XiaoMiAh
မို့ရန်ကို သဘောကျခဲ့တာ ၄နှစ်တောင်ရှိသွားပြီ ဇော်ဂျီ ဖောင့်နဲ့တုန်းကလဲမီတယ် မှတ်မိသေးတယ် ကျောင်းမတက်ရ အလုပ်လဲမရှိသေးတယ်အချိန် ပပိုက်ဆံ လက်ထဲ မရှိလို့ ဖုန်းဘေလ် မရှိတဲ့အချိန် mpt က နေ့တိုင်းပေးတဲ့ 2point 3 pointကို စောင့်စုပြီး point 50ပြည့်ရင် 50mb နဲ့ လဲပြီး မို့ရန် updateကို မျှော်ခဲ့ရတာ လေဒီ OC လေးဟာ ကိုယ့်ရဲ့ အမှတ်တရအဖြစ်ရဆုံးဆိုလဲ ဟုတ်တယ်။ ဖတ်ရသမျှ OC တွေထဲ ကိုယ့်ကို ရင်ခုန်အောင်လုပ်နိုင်ဆုံး ကာရိုက်တာလေး ဆိုလဲ ဟုတ်တယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်အရပြောရရင် မို့ရန်ကို ဆက်ရေးစေချင်မိတယ် ။ စောင့်နေမယ် ။ လွန်ခဲ့လေးနှစ် ကနေ ဒီနေ့အထိ စောင့်လာခဲ့ပြီးပြီပဲ ။ ကိုယ်ဆက်စောင့် နိုင်ပါသေးတယ်။ ဘယ်အချိန်မှာ update ပါစေ ကိုယ်စောင့်ဖတ်မှာမို့ ကျေးဇူးပြုပြီး Wattpadကို ပြန်လာပေးပါ author ရယ် .....နော်။ ကိုယ်တို့ စောင့်နေတယ်။