Khin_91
သတိရတယ် ဒေါ်ဒေါ်..
ဒီရက်တွေမှာ ပိုလို့သတိရတယ်
ဒေါ်ဒေါ် သာအပြင်မှာရှိခဲ့ရင်ဆိုတဲ့
အတွေးလေးက ခနခန၀င်လာတယ်..
အထူးသဖြင့် ဒီလိုအချိန်ရောက်ရင် ဒေါ်ဒေါ်လက်ပံပင်အောက်မှာ
ရပ်နေမလား လက်ပံပင်ကြီးကိုကြည့်ရင်း
ပြုံးနေလောက်မလားဆိုတဲ့ အတွေးလေးပါ၀င်လာပြန်တယ် သက်ရှိနာမ်တွေမဟုတ်တာတောင်
ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတဲ့ နှစ်ကာလတွေမှာ အတူရှိပေးခဲ့ခြင်းလေးလို့ ယူဆမိတယ်
ဒေါ်ဒေါ်က ကိုယ့်ကိုအဲ့ရပ်၀န်းတွေဆီကို ရောက်အောင်ခေါ်ဆောင်လာပေးခဲ့တာ အဲ့ရပ်၀န်းလေးကပဲ ကိုယ့်စိတ်ကို အမြဲငြိမ်းချမ်းစေခဲ့တာ သက်မဲ့နာမ်လေးတွေကို စပြီးသဘောကျတတ်တာ ဒေါ်ဒေါ့်ကြောင့်ပဲဖြစ်လိမ့်မယ်
သတိရတယ် ဒေါ်ဒေါ်
ခုချိန်မှာဆိုရင် သတိရတာထက်ပိုပြီး လွမ်းမိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။