EsthesiaArts
Unicode Esthesia's Unity Esthesiaရဲ့ ပြိုင်ပွဲနောက်တစ်ခုကိုကြိုဆိုလိုက်ကြရအောင်။ ဒီတစ်ခါမှာတော့ Adminတွေကို အုပ်စုနှစ်စုခွဲလိုက်မှာဖြစ်ပြီး Esthesia Thingyan ပြိုင်ပွဲက ဆုရAdminနှစ်ဦးက Groupနှစ်ခုကိုဦးဆောင်မှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဆုရပြိုင်ပွဲဝင်ဟာ တစ်ဦးပဲဖြစ်နိုင်တော့မှာပါ။ ဒီတစ်ခါမှာတော့ ပြိုင်ရမယ့်ဇာတ်အိမ်ကို ပေးထားမှာဖြစ်ပြီးတော့ ကိုယ့်ဉာဏ်စွမ်းဉာဏ်စနဲ့ ဇာတ်လမ်းကိုအသက်ဝင်အောင်ရေးသားရမှာပါ။ Groupကခေါင်းဆောင်တွေက အဖွဲ့ဝင်တွေရဲ့လိုအပ်ချက်တွေနဲ့ အဖွဲ့ထဲမှာ ဇာတ်လမ်းပုံစံမထပ်နေရေးအတွက် တာဝန်ယူကြရမှာဖြစ်ပါတယ်။ Groupနှစ်ခုလုံးမှာမှ Adminတစ်ဦးသာဆုရမှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုသတိပြုရမှာက Groupတစ်ခုမှာ ခေါင်းဆောင်သာမကဘဲ အဖွဲ့ဝင်တွေပါအချင်းချင်းစည်းလုံးဖို့လိုပါတယ်နော်။ Esthesia's Unity Contestလေးကို May6မှစတင်လိုက်ပါတယ်။ စာရေးဖို့အချိန်ကို May 20အထိပေးထားပါ့မယ်။ May 25မှာ Pageမှာတင်ပေးမှာဖြစ်ပြီး June 1ရက်မှာ Winnerကိုကြေညာပေးမှာပါ။ ဇာတ်အိမ် အရမ်းချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးမှာ တစ်ယောက်ရဲ့ဖောက်ပြန်မှုကြောင့် နှစ်ဦးသားကွဲကွာသွားခဲ့ကြပါတယ်။ ကျောင်းသားဘဝ အချစ်ဇာတ်လမ်းလေးလိုပေါ့။ သို့ပေမယ့် လုပ်ငန်းခွင်မှာ သူတို့နှစ်ဦးပြန်ဆုံတွေ့ကြတဲ့အခါ… ပြိုင်ပွဲစည်းကမ်းများ 1.စာလုံးရေ Zawgyi font(4000-6000) or (600-1000) Unicode font(2000-4000) or (400-600) သတ်မှတ်စာလုံးရေထက်မကျော်လွန်ရပါ။ (ပုံမှန်စာလုံးရေ 3000ကျော်ရေးလျှင် 4000နှင့်တွက်ပါ။ ပုံမှန်စာလုံးရေ 300ကျော်ရေးလျှင် 600နှင့်တွက်ပါ) 2.ပြိုင်ပွဲဝင်များသည် ကိုယ့်ficကိုယ် ကြိုက်သလောက်promoteလုပ်ခွင့်ရှိပါသည်။ 3.ရေးသားပြီးလျှင် June1မရောက်ခင်အထိ FicကိုEsthesiaမှလွဲ၍ တခြားဘယ်မှာမှတင်ခွင့်မရှိပါ။ Link share၍ရသည်။ Share၍ရပါသည်။ 4.Adminမဟုတ်သူများလည်းဝင်ပြိုင်ခွင့်ရှိသည်။ယှဉ်ပြိုင်လိုသူအားလုံးကို ခွင့်ပြုပေးမည်ဖြစ်ပါသည်။ 6.5.2020(Wednesday) WhiteButterfly