Chitpannjiji13
တစ်နှစ်နဲ့တစ်နှစ် အကူးအပြောင်းတွေဟာ သိပ်မြန်လွန်းနေလို့ ခပ်နှေးနှေးကျွန်တော်က အမှီမလိုက်နိုင်ခဲ့သောပါပဲ။ ပျော်စရာတွေ မရှိသလောက်ရှားပြီး စိတ်အနာတွေ တိတိကျကျများခဲ့လို့ လှည့်မကြည့်ချင်တော့တဲ့ နှစ်တွေ လက်လေးချောင်းစာ ပြည့်လာချိန် လာပြေးရေးသမျှစာတွေတော့ ပျော်စရာလေး ၊ နည်းနည်းချစ်စရာလေး ၊ နည်းနည်းအမြင်ကပ်စရာလေးတွေပဲ ရေးချင်ခဲ့တာက လက်တွေ့ဘဝဘေးလူတွေပေးလာတဲ့စိတ်အပူတွေဆီက ခဏလောက်ဖြစ်ဖြစ် ပြေးထွက်လွတ်မြောက်ချင်ခဲ့ရုံပါ......။ ဒီမှာ ကျွန်တော်ရေးထားသမျှထဲ ချီးကျူးခံရလောက်စရာ ကြီးကြီးကျယ်ကျယ်နိုင်တဲ့ စာအမျိုးအစားတွေမရှိပေမယ့် ဘာတစ်ခုလေး လာဖတ်လိုက်လိုက် စာဖတ်သူတွေ ပြုံးမိတဲ့အခိုက်အတန့်လေးရှိခဲ့ဖူးရင် လုံလောက်တာထက်ကို ပိုတာမို့....... ။ အများကြီးသဘောကျပေးခဲ့တာတွေအတွက်ရော ၊ အေးအေးချမ်းချမ်း မေတ္တာတွေအတွက်ရော ထပ်ထပ်ပြီး ကျေးဇူးပါ❤ ပုံမှန် ကူးပြောင်းနေတဲ့ အသစ်သော နောက်ထပ်နှစ်တစ်ခုမှာ ပိုပိုကောင်းမွန်တဲ့ ဘဝထက် ထပ်ပြီး ပိုပိုကောင်းမွန်တဲ့ ဘဝလှလှလေးတွေ ပိုင်ဆိုင်ပါစေဗျ။ ချစ်တယ်နော် အများကြီး။
Chitpannjiji13
@UDwee6 ရှေ့ဆက်ရမယ့် နှစ်အသစ်မှာ အလှဆုံး၊ အအေးချမ်းဆုံး ၊ အဆင်ပြေဆုံး နေ့သစ်တွေသာ ပိုင်ဆိုင်နိုင်ပါစေဗျ❤
•
Reply