DearYee

ချစ်ရတဲ့ အတာ့ သူငယ်ချင်းတို့ရေ...  
          	အတာ လေ ကောင်လေး တစ်ယောက်နဲ့ မမ တို့ရဲ့ ဇာတ်လမ်း လေးကို ရေးထားတယ်။
          	        မမ လို့ ခေါ် ပြီး ရင်ကို အစိမ်းလိုက်မွှာ တတ်တဲ့ ကောင်လေး
          	ငယ်ငယ် လေးတွေ အကြောင်း ကိုယ်တွေ့ ခံစားပြီး
          	      '' ကျွန်မ ချစ်သော..... ကောင်လေး'' 
          	                                                 ကို အသက်သွင်း ရေးဖြစ်ခဲ့တယ်။
          	           အတာ့ ရဲ့ ကိုယ်တွေ့ ဖြ၀်ရပ်မှန်ပါ။
          	        အသည်း ကွဲခြင်း ကို ခံနိုင်ရည်မရှိတော့လို့ 
          	စာသား တွေ အဖြစ်ပြောင်းပြီး ၀တ္တုတို လေး တစ်ပုဒ် ဖြစ်အောင် ဖန်တီး
          	ထားတယ်။
          	       အတာ့ ရင်ထဲ ၀င်ပြီး ခံစားပေးပါ ဦးနော်
          	ဘ၀ တူ တွေ ရှိရင် Comment တွေ ရေးပြီး  ရင်ဖွင့်ခဲ့နော်
          	အားပေးစကားပြေားခဲ့ ပါ ဦး
          	                                            အတာ ချစ်သော....... 

DearYee

ချစ်ရတဲ့ အတာ့ သူငယ်ချင်းတို့ရေ...  
          အတာ လေ ကောင်လေး တစ်ယောက်နဲ့ မမ တို့ရဲ့ ဇာတ်လမ်း လေးကို ရေးထားတယ်။
                  မမ လို့ ခေါ် ပြီး ရင်ကို အစိမ်းလိုက်မွှာ တတ်တဲ့ ကောင်လေး
          ငယ်ငယ် လေးတွေ အကြောင်း ကိုယ်တွေ့ ခံစားပြီး
                '' ကျွန်မ ချစ်သော..... ကောင်လေး'' 
                                                           ကို အသက်သွင်း ရေးဖြစ်ခဲ့တယ်။
                     အတာ့ ရဲ့ ကိုယ်တွေ့ ဖြ၀်ရပ်မှန်ပါ။
                  အသည်း ကွဲခြင်း ကို ခံနိုင်ရည်မရှိတော့လို့ 
          စာသား တွေ အဖြစ်ပြောင်းပြီး ၀တ္တုတို လေး တစ်ပုဒ် ဖြစ်အောင် ဖန်တီး
          ထားတယ်။
                 အတာ့ ရင်ထဲ ၀င်ပြီး ခံစားပေးပါ ဦးနော်
          ဘ၀ တူ တွေ ရှိရင် Comment တွေ ရေးပြီး  ရင်ဖွင့်ခဲ့နော်
          အားပေးစကားပြေားခဲ့ ပါ ဦး
                                                      အတာ ချစ်သော....... 

DearYee

'' အကြမ်းဖက်ခံ ဘဝ များ '' ကို ဖတ်ကြည့်ပေးပါဦးနော်။ 
             တကယ် ခံစား နေ ရ တဲ့ အမျိုးသမီး တွေ ရဲ့ ခံစားချက် တွေကို စာနာမိတာ ကြောင့် စာဖတ်သူတို့ ရင်ထဲ တစ်စုံတစ်ခုသော အကြိုးသက်ရောက် မှု ရှိ ဖို့ ရည်ရွယ်ပြီး ကြိုးစား ရေးသားထားတာပါ။
                   ဖတ်ရှု ဝေဖန်ပေးပါဦးနော်။
                             

mon_lay_nge

သင်္ကြန်စာမူလေးထဲကကြိုက်တာ..မြတ်သောဂုဏ်ရည်ကိုလည်း libraryထဲထည့်ထားတာကြာပြီ။ သေချာလေးမဖတ်နိုင်သေးလို့မဖတ်ဖြစ်တာ..
          ဒီမနက်notiတက်လာတော့ မဖတ်ဘဲမနေနိုင်တော့ဘူး။
          
          အပိုင်း၂က ထားဆိုတဲ့ဆရာမလေးပြောင်းသွားတဲ့အချိန် ကလေးမလေးဂျာဆန်ပြောလိုက်တဲ့ 'တစ်ယောက်ပြီးတစ်ယောက်သမီးတို့ကိုထားသွားတယ်..ဆရာမ သမီးတို့ကိုမထားခဲ့ပါနဲ့နော်..သမီးတို့နဲ့နေပါနော်'
          အဲ့စကားလေးက ရင်ထဲနစ်ကနဲခံစားရစေတယ်။ တစ်ပိုင်းပြီးတစ်ပိုင်းဖတ်တဲ့အချိန်မှာလည်း တော်တော်ခံစားရတယ်။ ပတ်ဝန်းကျင်အနေအထားကို ဖော်ပြတဲ့နေရာမှာလည်း မျက်လုံးထဲမြင်အောင်ရေးတတ် တယ်။ အကြိုက်ဆုံးက အပိုင်း၈မှာဆရာမလေးပြောတဲ့စကား..
          'ငြိမ်းချမ်းရေးဆိုတာကို ကျွန်မမသိဘူး။ ကျွန်မသိတာ သေနတ်တွေထဲကကျည်ဆံတွေထပ်မထွက်လာဖို့ပဲ။ လက်နက်တွေနဲ့ဆက်ပြီး မတိုက်ခိုက်ကြရင်ကျေနပ်ပါပြီ'
          နောက်တစ်ခုက 'လူတွေကိုလိုက်သတ်တဲ့ အဲ့စစ်ပွဲတွေကို မုန်းတယ်'။ အဲ့စာသားတွေအားလုံးကို သိပ်ကြိုက်တာ။
          ပြီးတော့ ဗိုလ်မှူးနဲ့ဆရာမလေးကြားက သံယောဇဉ်မေတ္တာတရားကို ဖော်ပြတာလေးလည်းကြိုက် တယ်။ စာလုံးပေါင်းသတ်ပုံတွေမှားတာတော့ရှိတာပေါ့။ နောက်ပိုင်း စာရေးရင်းနဲ့အဆင်ပြေသွားမှာပါ။ ကိုယ်လည်းမှားတတ်တာပဲ။ ဘယ်သူမှပြည့်စုံတယ်ဆိုတာမရှိပါဘူး။ 
          
