![](https://img.wattpad.com/useravatar/Jurasae.84.887755.jpg)
Jurasae
ကိုင်တာနှစ်ချို့နေပြီဖြစ်တဲ့ဖုန်းလေးကို သူများတွေက သုံးဖို့တောင်းတယ် ဒါက ..ဖုန်းအဟောင်းလေးတစ်ခုပဲမဟုတ်ဘူး မင်းဆီက အဆက်အသွယ်ရနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းလည်းဖြစ်တယ် ကဒ်ကို အသစ်ထဲထည့်လိုက်ရင် မင်းနဲ့ပြောထားသမျှ အမှတ်တရတွေပျက်သွားမှာစိုးလို့ရယ် တခြားနံပတ်ပြောင်းလိုက်ရင် မင်းဆက်သွယ်လို့မရမှာစိုးလို့ရယ်... နောက်ပြီး.... ဇန်နဝါရီ ၁၈ ရက်နေ့ရောက်တိုင်း တက်လာမယ့် anniversary alarm ကို မျှော်နေမိလို့ရယ်... ဒါကြောင့်ပါပဲ။ အဲဒီလိုပဲ...မင်းလာတဲ့နေ့မှာ နှင်းများကျနေမလား၊ တအားအေးလို့ ကားထဲကထွက်ထွက်ချင်း အခန်းထဲပြေးဝင်လေမလား၊ ဒါမှမဟုတ် မိုးတွေသည်းလို့ အဝတ်လဲစရာများတောင်းလေမလား ဆိုပြီး တကူးတကဝယ်ထည့်ထားတဲ့ ကိုယ့်ဗီရို အံဝှက်ထဲက အမျိုးသားဝတ် casual wears တွေကလည်း ဝတ်သူမဲ့နေဆဲပဲ။ လူတစ်ယောက်ကို တကယ်တောင့်တလိုချင်နေတဲ့အခါ လိင်မှုကိစ္စထက် အိမ်တစ်လုံးဖြစ်ပေးချင်စိတ်ကသာ ကြီးစိုးသွားတာပဲလေ။ မင်းလည်းတစ်နေရာရာမှာ အိမ်တစ်လုံးဖန်တီးနေလေမလား.. ဒါမှမဟုတ်....မင်းက ကိုယ့်စိတ်ထဲက ဖန်တီးထားတဲ့ အိပ်မက်များလား။ နှင်းတွေကိုကြည့်ရင်း ရူးကြောင်ကြောင်သာရယ်နေမိတော့တယ်။ 2025Jan22 00:22