Haru_KatoKambe
ကိုယ်မေတ္တာကို အချစ်လို့ခေါင်းစဥ်တပ်ခဲ့တယ် အမှန်တော့ ကိုယ့်စီမှာ အချစ်က ၃ခါသေဆုံးခဲ့ပြီးပြီမို့ အချစ်ထပ် မေတ္တာတရားကိုပဲ ဝေမျှတော့တယ် သူတို့မေးရင်တော့ ကိုယ်မင်းကိုချစ်ပါတယ်ပေါ့ ကိုယ့်ဘဝထဲကိုရောက်တာနဲ့ ကိုယ့်ကို ယုံကြည်ပေးရမှာကို တဖြေးဖြေးဖျက်ဆီးပြီးမှ ကိုယ့်ရဲ့ယုံကြည်မှုတံတိုင်းကို ဖြိုလှဲပြီးမှ ကိုယ့်ကို ထပ်လိုချင်နေသေးတာလား အမှန်တိုင်းကိုဝန်ခံရရင် ရှိတာပေါ့ မင်းအပေါ်မှာ ကိုယ့်ရဲ့ နက်ရှိုင်းတဲ့ခံစားချက်တွေ ဒါတွေကို မင်းပဲရိုက်ချိုးခဲ့တာ ရှင်းရှင်းပြောရရင် ကိုယ်တခြားသူကိုမယုံနိုင်တဲ့အထိဖြစ်နေတယ် မင်းမပြန်လာခင်အထိ ကိုယ့်ဘဝကသာယာနေခဲ့တယ် မင်းခဏပြန်လာတာ ကိုယ့်ဘဝကဖရိုဖရဲပြန်ဖြစ်သွားပြန်ပြီ စိတ်နာချင်လိုက်တာ စိတ်မနာနိုင်တဲ့ကိုယ့်ကိုကိုယ်လည်း အံ့ဩတယ် တကယ်သာမင်းသာကိုယ့်အပေါ်စစ်မှန်ရင် ပြန်တွေ့မှာပါ