Evangeline_Emerson

ဒီနေ့ အိမ်မက်ထဲ ပေါ်လာလေ့ မရှိတဲ့သူ ပေါ်လာပြန်ပါတယ်။
          	
          	ငါ့ကို ဘာလို့ အဲ့လို လာကြည့်နေရတာလဲ။
          	ဘာလို့ ငါက ခင်ဗျားကို နာကျင်စေသလို ကြည့်ရသလဲ။
          	အဲ့ဒီ မျက်ဝန်းတွေရဲ့အရောင်ကို တိတိပပ မမြင်ရပေမဲ့ ငါ ငေးကြည့်နိုင်မဲ့ မျက်ဝန်းတွေပဲ။
          	Hunter eyes ဆိုတဲ့ ပုံစံလဲ မဟုတ်။
          	Almond eyes လိုကမှ Thin သိပ်ဖြစ်တာလဲ မဟုတ်။
          	လှတယ်။ 
          	အဖြူအမဲ ရုပ်ပုံတွေကို zoom ဆွဲကြည့်နေရသလို။
          	ဒါပေမဲ့ အဲ့မျက်ဝန်းတွေက ငါ့ကြောင့် နာကျင်နေသတဲ့။
          	
          	ဘာသာတရားမတူတဲ့ မိသားစုတွေကြားက မိန်းကလေးမလို့ ဘာသာတရားတွေရဲ့ အယူအဆတွေကို လိုက်လေ့လာတတ်တာ ငယ်ငယ်ထဲက။
          	ခရစ်ယာန်ဘာသာရဲ့ မတူခြားနားတဲ့ ဂိုဏ်းကွဲတွေအကြောင်း၊ ဗုဒ္ဓဘာသာရဲ့ အယူအဆတွေ သိပ်များကြောင်း၊ နတ်တွေကော ၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာတွေများစုံလို့။ ဥရောပဘက် နယ်ချဲ့မိတော့ ဂျူးတွေရဲ့ အယူအဆကို နည်းနည်းလေး ပိုသိလာတယ်။ 
          	
          	Reincarnation က တကယ်သာဆိုလေ အဲ့လူကို ငါ ပြန်တွေ့နိုင်မှာလား။
          	အဲ့လူက ဘာလူမျိုးလဲ။
          	ဘာ ဘာသာစကားသုံးပါသလဲ။
          	သိချင်မိတဲ့ စိတ်အစုံကြောင့် ဘာသာစကားတွေကို အများကြီး လေ့လာခဲ့တယ်။
          	အဲ့လူမျက်နှာကို မှန်းပြီး ရေးဆွဲလိုက်တိုင်း ရေရေရာရာ ပေါ်မလာတဲ့ မျက်နှာအစိတ်အပိုင်းတွေ။
          	သူ့ပုံ ပန်းချီဆွဲဖို့ ငယ်ငယ်ထဲက အားသွန်ခွန်စိုက်လာတာ။
          	အများကြီးလေ့ကျင့်ခဲ့လဲ စုတ်တံကိုင်လိုက်ချိန်မှာ အတွေးထဲ ဗလာဖြစ်ပြီး ဘာမှ မမှတ်မိတော့တဲ့ အဲ့လူ။
          	မျက်နှာကပဲ ကွက်ဝါးနေသလို။
          	အိမ်မက်ထဲမှာတော့ ထိုလူ့မျက်နှာ သိပ်ချောကြောင်း မြင်ပါရဲ့။
          	Memory recall တဲ့အခါ ဘာမှ မမှတ်မိ။
          	ငါ့ ငယ်ဘဝရဲ့ ၁၃ နှစ်ကို ချည်းနင်းဝင်ရောက်လာတဲ့အချိန် ပေါ်လာခဲ့တဲ့ အိမ်မက်လေး။
          	ဒါ သိပ်မဖြစ်နိုင်တာမလား။
          	အဲ့လို အဖြစ်ကို “ သွဲ့ ” ရဲ့ စာအုပ်မှာ တွေ့တော့ ကိုယ် ရူးချင်စိတ်ပါ ပေါက်တယ်။
          	ငါကော အဲ့လိုလူ တွေ့မှာလား။
          	ဆောလ်လို ဖြစ်နေတာလား။
          	
