HninHmoneWine
မနက်ဖြန်အတွက်သတိထားစရာများ
ရဲတွေကိုပန်းတွေ စားစရာ တွေ ပေးတာ မလုပ်ပါနဲ့
အဲ့ဒီ ပုံတွေကို သုံးပြီး
စစ်အာဏာသိမ်းတာကို
ပြည်သူက ထောက်ခံပါတယ် ဆိုပြီး
နိုင်ငံတကာမှာ လုပ်နေပါတယ်
နောက် တစ်ခုက
အပြင်ထွက်ကြမဲ့သူတွေ စာကို engလိုပါ ရေးပီး ကိုင်ကြရင် ကောင်းမယ်ထင်ပါတယ်
အချို့သတင်းမှာ internetဖြတ်လို့ ဆန္ဒပြကြပါတယ်ဆိုပီး ဂျင်းထည့်နေပါတယ်
ဂျင်းထည့်လို့မရအောင် အကောင်အထည်ဖော်ပေးကြပါ
NLD ရုံးချုပ်က စာထွက်ထားပါတယ်။
>>> ပြည်သူလိုပဲ ၀တ်ပါ <<<
>>> ပြည်သူလိုပဲ ၀တ်ပါ <<<
ဆန္ဒပြသူများ NLD အလံ သုံးတာကို လုံးဝ မလုပ်ဖို့ပါ။ ဖြစ်နိုင်ရင် အင်္ကျီအနီ ရှောင်ပေးပါ။
၁၉၉၀ က NLD ပါတီက ဆူပူအောင် လုပ်ဆောင်တယ်ဆိုပြီး မတရား သတ်မှတ်ခဲ့တာ သာဓက ရှိပါတယ်နော်။
အခုပွဲက NLD ထောက်ခံပွဲ မဟုတ်ပါ။ ပြည်သူက စစ်အာဏာရှင်ကို ဖြုတ်ချတဲ့ ပွဲ ဖြစ်နေလို့ပါ။
>>> ပြည်သူလိုပဲ ၀တ်ပါ <<<
နက်ဖြန် အဆုံးအဖြတ်ပါ။
UN က အဖွဲ့တွေက ဒီနေ့သူတို့ လုံခြုံရေးယူတာကို လက်မခံပါဘူးတစ်နိုင်ငံလုံး လွတ်လပ်စွာသွားခွင့်ပြုဖို့ တောင်းဆိုလို့ အင်တာနက်ဖွင့်ပေးပြီး သွားခွင့်ပေးတာပါ။
အကြမ်းဖက်မဖြိုခွဲဘူးဆိုတာကို ပြသတာပါ
နက်ဖြန် UN က အလုပ်မဆင်းတဲ့လူတွေကို စစ်တမ်းကောက်မှာပါ။
အစိုးရအလုပ်တွေ အဓိကပါ
အစိုးရအောက်မှာ အလုပ်မလုပ်တဲ့သူ မလုပ်လိုတဲ့သူများမှ နိုင်ပါမယ်
မနက်ဖြန်က အဆုံးအဖြတ်ပါ မနက်ဖြန် ၁ ရက်ပဲ အလုပ်မသွားကြဖို့ မိသားစုဝင်တွေကို တားကြပါ
အဲ့တာအောင်မြင်ရင် ဘယ်လိုမှ လိမ်လို့မရတော့ပါဘူး။
မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ ဒီရက်ပိုင်းလေး တော့ CDM ကို အားလုံးပူးပေါင်းပါဝင်ပေးကြပါ။
ဒီထက်လဲ ငတ်သေစရာ အကြောင်းမရှိတော့ဘူး
နောက်ဆုံးတိုက်ပွဲမှာ လူညီပေးကြပါ။ #CivilDisobedienceMovement #crd
အပြင်ထွက်လို့အဆင်မပြေတဲ့ညီမတို့လိုပြည်သူတွေလည်းအိမ်မှာနေပြီးသံပုံးတီးကြပါ။ keyboard fighter လုပ်ကြပါ။အပြင်ထွက်မယ့်လူတွေလဲသတိရှိကြပါနော်။ရဲတွေ စစ်သားတွေကပြည်သူယောင်ဆောင်ပြီးခေါင်းဆောင်ဘယ်သူလဲဆိုတာလိုက်မေးနေပါတယ်တဲ့ အဲ့လိုမေးတဲ့အခါငါတို့အကုန်လုံးကခေါင်းဆောင်ပဲဆိုပြီးပြန်ပြောလိုက်ကြပါ၊ တကယ်လို့အိမ်ကိုအကြောင်းတစ်ခုခုကြောင့်လာပြီးသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ရင်သံပုံးတီးလိုက်ပါ၊အိမ်နီးနားချင်းတွေကလဲလိုက်ထွက်ပြီးကူညီကာကွယ်ပေးကြပါ၊ အားလုံးပဲ fighting ပါ။