HanNiNiHtwe_9
"နွေဦးမောင်" တဲ့
ချစ်မိတော့လည်း နာမည်လေး ကြားတာနဲ့ ရင်ထဲနွေးရတာပါပဲ မောင်ရယ်။
စနေနာမ်ဆိုရှောင်တဲ့ မိန်းမ။ "မောင်"ဆိုတဲ့နာမ်စားကို မကြိုက်တဲ့ မိန်းမ။
အရာရာဟာ မောင်နဲ့ သာဆို ခြွင်းချက်တွေ ချည်းထင်ပါရဲ့လေ။
နာမ်ပဲ ရှိတာပါဆိုပြီး လက်ခံထားလည်း မြတ်နိုးမှုက အနှိုင်းမဲ့ပါပဲ မောင်။
အမျိုးသမီး တစ်ယောက်ရဲ့ စိတ်ကူးပုံဖော်မှုဟာ ကိုယ့်အတွက် အရာရာဖြစ်ခဲ့မယ်ဆိုတာ မတွေးခဲ့ရိုးအမှန်ပါ။
ချစ်တဲ့သူအတွက်ဆို နူးညံ့လွန်းတဲ့ အမျိုးသား။
မောင်ဟာ သေချာပေါက် ကိုယ့်အတွက်တော့ အနှိုင်းမဲ့ပါပဲ။
ချစ်ခြင်းမေတ္တာကို မယုံခဲ့တဲ့မိန်းမလည်း မောင့်အချစ်တွေထဲမှာ ပျော်ဝင်ပြစ်ချင်ပါရဲ့မောင်။
ဘဝရဲ့နောင်တအကင်းဆုံးအရာဆိုတာ မောင့်ကို မြတ်နိုးမိတာပါပဲ။ချစ်တယ်ဆိုတာထက် မြတ်နိုးပါရဲ့ မောင်။
-ကံ့ကော်ဟန်