တစ်နေ့နေ့မှာ ကိုယ်မင်း‌‌ဆီရောက်အောင်လာချင်တယ်။
ပြီးတော့ မင်းဘေးနားလေးမှာ ဒါမှမဟုတ် မင်းမျက်ဝန်းတွေရှေ့ကိုရောက်ဖို့ မိုင်ပေါင်းများစွာ ဒီလိုဒီပုံ ဖြတ်သန်းလာခဲ့ရတဲ့ အကြောင်း၊ သိပ်လွမ်းလာတဲ့အခါ တွေ့ချင်မိလို့မျက်ရည်ဝဲခဲ့ရတဲ့အကြောင်း
အမှောင်ကျနေတဲ့နေ့ရက်တွေမှာမင်းရှိနေသေးတာပဲ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ပြီး ထွက်မပြေးဖြစ်တဲ့အကြောင်း
နောက်ပြီး
သိပ်ချစ်ရတဲ့အကြောင်းတွေကို မင်းအနားတိုးလာပြီး
ခပ်တိူးတိုးလေး ပြောပြချင်လို့ မင်းဆီရောက်အောင်
လာချင်တယ် ။

-ခက်နှောင်
  • JoinedOctober 21, 2022