          နောက်ပြီး လေးစားတဲ့အချက်တစ်ချက်ရှိသေးတယ်။ တုံ့ပြန်မှုသိပ်မရှိတဲ့ ဇာတ်လမ်းလေးကိုအဆုံးထိရေးသွားတဲ့စိတ်။ အဲ့စိတ်ကို ကိုယ် သိပ်လေးစားတယ်။ လုပ်ရမယ့်အလုပ်ကို ပြီးဆုံးအောင်လုပ်သွားတာပေါ့။ 
          
          ရသမျိုးစုံခံစားရတဲ့ မြတ်သောဂုဏ်ရည်ဆိုတဲ့ ဇာတ်လမ်းလေးကိုကြိုက်နှစ် သက်တယ်။ တောင်းဆိုချင်တာတစ်ခုလည်းရှိသေးတယ်။ ဒီလိုအရေးအသားကောင်းပုံမျိုးနဲ့ lgbtဇာတ်လမ်းလေး တစ်ခုဖန်တီးပေးပါလား။ ဖတ်ကြည့်ချင်လို့ပါ။
          
          ကိုယ့်ရဲ့စာအရှည်ကြီးကြောင့် အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်။ 
          
          ပိတောက်ရွှေရည်ဆိုတဲ့ကလောင်နဲ့                 စာပေအများကြီးဖန်တီးနိုင်ပါစေလို့       ဆုမွန်တောင်းလျက်..။

mon_lay_nge

@PadaukShweYee ရပါတယ်..ပိတောက်ရေ။ မသိလို့ပဲဟာ။ 
Reply

DearYee

@gladiola_mon    တောင်းပန်ပါတယ်နော် ။မိန်းကလေးမှန်းမသိလို့ပါ ။တကယ်ပါ။
Reply

mon_lay_nge

@PadaukShweYee ပိတောက်က စာပေဗဟုသုတလည်းရှိတယ်။ စိတ်ဝင်စားအောင်လည်းရေးတတ်တယ်။ စကားလုံးနဲ့ပတ်သက်ပြီး မသိတာရှိရင်မေးပါ။ ကိုယ်တိုင်လည်း စာရေးစာဖတ်သူမို့ အချင်းချင်းတတ်နိုင်တာလေး ကူညီတဲ့သဘောပါ။ သိလွန်း တတ်လွန်းလို့မဟုတ်ပါဘူးနော်။ ပိတောက်ရဲ့အရေးအသားကိုတောင် ပြန်ပြီးအတုယူရဦးမယ့်သူပါ။ စကားလုံးအမှားနည်းဖို့ စာများများဖတ်ပြီး လေ့လာပါ။ တိုင်းရင်းသားအများစုက ဗမာစာနဲ့ပတ်သက်ပြီးအားနည်းတာကို ကိုယ့်မှာ တိုင်းရင်းသားသူငယ်ချင်းတွေရှိတော့ သိတယ်။ ပိတောက်က တိုင်းရင်းသူဆိုတော့ ကိုယ်တို့မသိသေးတဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့စိတ်ဝင်စားအောင် ရေးလို့ရပြီ။ တိုင်းရင်းသားတွေက ရိုးသားတယ်။ သူတို့ရဲ့စကားသံဝဲဝဲလေးကိုလည်း သဘောကျတယ်။ ရိုးရာဓလေ့တွေကိုလည်း မြတ်နိုးတယ်။ ဒါ့ကြောင့် ပိတောက်လည်း ဝါသနာပါရာ စာပေတွေအများကြီးဖန်တီးပါ။ အားပေးနေပါ့မယ်။ 
            
            ပြီးတော့ ကိုယ်က မိန်းကလေးပါ။ ပိတောက်ထက်တောင်ငယ်မယ်ထင်တယ်။ 
            ရှင်းပြတာပါ..♡´・ᴗ・`♡
            
             နောက်ထပ်ဖန်တီးမှုတွေကိုမျှော်နေပါ့မယ်..ပိတောက်ရေ 。^‿^。
Reply

DearYee

                     ပိတောက် ရဲ့ စာမှုတွေကို ဖတ်ရှုးပေးကြပါဦးနော်။
          ဇတ်လမ်း တစ်ပုဒ် ပြီးတိုင်းမှာ စာဖတ်သူတွေအတွက် massage
          လေးတွေရရှိစေဖို့ ရည်ရွယ်ပြီး ရေးသားနေပါတယ်။
                      ပိတောက် ရဲ့ စာမှုတွေကို ဖတ်ပြီး စာဖတ်သူတို့ ရင်ထဲမှာ
          တစ်စုံတစ်ခုသော အသိ လေးတွေရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
                                   စာဖတ်သူများကို အထူးကျေးဇူးတင်ရှိပါတယ်။