          	တကယ်ပဲ ခက်လိုက်တာ ခင်ဗျားရယ်။
          	ငါက ဘာတွေ နာကျင်စေသလဲ။
          	

Evangeline_Emerson

ဒီနေ့ အိမ်မက်ထဲ ပေါ်လာလေ့ မရှိတဲ့သူ ပေါ်လာပြန်ပါတယ်။
          
          ငါ့ကို ဘာလို့ အဲ့လို လာကြည့်နေရတာလဲ။
          ဘာလို့ ငါက ခင်ဗျားကို နာကျင်စေသလို ကြည့်ရသလဲ။
          အဲ့ဒီ မျက်ဝန်းတွေရဲ့အရောင်ကို တိတိပပ မမြင်ရပေမဲ့ ငါ ငေးကြည့်နိုင်မဲ့ မျက်ဝန်းတွေပဲ။
          Hunter eyes ဆိုတဲ့ ပုံစံလဲ မဟုတ်။
          Almond eyes လိုကမှ Thin သိပ်ဖြစ်တာလဲ မဟုတ်။
          လှတယ်။ 
          အဖြူအမဲ ရုပ်ပုံတွေကို zoom ဆွဲကြည့်နေရသလို။
          ဒါပေမဲ့ အဲ့မျက်ဝန်းတွေက ငါ့ကြောင့် နာကျင်နေသတဲ့။
          
          ဘာသာတရားမတူတဲ့ မိသားစုတွေကြားက မိန်းကလေးမလို့ ဘာသာတရားတွေရဲ့ အယူအဆတွေကို လိုက်လေ့လာတတ်တာ ငယ်ငယ်ထဲက။
          ခရစ်ယာန်ဘာသာရဲ့ မတူခြားနားတဲ့ ဂိုဏ်းကွဲတွေအကြောင်း၊ ဗုဒ္ဓဘာသာရဲ့ အယူအဆတွေ သိပ်များကြောင်း၊ နတ်တွေကော ၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာတွေများစုံလို့။ ဥရောပဘက် နယ်ချဲ့မိတော့ ဂျူးတွေရဲ့ အယူအဆကို နည်းနည်းလေး ပိုသိလာတယ်။ 
          
          Reincarnation က တကယ်သာဆိုလေ အဲ့လူကို ငါ ပြန်တွေ့နိုင်မှာလား။
          အဲ့လူက ဘာလူမျိုးလဲ။
          ဘာ ဘာသာစကားသုံးပါသလဲ။
          သိချင်မိတဲ့ စိတ်အစုံကြောင့် ဘာသာစကားတွေကို အများကြီး လေ့လာခဲ့တယ်။
          အဲ့လူမျက်နှာကို မှန်းပြီး ရေးဆွဲလိုက်တိုင်း ရေရေရာရာ ပေါ်မလာတဲ့ မျက်နှာအစိတ်အပိုင်းတွေ။
          သူ့ပုံ ပန်းချီဆွဲဖို့ ငယ်ငယ်ထဲက အားသွန်ခွန်စိုက်လာတာ။
          အများကြီးလေ့ကျင့်ခဲ့လဲ စုတ်တံကိုင်လိုက်ချိန်မှာ အတွေးထဲ ဗလာဖြစ်ပြီး ဘာမှ မမှတ်မိတော့တဲ့ အဲ့လူ။
          မျက်နှာကပဲ ကွက်ဝါးနေသလို။
          အိမ်မက်ထဲမှာတော့ ထိုလူ့မျက်နှာ သိပ်ချောကြောင်း မြင်ပါရဲ့။
          Memory recall တဲ့အခါ ဘာမှ မမှတ်မိ။
          ငါ့ ငယ်ဘဝရဲ့ ၁၃ နှစ်ကို ချည်းနင်းဝင်ရောက်လာတဲ့အချိန် ပေါ်လာခဲ့တဲ့ အိမ်မက်လေး။
          ဒါ သိပ်မဖြစ်နိုင်တာမလား။
          အဲ့လို အဖြစ်ကို “ သွဲ့ ” ရဲ့ စာအုပ်မှာ တွေ့တော့ ကိုယ် ရူးချင်စိတ်ပါ ပေါက်တယ်။
          ငါကော အဲ့လိုလူ တွေ့မှာလား။
          ဆောလ်လို ဖြစ်နေတာလား။
          
