ChihiroLily7

Helloz!
          	13.10.2024-17.10.2024 အထိ စာစဉ်အားလုံး 20% OFF သီတင်းကျွတ် promotion လေးရှိပါတယ်နော်။

HninSiThakhin

အထူးလုပ်ကြံရေးသမားက အပိုင်းဘယ်လောက်ရှိလဲဟင် ကျဲ

HninSiThakhin

@ChihiroLily7 ဟုတ် မုန့်ဖိုးစုပြီးရင်လာဝယ်မယ်နော်
Reply

ChihiroLily7

@HninSiThakhin စ-ဆုံး 7000ksပါ။ @OrchidSarPayFreeNovel tele channel လေးမှာ update priceလေးတွေ တင်ပေးထားပါတယ်နော်။ 
Reply

HninSiThakhin

@ChihiroLily7 paidဘယ်လောက်လဲဟင် ကျဲ 
            ပိုက်ဆံစုလို့ရအောင်မေးတာပါTT
Reply

ChihiroLily7

Urban Peach Blossom Fairy
          
          Genre: Urban, Xian Xia, Romance
          Status COO: 504 (Raw Completed)
          
          Description
          
          နှစ်တစ်သောင်းကျင့်ကြံသူတစ်ယောက်က ပြန်လည်ဝင်စားပြီး လူငယ်လေးတစ်ယောက်အဖြစ်နဲ့ ပြန်လည်မွေးဖွားလာခဲ့ပြီး သိလိုက်ရတာက သူဟာ ကျောင်းရဲ့အလှဆုံးနတ်ဘုရားမလေးရဲ့ တစ်ညတာအဖော်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာပဲ။ ဒါပေမဲ့ နတ်ဘုရားမလေးက ငိုလဲမငို၊ ပြဿနာမနာလဲမရှာ၊ သူ့ဟာသူလဲ ကြိုးဆွဲချမသေတဲ့အပြင် သူ့ကို ကျင့်ကြံသူတစ်ယောက်ဖြစ်လာတောင် ကျင့်ကြံနည်းတွေပါ သင်ပေးလိုက်သေးတယ်။
          
          အမ်...
          
          ဒီဇာတ်လမ်းကြီးက.... မဟုတ်သေးဘူးမလား။
          
          တကယ်တော့က သူက သက်တမ်းတစ်သောင်းရှိပြီဖြစ်တဲ့ လေလွှင့်နေတဲ့ကျင့်ကြံသူတစ်ယောက်လေ။ ဒါပေမဲ့ အခုတော့ သလဲသီးမလေးရဲ့လက်အောင်မှ တိတ်တိတ်လေး သင်ယူနေရသတဲ့။ ဒါက ငါ့လာရင်းကို စော်ကားလိုက်တာပဲ။  အဲလိုပြောမှ ဒီညီမလေးရဲ့ တည်ဆောက်ခြင်းအဆင့်က ဘယ်လောက်ပါလိမ့်...
          
          ငါ ဘာလို့ နားမလည်နိုင်ရတာလဲ။
          ....

ChihiroLily7

Strong Winds Return Home
          
          Genre: Adventure, Comedy, Drama, Martial Arts, Romance, Yaoi
          Status in COO: 127+7 extra Chapters (Completed in Eng)
          
          Description
          
          လျန်ရှုက ပိုင်ဟယ်ရွာကို လူလွှတ်ပြီး လျိုရှန်အန်း အမုန်းဆုံးအရာကို ရှာခဲ့ကြဖို့ အမိန့်ပေးလိုက်တယ်။
          
          ရက်တော်တော်ကြာပြီးတဲ့နောက်တော့ သူ့လူတွေက ရလာတဲ့သတင်းနဲ့ ပြန်ရောက်လာခဲ့တယ်။ 
          
          ပထမတစ်ခုက ဒုတိယသခင်လေးလျိုက စာအုပ်တွေကို ကူးရေးရတာ မုန်းပါတယ်တဲ့။ ဒုတိယတစ်ချက်ကတော့... သူက အရှင့်ကို မုန်းပါတယ်တဲ့။
          
