Brownie_Huang

ခံစားချက်မျိုးစုံနဲ့ပြောပြချင်တာတွေအများကြီးပေမယ့် အပြောခဲ့ချင်ဆုံးကတော့ sunni စာရေးတဲ့အပေါ်မှာဝါသနာအရရေးပြီး ကိုယ်ရေးခဲ့တဲ့စာတွေအပေါ် ၊ ရေးနေတဲ့စာတွေအပေါ်မှာ စိတ်နဲ့ ခံစားချက်တွေကိုသေချာနှစ်ပြီးရေးခဲ့တယ်ဆိုတာနဲ့ စာရေးတာကိုအလွန်သဘောကျပြီးတန်ဖိုးထားခဲ့တယ်ဆိုတာပါပဲ။ တကယ်တော့ဖြစ်နိုင်ရင်ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် စာတွေရေးနေချင်တာမျိုးပါ။ အကြောင်းအရာတစ်ခုခုကိုအနက်နဲဆုံး အတွင်းကျကျထိတွေးလိုက်ရတာမျိုးကိုသဘောကျတဲ့သူတစ်ယောက်မို့ စာကြောင်းလေးတစ်ကြောင်းဖြစ်ဖြစ် ကဗျာစာသားလေး ၊ သီချင်းစာသားလေး တစ်ကြောင်းလောက်တွေ့ရင်တောင် အဲ့အပေါ်လိုက်ပြီး fiction တစ်ပုဒ်ဖန်တီးလိုက်နိုင်တဲ့အထိ overthinking ဖြစ်တဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတောင် ရှေ့လျှောက်ဆက်ရေးဖို့ ချထားတဲ့plotတွေဆိုတာလည်း draft ထဲအပြည့်နဲ့ note ထဲစာစီထားတာတွေလည်းအများကြီးပါပဲ။ အခုလိုအခြေအနေဖြစ်လာတော့ အရမ်းကိုနှမြောမိပြီး ဒီစာရေးအကောင့်ကိုဝင်လိုက်ရင်ပြောမပြတတ်အောင်ဝမ်းနည်းမိပါတယ်။ sunniအရေးအသားက အတော် အကောင်းကြီးမဟုတ်ပေမယ့် sunni သိကျွမ်းနားလည်သလောက် အရေးအသားနဲ့ ခံစားချက်တွေဖော်ပြချက်တွေမှာ ကိုယ်တတ်တဲ့အသိတစ်ခုစိတ်တစ်ခုလုံးနဲ့ရေးသားခဲ့တဲ့စာတွေချည်းပဲမို့ အသစ်တွေဆက်ရေးဖို့မဖြစ်နိုင်တော့ဘူးလို့တွေးမိရင် အရမ်း..အရမ်းကို ဝမ်းနည်းပါတယ်..။
          	
          	ဒီဝါသနာနဲ့ဝေးရမှာကိုမကြိုက်သလို စာရေးတာနဲ့အဝေးမှာလည်းမနေချင်ပါဘူး။ ပေါ်လာတဲ့အတွေးနဲ့ခံစားချက်တွေကိုစာထဲထည့်ရေးရတာကိုပျော်တာရယ်။ ဒါပေမယ့် မတတ်နိုင်ဘူးပေါ့ အခြေအနေအပေါ်မူတည်ပြီးခဏဖြစ်ဖြစ်လုပ်ရမယ့်အရာတွေထဲကနေထုတ်ပယ်ပစ်လိုက်ရမယ့်ကိစ္စတွေကရှိလာတတ်တာကိုး အဲ့လိုပဲ sunni ကလည်းစာရေးတာကိုအနားယူလိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ sunni ရေးတဲ့ fic တွေကိုဖတ်ပေးတဲ့သူတိုင်းကိုအမြဲတမ်းတန်ဖိုးထားခဲ့ပါတယ် ကြိုက်ကြိုက် မကြိုက်ကြိုက် ဖတ်တယ် ၊ ဝေဖန်ပေးတယ် ၊ အားပေးတယ် ၊ ရှုံ့ချတယ်... အဖက်ဖက်ကနေပေါ့ ဒီအတိုင်းလူမသိသူမသိဖတ်ရုံဖတ်ပေးတဲ့လူတွေကိုပါ အပါအဝင် စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို sunni ကစိတ်ရင်းနဲ့ကျေးဇူးတင်ခဲ့ကြောင်း အလေးထားခဲ့ကြောင်းပြောပြရင်းနှုတ်ဆက်ခဲ့ချင်ပါတယ်။ 
          	
          	လူငယ်တိုင်းဝါသနာနဲ့အလုပ်ထပ်တူကျတဲ့အရပ်မှာပျော်ရွှင်အေးချမ်းစွာနေထိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

okurasorahun

@Brownie_Huang စောင့်နေပါ့မယ် 
Reply

Saungjul

@Brownie_Huang Magnetic update မလာလို့ဝင်ကြည့်မှဒါမြင်တာ author အနေနဲ့ personal အရအတွေးတေအမြင်တေစိတ်ခံစားချက်မျိုးစုံရှိနိုင်ပေမဲ့လေ တကယ်အရေးသားကောင်းတာမို့လို့ ဒီစာရေးတာကိုဆက်မလုပ်ဖြစ်ဘူးဆို တကယ်ကိုဝမ်းနည်းမိမယ်ထင်တယ် ကိုယ့်otpမဟုတ်တောင် အရေးသားကောင်းပြီးဇာတ်လမ်းခိုင်တော့ author လက်ရာ့အကုန်နီးပါးဖတ်ဖြစ်ထားပါတယ် ကျနော်အနေနဲ့ဆို ဇာတ်အိမ်မခိုင်တာမျိုးဆို ကိုယ့်otpကို‌ေတာင်မဖတ်နိုင်တဲ့ထိ pickyသမားပေါ့နော် author အနေနဲ့ တကယ်အရေးသားကောင်းလို့ပါ ကိုယ်တိုင်ကလည်း အဲဘက်ကိုစိတ်ဝင်စားတာဆို အားပေးပါတယ်နော် ကိုယ့်ဝါသနာပါတဲ့အရာမှာ talent ရှိပြီးတော်တယ်ဆိုတာလည်း ကံကောင်းမှုတစ်ခုပဲလို့မြင်တဲ့သူပါ
Reply

JveorZvjnk

@Brownie_Huang သေချာပေါက်စောင့်နေမှာမို့ ပြန်လာခဲ့ပါဗျ အစစအရာရာဂရုစိုက်ပါနော်။
Reply

jaypresso

Hello, Author-nim!
          
          We would love to invite you to our upcoming Jayke fanfiction project for Jjong's birthday. It would be thrilling to have you join us! We believe your talent would be a perfect addition to this project. If you're interested, please share your Telegram account, and we’ll provide more details. Thank you, and have a lovely day!
          
          From,
          Admin Team.

jaypresso

Hok kae prrr><
Reply

Brownie_Huang

@jaypresso tele acc @Sunni huang ကိုလာပေးလို့ရမလားဟင်ㅠㅠ
Reply

jaypresso

P.S We would be soo thankful if you join this project author-nimㅠㅠ 
Reply