          တကယ်ပဲ ခက်လိုက်တာ ခင်ဗျားရယ်။
          ငါက ဘာတွေ နာကျင်စေသလဲ။
          

Evangeline_Emerson

အခုတလော ဘာဖြစ်ချင်နေမှန်း မသိဘူး။
          
          ငါဟာငါနဲ့ မတူတော့ဘူး။
          
          Assignment တွေကိုလဲ သိပ်စိတ်ကုန်တယ်။
          
          ကံကောင်းမှုတွေက ၂၀၂၄ အစထဲက ပျောက်နေလိုက်တာ။
          
          အအေးဓာတ်ချင်း တူရင်တောင် အမိမြေက အအေးဓာတ်ဟာ ပိုသက်သောင့်သက်သာဖြစ်တယ်။
          
          မြို့အဝင်က စိန်ပန်းပင်တွေ၊ နီးစပ်ရာက သစ်ပင်ကြီးတွေ အုံ့စိုင်းနေတာက လမ်းသွယ်လေးပါ မကျန်။ 
          သိပ်သတိရတာပဲ။
          
          လန်ဒန်က ရန်ကုန်လိုပဲ။
          ဖေဖေ့ကို လန်ဒန်မှာလဲ သူခိုးလူဆိုးသိပ်ပေါကြောင်း ပြောတော့ ဖေဖေက မယုံဘူးရယ်။
          တိုးတက်နေတဲ့နိုင်ငံတွေကို သိပ်အထင်ကြီးတာပဲ။
          
          ဖင်လန်ရဲ့ အအေးဓာတ်ကို ရတုန်းကဖြင့် ပြင်ဦးလွင်ကို သိပ်လွမ်းတာ။
          
          ဆွစ်ဇာလန်ရဲ့ Hotel luxury management ပိုင်း အထူးပြုသင်တဲ့ University တွေကို မြင်တော့လဲ ကိုယ့်ရန်ကုန်ကို သတိရတာပဲ။
          ဥရောပအဆောက်အအုံတွေက မြန်မာမှာဆို ရန်ကုန်မယ် အပေါဆုံးပဲလေ။
          
          အဲ့ထဲက တစ်ခုကလေ အရင်က ဟိုတယ်ဖွင့်ဖူးတဲ့ Castle ပုံစံ အဆောက်အအုံကြီး။
          ဟီး” ကြောက်စရာလို့ထင်မိတာရယ်။
          အနောက်မှာ ရေကန်ကြီးနဲ့။
          မြို့နဲ့လဲ လှမ်းတော့ ကြောက်သား။
          
          Church တွေ သိပ်လှတာပဲ။
          သူတို့တွေ ထိန်းသိမ်းတတ်လိုက်တာ။
          ခပ်လှမ်းလှမ်းကနေ လည်ပင်းဇက်ကျိုးအောင် မေ့ကြည့်ရတဲ့ Cologne Cathedral က အမှတ်ရရ။
          
          ဓာတ်ပုံထဲတော့ သိပ်လှတာ။
          အီတလီသားတွေလဲ သိပ်ချော။
          
          ဒီလို အလည်အပတ်တွေက စိတ်ပြေစေတယ်။
          စာအုပ်တွေ ရှိနေလို့ တော်သေးတယ်။
          စာတွေ ဖတ်ရရင် လွတ်သွားတဲ့ စိတ်အစုံကို သဘောကျတယ်။
          
          ဆရာမင်းလူရဲ့ စာအုပ်ကို ဖတ်မိနေတာ။
          အရေးစကားပြေနဲ့ဆိုပေမဲ့ တကယ်သဘောကျစရာပဲ။
          