          လျန်ရှု (Gong) X လျိုရှန်အန်း (Shou)
          …

ChihiroLily7

My Ideal Town
          Genre: Adventure, Horror, Mature, Romance, Shounen Ai, Supernatural
          Status in COO: 343+4 extra Chapters (Raw Completed)
          Description
          ဂိမ်း tester မုစစ်ချန်က လှည့်စားခံလိုက်ရပြီး holographic (3Dထက်အဆင့်မြင့်ပြီး 3rd personအဖြစ်ကိုယ်တိုင် ဝင်ပါလို့ရ)ဂိမ်းထဲ ကူးပြောင်းသွားခဲ့တယ်။ ဂိမ်းကို ကပ်ဆိုက်ကာလ event တစ်ခုအပြီး နေရာတိုင်းမှာ အမည်မသိတဲ့ မွန်းစတားတွေအပြည့်နဲ့ ပျက်ကပ်ကမ္ဘာတစ်ခုမှာ အခြေတည်ထားတာ။ 
          သူတို့တွေက ဒီကမ္ဘာကို မတူညီတဲ့မြို့အသီးသီးနဲ့ ခွဲခြားထားပြီးတော့ ရှင်သန်သူတွေက ဒီမြို့တွေထဲမှာ အသက်ရှင်အောင် ကြိုးစားရုန်းကန်ပြီး နေကြရတယ်။ မွန်းစတား တွေကို ယုံကြည်ပြီး အကြောင်းပြချက် မမေးတတ်တဲ့သူတွေပဲ အသက်ရှင်နိုင်တယ်။ 
          မုစစ်ချန်က သူ့ပုဆန်ကို အသားကုန်လွဲခုတ်လိုက်ပြီး သူ့မြို့ကို ပြန်ရယူခဲ့တယ်။
          သူက လူသားအသွင် တစ်ဝက်ပဲကျန်တော့တဲ့ ရှင်သန်သူကို ပုတ်ပေးလိုက်ပြီး သူ့ကို အားပေးလိုက်တယ်။ “မင်းရဲ့မျက်ရည်တွေကို သုတ်လိုက်၊ မငိုနဲ့၊ ကျန်တဲ့မင်းရဲ့အုံးနှောက်ကို ပြန်ကောက်ပြီး ကိုယ့်ဟာကိုယ်ကာကွယ်နိုင်မဲ့ ပစ္စည်းကရိယာတွေကို သိမ်းထားလိုက်” 
          ...
          ဒီလိုနဲ့ မုစစ်ချန်က သူ့ပေါက်တူးကို သယ်ပြီး တစ်မြို့ပြီး တစ်မြို့ဖြတ်လာရင်း နယ်မြေကို တိုက်ခိုက်ပေးရင်းက မမျှော်လင့်ဘဲ ‘လူသားမျိုးနွယ်ရဲ့နောက်ဆုံးမျှော်လင့်ချက်’လို့ခေါ်တဲ့ ချင်ကျိုးကို ကယ်မိသွားခဲ့တယ်။
          ....
          ချင်မိသားစုမှ လျို့ဝှက်ချက်တစ်ခုရှိတယ်။ သူတို့တွေက သူတို့ရဲ့နောက်ဆုံး ထွက်သက်အထိ လူသားမျိုးနွယ်တွေကို ကာကွယ်ပေးရမှာ။ သူတော့ရူးတော့မှာပဲ။ “ရွေးချယ်ခံ”ဆိုတဲ့ စွမ်းရည်ရှိတဲ့သူတိုင်း နောက်ဆုံးတော့ အမည်မသိမွန်းစတားဖြစ်သွားကြတာလေ။
          တိုက်ခိုက်မှုကို ခုခံရင်းနဲ့ ချင်ကျိုးတစ်ယောက် အားနည်းသထက်နည်းလာခဲ့တယ်။ တစ်နေ့တော့ ပေါက်တူးတစ်ခုနဲ့ လူတစ်ယောက်က safeဇုံထဲ ရောက်လာခဲ့တယ်။ ချင်ကျိုးလဲ သူ့ကို ချက်ချင်း ဆွဲဖက်ထားလိုက်ပြီး တိုးတိုးလေး ပြောတော့ပေါ့။ “ငါ့ကို မြန်မြန်ခေါ်သွားပေးပါ”တဲ့။
          အဲဒီလူက ချင်ကျိုးရဲ့လက်ကို ဖျစ်ညစ်လိုက်ပြီး “ငါ မင်းကို ခေါ်သွားပေးလို့ရပါတယ်၊ ဒါပေမဲ့ မင်းဖက်ထားတာ လျှော့အုံး၊ ငါ အသက်ရှူကြပ်လာပြီ”
          ချင်ကျိုးက “ဟုတ်”လို့ပြောလိုက်ပေမဲ့ သူ့လက်တွေကတော့ တင်ထားတုန်းပါပဲ။
          ...

