Ei_25_10

တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်မိတဲ့အခါ
          	အရမ်းနာကျင်ရမယ်ဆိုတာကို ကြိုသိခဲ့ရင်လေ
          	အဲ့ဒီချစ်ခြင်းမေတ္တာတွေအကြောင်းကို ဘယ်တုန်းကမှ
          	စူးစမ်းခဲ့မိမှာ မဟုတ်ဘူး။
          	
          	30.10.2024(Wed)

Ei_25_10

တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်မိတဲ့အခါ
          အရမ်းနာကျင်ရမယ်ဆိုတာကို ကြိုသိခဲ့ရင်လေ
          အဲ့ဒီချစ်ခြင်းမေတ္တာတွေအကြောင်းကို ဘယ်တုန်းကမှ
          စူးစမ်းခဲ့မိမှာ မဟုတ်ဘူး။
          
          30.10.2024(Wed)

Ei_25_10

အကြာကြီးပစ်ထားခဲ့မိတော့ မေ့သွားကြလေမလားလို့ 
          တွေးခဲ့မိတာ...ဒါပေမဲ့ အခုထိရှိနေကြပေးတာသိရတော့
          ဝမ်းသာမိပါတယ် 
          အခုထိရှိနေပေးကြလို့လည်း ကိုယ့်ရဲ့စာဖတ်သူတွေကို
          အရမ်းကျေးဇူးတင်ရပါတယ်
          S2ကိုလည်း ပုံမှန်လေး update ပေးနိုင်ဖို့ ကြိုးစားနေပါတယ်
          ရေးပြီးရင်ပြီးသလို ချန်မထားပဲ Up ပေးတတ်တာလည်း
          ရှင်တို့အသိပါနော် 
          Update ရက်အတိအကျမပေးနိုင်တဲ့ ကိုယ့်ရဲ့
          လိုအပ်ချက်အတွက်လည်း ရှင်တို့ကို အားနာမိပါတယ်
          စောင့်နေမလားဆိုတာတောင် သေချာမသိခဲ့ပေမယ့် 
          ကိုယ်ရောက်အောင်ပြန်လာခဲ့ပါတယ်နော်
          ဒါပေမဲ့ ရှင်တို့ရယ်...ကိုယ့်ချစ်ရသူလေးကတော့
          စောင့်နေမှာကိုသိသိရက်နဲ့တောင် ပြန်မလာတော့ဘူး
          (ဒါကတော့ သက်သက် ဒရမ်မာလေးတစ်ဖြတ်ပေါ့
           အခုများတော့ ကိုယ့်မယ် ''ဘာများဖြစ်တာလဲလို့
          အသည်းလေးကွဲတာကို ''ဆိုပြီးတောင် 
          အာမချောင်နိုင်တော့ဘူး ရှင်တို့ရယ်....)

Ei_25_10

@AmawThaw အများကြီး ကျေနပ်မိပါတယ်ရှင်❤
Reply

AmawThaw

ပြန်မလာတဲ့သူကိုစောင့်မနေချင်ပေမယ့်
            သာသာ့ကိုတော့အမြဲစောင့်နေမယ့်သူပါ
Reply

Ei_25_10

ရာဇဝင်တွေ ပုံပြင်တွေထဲမှာရော
          လက်တွေ့ဆန်တဲ့ လောကကြီးမှာရော
          နှစ်ဦးနှစ်ဖက်မေတ္တာသက်ဝင်ချစ်ကျွမ်းကြပါလျှက်
          ဝေးကွာစေဖို့ အကြောင်းဖန်လာတဲ့ 
          သတ်မှတ်ချက်တွေကြောင့် အဆုံးသတ်မလှခဲ့ရတဲ့ 
          ချစ်သူစုံတွဲပေါင်းများစွာရှိခဲ့ဖူးသတဲ့။
          ဒဏ္ဍာရီတွေ ပုံပြင်တွေမှာသာ မဟုတ်ပဲ 
          တကယ့်လက်တွေ့ဘဝကြီးမှာလည်း မလှပခဲ့တဲ့
          အဆုံးသတ်ပေါင်းများစွာ ရှိတတ်တာပဲမဟုတ်လား။
          မနက်ဖြန်ဆိုတာတွေဟာလည်း မသေချာဘူး။
          ခံစားချက်တွေဟာလည်း မသေချာကြပါဘူး။
          ဒါကြောင့်မို့ အနားမှာရှိနေတုန်း ချစ်ခွင့်ရနေတုန်းအချိန်မှာ
          အနာဂတ်တွေကိုမတွေးပဲ ချစ်စေချင်တယ်။
          ရန်ဖြစ်စကားများစရာတွေကြုံလာတဲ့အခါ 
          ရင်ထဲမှာသိမ်းမထားပဲ ပွင့်လင်းစေချင်တယ်။
          အသံတိတ်မာနတွေဟာ နောက်ဆုံးဆိုတဲ့အချိန်မှာ
          ပြင်ဆင်လို့မရတော့တဲ့ နောင်တတွေပဲ။
          နောက်ဆုံးဖုန်းခေါ်ဆိုမှုကို မကိုင်ဖြစ်ခဲ့တာမျိုး၊
          နောက်ဆုံးပို့တဲ့စာကို အကြောင်းမပြန်ဖြစ်ခဲ့တာမျိုး၊
          ဒါတွေကလည်း ပြင်ဆင်လို့မရတော့တဲ့အရာတွေပေါ့။
          ချစ်နေကြချိန်မှာ မာနတွေမထားကြတာအကောင်းဆုံးပဲ။
          အချိန်လွန်သွားရင် ဘာမှ​ပြန်ပြင်ဆင်လို့မရတော့ဘူး။
          ဘာရယ်တော့ မဟုတ်ပါဘူး။
          ဒီအတိုင်းစိတ်ထဲဒီအကြောင်းအရာလေးပေါ်လာလို့ရေးလိုက်ရုံပါ။ကဲ....စာဖတ်သူတို့ရေ ရှင်တို့လည်း ရှင်တို့ ချစ်ရသူတွေကို
          သိပ်ချစ်တဲ့ကြောင်းဝန်ခံဖို့ နောက်မကျစေနဲ့နော်။
          

YAMin569096

@Ei_25_10 အိအသဲကွဲနေတာလား
Reply

Ei_25_10

ဒီ​နေ့....စိမ်းနဲ့ ရိပ်တို့ကို ဖန်တီးခဲ့တာ တနှစ်ပြည့်တဲ့နေ့
          ဒီကမ္ဘာငယ်ဟာ ကိုယ့်အတွက် စိတ်ကို အေးချမ်းစေတယ်
          စိတ်ခံစားချက်တွေနဲ့ဖန်တီးခဲ့တဲ့ သူတို့လေးတွေကို
          အဲ့ဒီကမ္ဘာငယ်မှာ ပျော်နေစေချင်တယ်
          မပျော်ရတဲ့ရပ်ဝန်းတခုက လူတယောက်က
          ပျော်ရွှင်စရာရပ်ဝန်းတခုကို စိတ္တဇနာမ်လေးတွေနဲ့
          ပုံဖော်ခဲ့တာ တနှစ်တောင်ပြည့်ခဲ့ပြီ