          ဒီလို အဖိုးထိုက်တဲ့ စာရေးဆရာတွေ ပေါများလာဖို့ ဆုတောင်းရမယ်။
          
          သတိရလိုက်တာ မျက်ရည်ကျမိတယ်။
          ဪ ပြန်ချင်ရက်နဲ့ မပြန်နိုင်သေးတဲ့ တို့ရဲ့ အိမ်လေးရယ်…။
          
          တော်လှန်ရေးကို စိတ်ထဲနှစ်လို့ ပိုကြိုးစားပါ့မယ်။

Evangeline_Emerson

Umm ဘာရယ် မဟုတ်ပါဘူး။
          ဒီတိုင်း သူများတွေလဲ ရေးထားတာလေး တွေ့လို့ ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်တယ်ပေါ့နော်။
          ဒီစာကို ဘယ်သူ မြင်နေမလဲတော့ မသိပေမဲ့ ဒီစာရေးနေတဲ့အချိန် “ အသွဲ့ ” ဆိုတဲ့ စာရေးသူလေးကို သိပ်သိပ် သတိရတာပါပဲ။
          
          အခု Maiden Sa ကို ပြန်ဖတ်နေတာ။
          Satt is such a great writer ^^
          တကယ်ကောင်းတယ်။ မရိုးသွားဘူး။ 
          အဆင့်အတန်းမီတဲ့အရာတွေက အမြဲသစ်လွင်ဆဲ။
          
          အစက Og တစ်ပုဒ်လိုက်နေတာရှိပေမဲ့ ဆွဲဆောင်နိုင်မှုက သုညလယ်ဗယ်ရောက်လာတော့ စာဖတ်ချင်စိတ်ပါ ပျောက်ရှသွားရတယ် LOL
          
          စောက်စိတ်အပေါက်ဆုံးက Warning မပေးတာပဲ။
          Dirty talk တွေကို ဒီတိုင်းမြင်ရင် မခံစားနိုင်တာ တကယ်ကြီး။
          Hard core dirty talk ဆို ပိုဆိုး။
          Bed scene ဆို သွဲ့ကလေး ရေးတာများ အဆင်ပြေချက်။
          ပြီးရင် Satt တို့ ချစ်ရတဲ့ မတိမ်ပြာတို့ ရိုရိုချိုချိုဆိုတဲ့ ဂျမ်တို့ မနှင်းခဲနဲ့ မမွန်ပဲ။
          
          ခွန်းမောင်တို့ကတောင် အခုလောက် စိတ်ပေါက်စရာဖြစ်မနေဘူး။ ( I love my son ဥက္ကာပျံ )
          ရေးသူပေါ် ထားတဲ့ မေတ္တာနဲ့ပဲ တိုက်ရိုက်ကျသလား။
          
          Whatever ကိုယ့်ကလေးတွေကိုပဲဆက်ဖတ်တော့မယ်။
          Ogကို သွဲ့ကလေးရဲ့ မောင်လေးတို့ပဲ ဆက်လိုက်တော့မယ်။
          အသစ်ဘယ်လောက်ကောင်း” ပြောရအောင်လဲ အသစ်တွေက စုတ်ချာနေတာ :<

Evangeline_Emerson

ဆယ်နှစ်အရွယ်လေး တစ်ယောက်က ကြိုးတစ်ချောင်းကို တန်းတစ်ခုမှာ ချည်လို့ သူမ တစ်ခုခုကို စဉ်းစားနေတယ်။
          
          ဘာဖြစ်နိုင်မလဲ။ သတ်သေခြင်းပေါ့။
          သူမသာ သေသွားခဲ့ရင် ဘာဖြစ်သွားမလဲ။
          ကမ္ဘာဟာ ပုံမှန်အတိုင်း လည်နေလိမ့်မယ်။
          မည်သူကမျှ အရေးတယူလုပ်နေမှာမဟုတ်။
          