ChihiroLily7

Hello! ချစ်ရတဲ့ readersများရေ...
          
          နောက်စာစဉ်အတွက် ပြင်ဆင်ထားချင်လိုပါ။ စာစဉ်အသစ်အတွက် ၃ ပုဒ်စဉ်းစားထားပါတယ်။ ဒီထဲက readerလေးတို့အရင်ဖတ်ချင်တဲ့ တစ်ပုဒ်ကို အရင်ပြန်ပေးမှာပါ။
          
          တစ်ခုကလေ ကိုယ် Normal male lead ဝတ္ထုကို ရှာကြည့်ပေမဲ့ တော်တော်များများက on goingဖြစ်နေလို BLထဲက shounen ai ကို sample 3ပုဒ်ထဲမှာ ၂ပုဒ် ရွေးထားပါတယ်။
          
          ပထမတစ်ပုဒ်က
          My Ideal Town
          Genre: Adventure, Horror, Mature, Romance, Shounen Ai, Supernatural
          Status in COO: 343+4 extra Chapters (Raw Completed)
          
          ဒီဝတ္ထုက survival gameအမျိုးအစားကို အခြေခံထားတဲ့ system အမျိုးအစားစာစဉ်လိုပြောရမယ်။ MMORG, Strategyဂိမ်းတွေဆော့ဖူးပေမဲ့ survival အမျိုးအစားတော့ မဆော့ဖူးပါဘူး။ ဂိမ်းထဲက အခေါ်အဝေါ်တွေကို engလိုသိပေမဲ့ မြန်မာလိုမပြောတတ်တော့ ဒါကို ပြန်ဖြစ်ရင် ဂိမ်းထဲက အခေါ်အဝေါ်တွေကို အင်္ဂလိပ်လိုပဲ ရေးသွားမှာပါ။ 
          
          ဂိမ်းနဲ့ systemသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့မှာပါ။
          ....
          
          ဒုတိယတစ်ပုဒ်က Strong Winds Return Home ပါ။ 
          
          Strong Winds Return Home
          Genre: Adventure, Comedy, Drama, Martial Arts, Romance, Yaoi
          Status in COO: 127+7 extra Chapters (Completed in Eng)
          
          ဒါလေးက descriptionတိုတိုလေးရေးထားပေမဲ့ ဇာတ်လမ်းကတော့ ဇာတ်အိမ်နဲ့ ဟာသကို သေချာလေးပေါင်းထားပြီး slow burn ပါ။
          
          နောက်ဆုံးစ်ခုက  Urban Peach Blossom Fairy (都市桃花仙尊) ။ ဒါက  Normal ပါ။
          
          Urban Peach Blossom Fairy
          Status COO: 504 (Raw Completed)
          
          နှစ်တစ်သောင်းကျင့်ကြံသူတစ်ယောက်က သူ့အတိတ်ဘဝကို ပြန်လည်ဝင်စားပြီး life styleအသစ်နဲ့ အတွေ့အကြုံတွေအကြောင်းပါ။
          
          ....
          
          Readerလေးတိုက ဒီသုံးပုဒ်မှာ ပြန်ထားပြီးသား ရှိမရှိနဲ့ ဘယ်ဟာကို ဖတ်ချင်လဲ commentမှာ ရေးပေးခဲ့ပါနော်။

ChihiroLily7

Teaser Chapter ကို နောက်ရက်မှ description Reply အောက်မှာ တင်ပေးမယ်နေ်
Reply