအာသတင်သထာသကဌပါ။
          အရေသတော်ပုံ အောင်ပါတော့မည်။
          အိမ်ထဲမဟာပဲနေနေ အပဌင်ထလက်ထလက် ဂရုစိုက်ဖို့ ထပ်မဟာပါရစေ။
          
          အရဟုံသမပေသသရလေ့ မရပ်တန့်သရလေ့ အဆင်ပဌေပါတယ်။
          
Blueshell02

အခုလို အချိန်မဟာ မဟာကဌာသချင်တာကတော့ အတတ်နိုင်ဆုံသ အိမ်ထဲမဟာပဲနေပဌီသ သတင်သသံတလေကို နာသစလင့်ကဌပါ။
          2ဖက်နာသနဲ့ နာသထောင်ပေသကဌပါ။
          ကဌာသတိုင်သမယုံကဌပါနဲ့။
          social platformတိုင်သကနေ လာပဌီသကဌေညာပေသရုံသာဖဌစ်ပါသည်။