Dika65
Link to CommentCode of ConductWattpad Safety Portal
အကယ်၍ ဘ၀စာမေးပွဲက ကိုယ့်ရဲ့နားခိုရာကိုရှာပါဆိုရင် အဲ့တာ ကလေးပဲ။ အကယ်၍ ကိုယ့်ရဲ့စိတ်သဘောထားကို ပျော့ပျောင်းစေမယ့် သီချင်းလေးတစ်ပုဒ်ကို ရှာပါဆိုရင် အဲ့တာ ကလေးရဲ့တီတီ တာတာပြောတတ်တဲ့ အသံလေးတွေပဲ။ အကယ်၍ ကိုယ်ဆိုးချင်တိုင်း ဆိုးလို့ရတဲ့ သူငယ်ချင်း တစ်ယောက်ကိုရှာပါဆိုရင် ကလေးက ဦးစားပေးတစ်ပဲ။ အကယ်၍ ကိုယ့်ရဲ့စာတွေကို မငြီးမငြူအားပေးတက်တဲ့ သစ္စာရှိတဲ့ စာဖတ်သူလေးကိုရှာပါဆိုရင်လည်း ကလေးက ဦးစားပေးတစ်ပဲ။ အကယ်၍ ချွဲနွဲ့တက်ပြီး ရိုဆန်တာလေးတွေကိုကြိုက်တဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးကိုရှာပါဆိုရင်လည်း ကလေးက ဦးစားပေးတစ်ပဲ။ အကယ်၍ စိတ်ကောက်ချင်ယောင်ဆောင်ပြီး ၀မ်းနည်းနေတတ် တဲ့ ကလေးကိုရှာပါဆိုရင်လည်း ကလေးကအသင့်တော်ဆုံးပဲ။ အကယ်၍ ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ နည်းမျိုးစုံနဲ့ ဖေးကူတက်တဲ့ လက်တွဲဖော်ကိုရှာပါဆိုရင်လည်း ကလေးပဲ ဖြစ်လိမ့်မယ်။ အကယ်၍ ဒီလူစိတ်ပူမှာစိုးလို့ အဖြူရောင်မုသားသုံးတက်တဲ့ ကလေးလိမ္မာလေးတစ်ယောက်ကို ရှာပါဆိုရင်လည်း ကလေးကိုပဲ လက်ညိုးထိုးပြရမှာပဲ။ အကယ်၍ ကိုယ့်ကျန်းမာရေးထက် ကိုယ့်မြတ်နိုးတဲ့သူကို ဦးစားပေးတတ်တဲ့ ကလေးကိုရှာပါဆိုရင်လည်း အဲ့တာကလေးပဲ။ တကယ်လို့ အချစ်ဆိုတာ စိတ်ချမ်းသာခြင်းဆိုရင် ကလေးကို ဒီလူချစ်နေပြီလို့ ပြောရမှာပဲ။
HyuneeChoco
@Dika65 တခုပြောပြမယ် လူကြီးနဲ့ တွေ့ဆုံနေရတဲ့အချိန်မှာ ဒီလိုစာရိုက်နေရတာထက် ပိုတောက်ပပီး ပိုပျော်နေတယ်ဆိုတာ
•
Reply