Jillian_lola_Alvas2
Tautan ke KomentarKode EtikPortal Keamanan Wattpad
ဟိုင်း
ပျောက်နေတာ ကြာပီဆိုတော့ မေ့နေကြပီထင်ပါတယ်။ အရင်ဆုံး အကြာကြီး ပျောက်နေမိတဲ့အတွက် ဂျဲလ်တောင်းပန်ပါတယ်နော်။ ပျောက်နေတဲ့ကာလမှာ ဖြစ်ပျက်သွားတာတွေက အများကြီးမို့ ဘာလို့ပျောက်သွားလဲ အစက စပြီး မပြောပြတော့ပါဘူး။ အဲဒီရက်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တော်တော်ဆိုးခဲ့တာပါ။ အများကြီးဖြစ်ပျက်သွားလို့ မယုံနိုင်တာတွေရော စိတ်ဓာတ်ကျတာတွေရော ပေါင်းပြီး ဂျဲလ် တော်တော် စိတ်ထိခိုက်မိပါတယ်။ အဖက်ဖက်က ဖိအားတွေကြောင့်ရော တော်တော်ဆိုးဆိုးဝါးဝါးခံစားခဲ့ရပါတယ်။ ဂျဲလ့်ဝါသနာဖြစ်တဲ့ စာရေးရတာကိုပါ စွန့်လွှတ်ဖို့အထိ ဆုံးဖြတ်ချက်ချမိပါတယ်။ အဲလို ဆုံးဖြတ်ချက်ချမိလို့လဲ နောင်တရမိပါတယ်။ မပြီးသေးတယ့် fic တွေကို ဒီတိုင်းထားခဲ့ပြီး အကုန် စွန့်လွှတ်တာက မဟုတ်သေးဘူးလို့ တွေးမိပါတယ်။ အခုတော့ ဂျဲလ် ပြန်လာပါပြီ။ ဂျဲလ့်ရဲ့စိတ်အခြေအနေကြောင့် အနားမှာ ဘယ်သူမှမရှိတော့လောက်အောင် အကုန်လုံးစီက ထွက်ပြေးပြီး တယောက်ထဲ နေနေမိတဲ့အတွက် တောင်းပန်ပါတယ်။ အခုက စပြီး ဂျဲလ် ဆက်ရေးပါမယ်။ ထပ်ပြီး တစ်ကိုယ်ကောင်းဆန်ဖို့ အားမရှိတော့လို့ပါ၊ နောင်တရမိလို့ပါ။ မျှော်နေတဲ့သူတွေ ရှိနေသေးတာပဲ ဆိုတဲ့ စိတ်နဲ့ ဂျဲလ် ဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဂျဲလ့်ကို ဒါဒါလေးတွေ ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်။ အပိုင်းသစ်လေးတွေကိုလဲ ဆက်ရေးရင်း My Enemy ကိုလဲ နည်းနည်းပြန်ပြင်ချင်ပါတယ်။ ဒီလကုန်ပြီးရင် အပိုင်းသစ်လေးတွေကို နေ့တိုင်းတင်ပေးပါမယ်။ ဒါဒါလေးတို့လဲ နေ့ရက်တိုင်း အဆင်ပြေချောမွေ့စွာနဲ့ ဖြတ်သန်းနိုင်ပါစေ
loliloli_ta
New Potter လေးကို မupပေးချင်ဘူးလားဟင် s-2ကိုအရမ်းဖတ်ချင်နေပြီမို့
bow0906
Blood on the mystery ရဲ့အဆက်လေးမျှော်နေပါတယ်

kimmruby
ဂျဲလ်ရေ မျှော်နေတယ်နော်
Jillian_lola_Alvas2
ဒီည update မရှိပါဘူးနော်...ဂျဲလ်ခေါင်းကိုက်နေလို့ပါ ဒါဒါတို့ရေ
Shoonlae959
မမficတွေမအပ်တော့ဘူးလားစောင့်နေတာမမရဲ့
Jillian_lola_Alvas2
@Shoonlae959 မနေ့ကတည်းက အပိုင်းသစ်ရေးပြီးသွားပြီရယ် ဒီနေ့မှ လိုင်းတွေ ပြန်ရလို့ ကြာသွားတာ ဆောရီးပါနော်
•
Balas
Jillian_lola_Alvas2
ဂျဲလ် ဒီတစ်လော ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိနေလို့ 2024 ကျရင် ပြန်လာခဲ့ပါ့မယ်နော်။ တကယ် ၇ရက်ပါပဲ၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ပုံမှန်အတိုင်း New Potter ကို ပြန်ရေးပေးပါမယ်♡♡
Jillian_lola_Alvas2
My Enemy ရဲ့ အပိုပိုင်းလေးဖြစ်တယ့် Christmas အပိုပိုင်းလေးကို ဖတ်ကြမလားဟင်
ဖတ်မယ်ဆိုရင် ခရစ်စမတ်နေ့ မတိုင်ခင် တစ်ရက်နေ့ မှာ ရေးပေးပါမယ် ´⊙ω⊙`
- Jill
Ran-shira
New Potter up please