          မသေခင် လုပ်ရမှာက ကိုယ်ရေးကိုယ်တာတွေကို ဖျက်ရမယ်။
          ဒီမိသားစုက သူမရဲ့ ကိုယ်ရေးကိုယ်တာစာအုပ်တွေကို စည်းကမ်းမဲ့စွာ ဝင်ဖတ်ကြတယ်။
          သိပ်စိတ်ပျက်စရာပဲ။
          ငယ်ငယ်ထဲက ခံလာရတဲ့ လူမျိုးရေး ခွဲခြားမှုတွေ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုနဲ့ အကြမ်းဖက်တတ်တဲ့ ဖခင်ရှိတဲ့ အိမ်တစ်ခု။
          ဆယ်နှစ်ကျော်ကျော် ကလေးမအတွက် ဒါတွေဟာ များပြားလှတဲ့ ဖိအား။
          ဟော စာတော်နေပြန်တော့လဲ ဆရာမတွေကို ကပ်ဖားပါတယ်တဲ့။ 
          သူတို့က ဆရာမတွေက သူမကို သိပ်မုန်းတာကို သိကြပါရဲ့လား။
          သူတို့က မကြိုးစားလို့လေ သူမ ထူးပြီး စာလုပ်နေမှ မဟုတ်တာ။
          သူမ စိတ်ထဲကပဲ ဒီစကားတွေကို ပြောလိုက်တယ်။
          မဟုတ်ရင် လူပုံအလယ် အရှက်ခွဲခံရပြန်လဲ မိဘတွေကို ပြန်ပြောနိုင်မည်မှ မဟုတ်တာ။
          သူတို့အလုပ်အဆင်မပြေရင်သာ ရိုက်မည်။နှက်မည်။
          
          တစ်နေ့တော့ ဖုန်းသုံးရင်း ဝင်ဖတ်မိတဲ့ စာအုပ်လေးတစ်အုပ်ဟာ နွေးထွေးရာ ရပ်ဝန်းဖြစ်လာလိမ့်မယ်လို့ သူ ထင်ခဲ့မှာ မဟုတ်ဘူး။
          
          မေတ္တာတွေနဲ့ လွှမ်းခြုံနေတဲ့ ရပ်ဝန်း။
          အဲ့ဒီ စာရေးသူက အမျိုးသမီးတွေကို ချစ်ပေးဖို့ပြောသလို၊ အမျိုးသမီးတွေကို ဗီလိန်နေရာ မရေးဘူး။
          သူမရဲ့ ဖန်တီးမှု ဇာတ်ကောင်တွေကို မဆဲဆိုဖို့ စကားချိုလေးတွေနဲ့ မေတ္တာရပ်ခံတတ်တဲ့ စာရေးသူ။
          သူမဆီမှာ ဗီလိန်ဇာတ်ကောင်မရှိဘူး။
          လူတိုင်းဟာ ဒဏ်ရာကိုယ်စီနဲ့ပါတဲ့။
          ဒီ စာရေးသူရဲ့ ကလောင်လက်ကြောင့် ဆယ်ကျော်သက်လေးခမျာ မေတ္တာတွေနဲ့ ခြုံနေတဲ့ရပ်ဝန်းထဲ ချည်းနင်းရောက်ရှိသွားတယ်။
          
          တဖြည်းဖြည်းနဲ့ နွေးထွေးတဲ့ ရပ်ဝန်းလေးဟာ နယ်ပြန့်လာတယ်။
          သူမဟာ သူမကိုယ် သူမ သိပ်ချစ်လာတယ်။
          သူမဆီမှာ ဘယ်သူမှ မရှိရင်တောင် သူမ ရှိနေသေးတာမလို့ သတ်သေဖို့ရာဆိုတာ နားထားစမ်းပါ။
          Anxiety တွေ ပြည့်နေရာကနေ လူတွေနဲ့ အဆက်အဆံလုပ်လာနိုင်တယ်။
          
          ဒီရပ်ဝန်းကြောင့် သိပ်နွေးထွေးကြောင်းကို ဥရောပမှာ စာသင်နေတဲ့ ကျောင်းသူလေးက ကျေးဇူးတင်လွှာအနေနဲ့ ဒီမှာ ရေးလိုက်ပါတယ်ရှင်။
          
          သို့ @callmefrangi ချစ်ရပါသော သွဲ့