Juu_May_Tshin
2022ကအရာရာတိုင်းမှာအဆုံးစွန်ထိသွားခဲ့ဖူးတဲ့နှစ်ပါပဲ။ အလုပ်တွေအဆုံးစွန်လုပ်ခဲ့သလို....စိတ်တွေလဲအဆုံးစွန်လေခဲ့တယ်။မိဘတွေအပေါ်အဆုံးစွန်ဆိုးခဲ့သလို....ကိုယ့်ကိုကိုယ်ယုံကြည်တဲ့မာနတွေလဲအမြင့်ဆုံးထိတက်ခဲ့တယ်။ အိမ်ကထွက်သွားချင်စိတ်တွေပေါက်ခဲ့ဖူးသလို...အိမ်မှာပဲကပ်နေချင်တော့တဲ့အခါတွေရှိခဲ့တယ်။ ၁၈+တွေအပေါ်အဆုံးစွန်ထိစွဲလမ်းခဲ့သလို...ဦးနှောက်ထဲအမှိုက်တွေလဲဝင်ပြီးဆိုးရွားတဲ့စိတ်ရောဂါတွေဖြစ်ခဲ့တယ်။ပြန်လည်ကုသဖို့နည်းလမ်းပေါင်းစုံရှာခဲ့သလို....နည်းလမ်းရှာမတွေ့တဲ့ရက်တွေမှာလဲမိမိကိုယ်ကိုပျောက်ဆုံးခြင်းတွေနဲ့နေခဲ့တယ်။ စာတွေအရမ်းကြိုးစားခဲ့တဲ့နှစ်ဖြစ်သလို...စာမလုပ်ဆုံးနှစ်လဲဖြစ်တယ်။ မကောင်းတဲ့မိတ်ဆွေတွေနဲ့မုန်းခဲ့ရသလို ကောင်းတဲ့မိတ်ဆွေတွေနဲ့လည်းနီးခဲ့ရတယ်။ရည်းစားတွေလဲထားဖူးသွားသလို...အချစ်ကြောင့်ကြည်နူးမှုဝမ်းနည်းမှု၊ကြေကွဲမှုတွေပါခံစားဖူးခဲ့ရတယ်။အဆိုးဆုံးစိတ်ပျက်အားလျော့ဖွယ်ကျွန်မကိုမြင်ခဲ့ရသလို...တတ်နိုင်သမျှကောင်းမွန်ဖို့ကြိုးစားလာတဲ့ကျွန်မကိုလဲမြင်နေရပါပြီ။ ဟုတ်ပါတယ်...သင်ခန်းစာယူစရာတွေသိပ်များတဲ့ ၂၀၂၂က သိပ်ကိုရသစုံတဲ့နှစ်ပါပဲ။