Crazy_Myat55
Hello Everyone❄️ ကိုယ်အရင်လို စာတွေပြန်ရေးပါတော့မယ်ဗျ.... စာမရေးတာကြာပြီဖြစ်တဲ့အတွက် တော်တော်များများက ကိုယ့်ကို မေ့နေလောက်ပြီထင်ပါတယ်။ ကိစ္စမရှိပါဘူးလေ ကိုယ်အစကနေ ပြန်ကြိုးစားပါ့မယ်။ အရင်က မတောက်တစ်ခေါက် ရေးခဲ့တဲ့စာလေးတွေကို သဘောကျပေး အားပေးနှစ်သက်ခဲ့ကြသူတွေကိုလဲ ကျေးဇူးအထူးတင်ပါတယ်ဗျ။ အခုပြန်လာတာဟာ အရင်ထက်ပိုကောင်းလာတဲ့ ကိုယ့်ရဲ့ပုံစံကို စာဖတ်သူတွေကို ချပြချင်လို့ပါ။ လောလောဆယ်တော့ ကိုယ့်မှာ စာတိုလေးတွေတင်တဲ့ Telegram channel လေးတစ်ခု ထောင်ထားပါတယ်။ ဖတ်ချင်တယ်ဆိုရင် message box မှာ linkလေး လာရောက်တောင်းနိုင်ပါတယ်ဗျ။ ဝတ္ထုတွေလဲ ပြန်ရေးမှာပါ လောလောဆယ်တော့ စာတိုလေးတွေ အရင်ရေးနေပါတယ်။ ဆိုတော့ ဒီနှစ်ကုန်ကြရင် ပုံစံအသစ် ကလောင်အသစ် ဇာတ်လမ်းအသစ်နဲ့အတူ ပြန်လာခဲ့ပါမယ်။ အားလုံးကို New year မှာ ပြန်တွေ့ပါမယ်ဗျ။ See you all my readers. I will come back soon. #Myat (Khi)☁️