Funnywanly

မင်္ဂလာပါ .. 
          	သတင်းလေးတစ်ခု ပေးစရာရှိလို့ ရေးလိုက်ပေမယ့် noti တက်ပါ့မလားတော့ မသိဘူးရယ်..
          	
          	ကျနော်ရေးထားတဲ့ gl ဇာတ်လမ်းတိုလေးကို MIRadio ဆိုတဲ့ Facebook စာမျက်နှာမှာ လာရောက် နားထောင်ပေးလို့ရကြောင်း အသိပေးချင်လို့ပါ.. စိတ်ဝင်စားမယ်ဆိုရင်ပါ.. အချိန်အားဖြင့် 17မိနစ်လောက်ပဲ ရှိပါတယ်..
          	
          	သက်တံ့၏အစိတ်အပိုင်းတစ်စုံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကလောင်ရှင် Aerial ပါ...
          	
          	မူပိုင်ခွင့်အရ ကျနော် ဒီအကောင့်မှာ တင်လို့မဖြစ်တာကြောင့်ရယ် ကျနော်ဘာလေးရေးရေး စိတ်ဝင်တစားဖတ်ရှုပေးသူ လူတစ်ယောက် နှစ်ယောက်လောက်ကို ကျနော့်ဖန်တီးမှုလေးတစ်ခုကို အသိပေးချင်တာကြောင့်ရယ် လာအသိပေးရခြင်းပါ ♥️
          	
          	အဲ့ထက်ပို အရေးကြီးတာက ကျနော့်follower ထဲမှာ ဝါသနာတူ ဇာတ်လမ်းဖန်တီးသူများရှိခဲ့ရင်လည်း ကိုယ့်ဖန်တီးမှုကလေးတွေ ပေးပို့ကြည့်နိုင်အောင် အသိပေးရခြင်းပါ..
          	
          	အသိအမှတ်ပြုခံရသည်ဖြစ်စေ မဖြစ်စေ စာရေးနေရရင် ပျော်နေတဲ့စိတ်ကို ဝါသနာပိုးတူတွေ ပိုနားလည်နိုင်တာမို့ ဖန်တီးမှုတစ်ခုစီတိုင်းကို လက်လျှော့မပစ်ဘဲ ရှေ့ဆက်လျှောက်ဖို့ အားယူကြရအောင်နော် ♥️
          	
          	ဖန်တီးပါ.. ပျံသန်းကြည့်ပါ.. ကျနော်ဆို နေရာတကာ လိုက်ပို့ကြည့်ရင်း ကိုက်ညီမှုမရှိပါလို့ အငြင်းခံရခြင်းတွေလဲ ရှိဖူးပါတယ်.. ပထမတော့ နာကျင်ရပေမယ့် ငါဘာလို့စာရေးတာလဲ လို့ ပြန်တွေးကြည့်တဲ့အခါ စာရေးနေရရင်ငါပျော်လို့ပဲ ဆိုတာ သတိရလာတယ်..
          	
          	အဲ့ဒီအခါ အငြင်းခံရခြင်းတွေကလည်း စိတ်အားငယ်စရာမဟုတ်တော့ဘူး လို့ နားလည်လာတယ်..
          	
          	စာရေးခြင်းက ပန်းချီကားတစ်ကား အနုပညာတစ်ခု ဖန်တီးသလိုပါပဲ.. အကြိုက်ခြင်းမတူနိုင်သလို ပုံစံလဲ မတူနိုင်ဘူးပေါ့.. ဒါကြောင့် ကိုယ့်ဖန်တီးချင်စိတ်လေးတွေကို လွတ်လွတ်လပ်လပ်လွှတ်ပေးရင်း ပျော်ရွှင်ကြရအောင်နော်...

Sweet December to u all...
          
          ငြိမ်သက်သော အေးချမ်းသော ဒီဇင်ဘာဖြစ်စေကြောင်း ဆုတောင်းဖို့ရာတော့ မဖြစ်နိုင်ဘူးပေါ့လေ.. ဒါပေမယ့် တစ်ဦးတစ်ယောက်စီရဲ့ရင်ထဲမှာ ခဏတဖြုတ်လေးပဲဖြစ်ဖြစ် ငြိမ်သက်သောအခိုက်အတန့်လေးတွေ ရရှိနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်..
          
          အလပ သလာပနှုတ်ဆက်စကားနဲ့အတူ တောင်းပန်စရာလေးလဲ ရှိပါသေးတယ်... 
          
          ဒီဇင်ဘာလောက်ကျရင် ကျနော် unpunished ထားတဲ့ bl အရှည်လေးနဲ့အတူ အတိုလေးတစ်ပုဒ်ပါ ပြန်တင်ပေးမယ်လို့ ‌‌‌ပြောထားခဲ့ပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့် မတင်ဖြစ်သေးပြန်ပါဘူး.. ဘယ်တော့တင်ဖြစ်မလဲဆိုတာလဲ ကျနော် မပြောနိုင်သေးပြန်ပါဘူး...
          
          မပြည့်ဝတဲ့ပညာရည်နဲ့ ဝါသနာအရင်းခံပြီးရေးထားတဲ့ ကျနော့်ဇာတ်လမ်းလေးတွေကို သဘောကျနှစ်ခြိုက်ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ရင်ထဲက တကယ်ပဲ ကျေးဇူးတင်ရပါတယ်...
          
          ဗဟုသုတတွေပေးနိုင်လောက်အောင်၊ ရသမြောက်သောခံစားချက်တွေ ခံစားရစေလောက်အောင် ကျနော် မတော်မတတ်ပါဘူး...
          
            ကျနော့်ခံယူချက်နဲ့ရေးထားတဲ့ မဖြစ်စလောက်အနုပညာလေးဟာ ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ အဆိပ်အတောက်မဖြစ်စေခဲ့ရင် မှားယွင်းသောခံယူချက်တွေမဖြစ်စေခဲ့ရင်ကိုပဲ ဖန်တီးရေးသားနေရတာ နေပျော်နေတာပါ... 
          
          ကိုယ်ဖန်တီးသမျှ ကိုယ့်အနုပညာပဲမို့ ကျနော့်အနုပညာလေးတွေကို ချစ်ခင်နှစ်သက်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ♥️ 

Funnywanly

တောင်းပန်ပါတယ်
          She" my blue color မှာ gfatt သီချင်းတွေအကြောင်း ထည့်ရေးမိလို့ ဖတ်ခဲ့တဲ့သူတွေရှိရင် တကယ်ကို တောင်းပန်ပါတယ်
          
          လွန်ခဲ့တဲ့တစ်နှစ်က ကတည်းက ရေးခဲ့ပြီးသားဆိုပေမယ့် တောင်းပန်ပါတယ်

flos_vv

အဆင်ပြေမယ်ဆိုရင် ဆောင်းခိုငှက်ငယ်နှင့် သူ၏ရင်ခွင်အို‌ လေးရော ပြန်တင်ပေးပါအုံးရှင် 

Funnywanly

@flos_vv April သင်္ကြန်ပိတ်ရက်မတိုင်မီလောက် တင်ထားလိုက်ပါမယ်
            ပိတ်ရက်လောက်ကျ တစ်ချက် ဝင်စစ်ကြည့်လိုက်ပါနော်  
            Have a nice day!
Reply