Happy birthday to me အသက်တစ်နှစ်ထက်ကြီးသွားပြန်ပြီ ဆယ်ကျော်အရွယ်စဝင်တဲ့အချိန်ကိုကျော်လွန်ပြီးဆယ်ကျော်သက်အရွယ်ကုန်ဆုံးချိန်ကိုရောက်ရှိလို့လာခဲ့ပြီ ပြီးဆုံးခဲ့တဲ့အတိတ်ကာလကိုပြန်ကြည့်ရင်အမှတ်တရတွေများစွာနဲ့ပြန်လည်မရနိုင်တော့အရာများစွာတွေကိုယ့်မလုပ်ကြည့်ခဲ့လိုက်ရတဲ့အကြောင်းအရာတွေမှားခဲ့အမှားတွေဟာ လက်ရှိနဲ့အနာဂါတ်အတွက်သင်ယူစရာတွေအများကြီးတွေ့ခဲ့ရတယ်။နောက်ပြီးဆယ်ကျော်သက်အရွယ်မှာစတွေ့ခဲ့ရတဲ့လူတစ်ယောက်ဟာလဲဆယ်ကျော်သက်ရွယ်ကုန်ဆုံးတဲ့အထိမေ့မရခဲ့ပြန်ပါဘူး ကိုယ့်ရဲ့တဇွတ်ဆန်တဲ့အမူကျင့်ကိုပြုပြင်ပြီးနောက်လာမဲ့နှစ်တွေမှာအတိတ်ကမလုပ်ခဲ့လိုက်ရတဲ့အရာတွေမသွားခဲ့လိုက်ရတဲ့နေရာတွေကိုစူးစမ်းဖို့အင်အားအသစ်တွေနဲ့လုပ်ကြည့်သွားကြည့်ဖို့စိတ်ကူးထားမိပါသေးတယ်။ ဒီနေ့မှစပြီးနောက်လာမဲ့ရက်တွေနှစ်တွေမှာကိုယ့်ကိုယုံကြည်မှုရှိတဲ့လူတစ်ယောက်လိုဖြစ်ပါစေ။
Happy My Birth