Fiery_Floria

Hi hi
          	အကြာကြီးတစ်နှစ်ကျော်လောက်ပျောက်သွားမိရတာ အားနာပါတယ်ရှင့်။ floအနေနဲ့ GEDပြီးဖို့ရော ဂျပန်မှာ ကျောင်းဆက်တတ်ဖြစ်ဖို့အတွက် ဂျပန်စာရောလုပ်နေရလို့ ဒီဘက်မလှည့်နိုင်ဖြစ်နေတာပါရှင့်ㅠㅠ
          	သူငယ်ချင်းတွေက လာလာမေးကြပေမဲ့ ကိုယ်က အလုပ်တစ်ဖက်နဲ့ကော ကျောင်းစာနှစ်ခုနဲ့ရောဆိုတော့ ဗျာများပြီးပစ်ထားမိထားတာ သွေ့ပုချိပါရှင်။ အခုတောင် ရေကျောက်ပေါက်လို့ အလုပ်နားနေရင်းအချိန်အားလို့ရယ်။
          	Wattpadထဲတောင် ဒီနေ့မှပြန်၀င်မိတာ။ 
          	ဒီညနေ အိုမီဂါလေး အပိုင်းသစ်နဲ့လာခဲ့ပါ့မယ်ရှင့် <3 
          	Updateမြန်မယ်လို့ အာမ မခံနိုင်ပေမဲ့ အိုမီဂါလေးလည်း ပြီးခါနီးပြီဆိုတော့ အတတ်နိုင်ဆုံး အဆုံးထိပြီးအောင်ပြန်ပေးပါ့မယ်နော် စောင့်နေပေးကြတာကျေးဇူးပါရှင့်။ အိုင်လပ်ယူအောပါ<3

Nway_Nway_Naing0

@Fiery_Floria နောက်ဆုံးတော့စောင့်ရကျိုးနပ်ပြီပေါ့  ရေကျောက်အမြန်ပျောက်ပါစေနော်
Reply

Nyein_ChitThu

ညီမရေ
          သူများက ကျန်နေတဲ့ အပိုင်းလေး အများသူငှါ ဖတ်ရအောင် ဆက်ပြန်မယ်ဆိုတော့လည်း ခွင့်မပြု၊ ညီမဘဲ  ဆက်ပြန်မယ်ဆိုပြီး တပိုင်းတည်း update လုပ်ပြီး ပစ်ထားလိုက်တယ် ။ 
          အကျင့်မကောင်းဘူးနော်

Lxiao31

@Fiery_Floria စ ဖတ်ကြည့်မယ်ဆိုပြီး အဆုံးမရှိလို့ဝင်ကြည့်လိုက်တာ
            ဆက်ပြန်မယ့် သ​ဘောမရှိ​တော့ဘူးဆို​တော့
            မဖတ်ဖြစ်​တော့ဘူး​ပေါ့
Reply

Fiery_Floria

@Nyein_ChitThu ဆက်ပြန်မယ့်သူဆိုတာကို မသိ‌ရပေမဲ့ ဆက်ပြန်မယ်ဆိုတာကိုတော့ ခွင့်မပြုတာအမှန်ပါပဲ။ ညီမကိုယ်တိုင်ပြန်ထားတဲ့ အပိုင်းတွေကို ဆက်ပြီးပြန်တယ် ဆိုတာ respect တော်တော်မရှိလို့ကို ခွင့်မပြုတာပါ။
            ဒါပေမယ့် အစကနေပြန်ချင်တဲ့သူရှိတယ် အစကနေပဲ ပြန်မယ်ဆိုရင်တော့ ကြိုက်တဲ့သူ pick သွားလို့ရပါတယ်။ 
            
            အကျင့်မကောင်းတာအတွက် ရှင်းရရင် အစ်မက ညီမအကြောင်းဘယ်လောက် သိနေလို့လဲဟင် ? ညီမ personal တွေကို အစ်မဘယ်လောက်တောင်များ သိထားလို့ ဒီစကားကို ပြောလဲ တကယ်နားမလည်နိုင်ဘူး။ abroad study လုပ်နေတဲ့သူအတွက်က အလုပ်နဲ့ ကျောင်းစာကြားမှာ အချိန်လုပြီး ဘာသာပြန်နေရတာပါ။ google translate နဲ့ပြန်ထားတာလည်းမဟုတ်သလို တစ်ပိုင်း တစ်ပိုင်းကို နာရီနဲ့ချီပြီးရေးရ၊ မသိတာရှိရင် မူရင်းကိုပါဖတ်ပြီး လိုက်ရှာ အချိန်ပေးပြီး စာဖတ်သူတွေ သေချာရှင်းလင်းနားလည်‌ေအာင် အားစိုက်ထုတ်ထားရတာပါ။
            
            အပ်ဒိတ်အတွက်ကတော့ အခုထိလည်း အာမမခံနိုင်သေးပါဘူး။ အစကနေ ပြန်ချင်တဲ့သူရှိရင် ပြန်ပါ၊ ခွင့်ပြုတာတွေ မပြုတာတွေက ညီမနဲ့တောင်မဆိုင်နေဘူး။
Reply

Nyein_ChitThu

အိုမီဂါကို ပြောတာ
Reply