KhooNyoMg72 6 days ago Report CommentLink to CommentCode of ConductWattpad Safety Portal ရှိ"သမျှ အကောင့်တွေဖျက်ချခံလိုက်ရသဖြင့် အခုစာပြန်ထားသည့် @KhoonNyoMg72 အကောင့်တွင်သာ အကြောင်းစုံကို ရှင်းပြသွားပါမည်။ အလွန်ဝမ်းနည်းညှိုးငယ်စွာဖြင့် #ခွန်းမောင် View 0 more replies
KhoonNyoMg_720 Oct 22, 2025 Report CommentLink to CommentCode of ConductWattpad Safety Portal အာလုံးကိုအသိပေးချင်တာလေးရှိပါတယ်။ စာတွေ မတင်ဖြစ်တာ တော်"ကြာခဲ့ပါပြီ။ ဒါဟာ တမင်မတင်ခဲ့ခြင်းမဟုတ်ဘဲ ကြိုးစားရေးနေခဲ့တာကို သိစေချင်ပါတယ်။ အခုနောင်ပိုင်းမှာ ဘယ်လိုမှရေးမရတော့တဲ့အထိ စိတ်ဓာတ်တွေ ကျဆင်းသွားတဲ့အတွက်ကြောင့် ခဏလောက်အနားယူကာ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့မယ်လို့ကတိပေးပါရစေ။ လောကမှာ အရာရာကို စိတ်ကုန်သွားတဲ့အခါ ကျွန်မတို့ဟာ မယုံကြည်နိုင်တာကိုတောင် ယုံကြည်မိလိုက်တဲ့အခါ အဲ့အတွက် ရလဒ်က ဒဏ်ရာပေါ်ဒဏ်ရာ ဆင့်တဲ့ ဓားသွားတစ်ချောင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ ခွန်းဒီနေရာကနေ ခွန်းရဲ့စာဖတ်သူတွေကို မှာကြားပါရစေ။ ကိုယ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူ တစ်ဦးတစ်ယောက်အပေါ်ကိုမှ မမှီခိုထားပါနဲ့ မမျှော်လင့်မိစေပါနဲ့ ကိုယ်နေတဲ့ ရပ်ဝန်းဟာ အဆိပ်အတောက်ဆိုတာ သိရင် ချက်ချင်းကိုလှည့်ထွက်ခဲ့လိုက်ပါ။ ဒါဟာနောက်ဆုံး လုပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းပါပဲ။ ဘယ်လောက်ပဲ အချစ်ကိုစိတ်ကုန်သွားပါစေ အချစ်အကြောင်းတွေကို ရေးဖွဲ့လေ့ရှိတဲ့ ခွန်းရဲ့ ဝါသနာကတော့ ဘယ်တော့မှပျောက်ပြေ သွားမှာမဟုတ်ပါဘူး။ လောကမှာ စက်ဆုပ်စရာ လူတချို့ကြောင့် ပျောက်ကွယ်လုနီူပါးဖြစ်နေတဲ့ မေတ္တာရဲ့ အငွေ့အသက်တွေဟာ ဘယ်အရာကစစ်မှန်ဟာ မည်မျှအထိ နွေးထွေနိုင်ကြောင်းကို ဖော်ပြသွားမှာပါ။ စာဖတ်သူ အနည်းအကျဉ်းဟာ ခွန်ရဲ့အဓိက အားအင်ပါပဲ။ မကြာခင်မှာ အကောင်းဆုံးဖန်တီးမှုတွေနဲ့ ပြန်ထလာပါ့မယ်လို့ ကတိပေးပါတယ်။ ချစ်လှစွာသော စာဖတ်သူတို့ #ခွန်းမောင် View 0 more replies
KhoonNyoMg_720 Jan 02, 2025 Report CommentLink to CommentCode of ConductWattpad Safety Portal နှစ်သစ်မှာ စိတ်ကျန်းမာ၊ကိုယ်ချမ်းသာစွာ ဖြတ်သန်းနိုင်ကြပါစေရှင်... မေတ္တာတွေ စစ်မှန်စွာ ထပ်တူကျပါစေလို့လည်း ခွန်းက ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။ အခုမှ စာရေးလောကထဲကို ဝင်ခဲ့ပေမယ့် update ပေးခဲ့တဲ့ အပိုင်းတိုင်းကို ကိုယ်တိုင်လည်း စိတ်ကျေနပ်ခဲ့ရသလို စာဖတ်သူတွေလည်း ထိုသို့ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်နော်။ ဘာပဲဖြစ်ဖြစ် အခုလို စိတ်မပျက်ဘဲ ဖတ်ရှုပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ခွန်းက ကျေးဇူးအထူး တင်လျက်ပါရှင်...။ လာမဲ့ နေ့ရက်သစ်တိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ တစ်ထပ်တည်း မဖြစ်ခဲ့ရင်တောင် စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားလိုက်ပါ။ ဘဝဆိုတာ ဖြစ်ချင်သလို ဖြစ်နေတဲ့အတွက် လိုက်လျောညီထွေစွာ နေထိုင်တတ်ဖို့သာ လိုအပ်ပါတယ်နော်။ ခွန်းရဲ့ ဝတ္ထုလေးကို ဖတ်ရှုပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လည်း ယခုကဲ့သို့ ဆက်လက်အားပေးဖို့ မျှော်လင့်ပါတယ်နော်။ ဝတ္ထု တစ်ပုဒ် ပြီးဖို့ထက် စာတစ်ကြောင်း ရေးနိုင်ဖို့ဆိုတာ စာဖတ်သူတွေဆီက ရတဲ့အားအင်တွေကြောင့် သာဖြစ်တဲ့အတွက် အားပေးမှုတိုင်းအတွက် စိတ်မပျက်စေတဲ့ ကြိုးစားအားထုတ်မှုများနှင့် ခွန်းဖန်တီးပေးမှာမို့ ခွန်းစာဖတ်သူများကလည်း အဆင်ပြေပြေ ရှိနေကြဖို့အတွက် ဒီကနေ မေတ္တာပို့ပေးပါတယ်ရှင်...။ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ စစ်မှန်တဲ့ ဆက်ဆံရေးများနှင့်သာ တွေ့ဆုံကြပါစေနော်... #ခွန်းမောင် View 1 more reply yaya11099 @KhoonNyoMg_720 ❤️❤️❤️❤️❤️❤️❤️ Mar 14, 2025 • Reply Report CommentLink to CommentCode of ConductWattpad Safety Portal
lilyneedcola Nov 22, 2024 Report CommentLink to CommentCode of ConductWattpad Safety Portal Hello View 0 more replies