Kaffeinic404

နေ့နဲ့ည မှားချက်က ကြာတော့ ကိုယ့်ဘာသာတောင် ကြောက်လာရတယ်။ 
          	
          	ည တစ်နာရီ နှစ်နာရီဆို ဖျတ်ခနဲ နိုးလာပြီ။ တစ်နေကုန် ဘာမှ မစားမသောက် အိပ်ထားတော့ အဲ့ဒီအချိန်ကျမှ ဟိုရှာ ဒီရှာနဲ့ တစ်ခုခု ထလုပ်စား၊ တစ်ခုခုစားတော့ ကော်ဖီက မသောက်ပဲလည်း မနေနိုင်ပြန်ဘူး။ 
          	
          	စားသောက်ပြီးတော့ ပြန်အိပ်မယ်ပေါ့ နေ့ည ပြန်မှန်သွားအောင်၊ သောက်ကျိုးနည်း မျက်လုံးက အပြူးသားဗျာ။ 
          	
          	တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ် ဖုတ်ဝင်နေတာလား လို့တောင် သံသယ ဝင်တယ်။ နေ့ဘက်ဆို တအားဆူညံတယ်လို့ ခံစားရပြီး နေအလင်းကလည်း မျက်လုံးကို စူးလွန်းအားကြီးတယ်။ ဖုတ်ဝင်နေတာ မဟုတ်ပဲ၊ ဒီပရှက်ရှင် အပျော့စားဝင်နေတာတော့ ပိုဖြစ်နိုင်ချေ ရှိသလိုပဲ၊ 
          	
          	ဒီနေ့ အိပ်မက်မက်တယ်။ Wattpad မှာ ကိုယ့်ရဲ့ work လေးဖြစ်တဲ့ My Rainbow is a straight ကို ဖတ်တဲ့ သူ အသစ်နှစ်ယောက်နဲ့ comment ရေးတဲ့သူ တစ်ယောက် တိုးလာတယ်တဲ့၊ ထင်ထင်ရှားရှားကြီးကို မက်တာ၊ စိတ်စွဲလွန်း အားကြီးလို့ နေမယ်။ 
          	
          	သနားစရာ ကောင်းလိုက်တာနော်....... ရယ်စရာလည်း ကောင်းတယ် ........ 
          	
          	ခရီးတစ်ခု ထွက်ရဖို့ ရှိတော့ rainbow ကို နောက်ထပ် update နိုင်ပါ့မလား စိုးရိမ်တယ်။ စာမရေးဖြစ်တာ အကြာကြီးနေမှ ပြန်စဖြစ်တဲ့ တစ်ခု ဖြစ်လို့ တန်ဖိုးထားရတဲ့ story လေး ဖြစ်နေတော့ လပိုင်းလောက် ခွဲရမှာကို စိတ်ထဲ နာကျင်လိုက်တာ ဆိုတာ..... 
          	
          	ရေးလက်စ ပြတ်သွားရင် ဆက်ရေးလို့ကော ရပါတော့မလားကိုလဲ ကြောက်တယ်။ ဆက်ရေးခွင့် မရသေးတောင် ဆက်တွေးသွားဖို့တော့ ဆုံးဖြတ်ထားတယ်။ ခရီးမထွက်ခင်လေး တစ်ပိုင်းဖြစ်ဖြစ် နှစ်ပိုင်း ဖြစ်ဖြစ် ရအောင် ရေးသွားအုန်းမှာပါ။ 
          	
          	ခရီးက ပြန်လာရင် ကိုယ့်ဝတ္ထုလေးကို ပရိုမိုးရှင်း ဆင်းရအုန်းမှာ ......  
          	
          	လူ့စိတ်က တကယ်ပဲ လောဘကြီးလွန်းတယ်။Rainbow ကို စမရေးခင်ကတော့ ဖတ်မယ့်သူ မရှိလည်း ငါဖတ်ဖို့ပဲ ဖြစ်ဖြစ် ရေးမယ်လို့ တွေးပေမယ့် ရေးရင်းနဲ့ကြတော့လည်း ကိုယ့် work လေးကို ဖတ်ပေးကြရင် ကောင်းမှာပဲလို့ လောဘက မဟားဒရားတတ်လာပြန်ရော.... မုန်းဖို့ကောင်းလိုက်တာ .... 
          	
          	ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ မုန်းဖို့ကောင်းတဲ့ သူ ကလည်း ကိုယ်ပဲကိုး ကိုယ့်ကိုကိုယ်တော့ လက်ခံရမယ် မို့လား ......