KimPoPoAung2003

ရင်ထဲမှာမွန်းကြပ်နေတာပါပဲ မြန်မာပြည်ကြီးရယ်ဘယ်လိုရှေ့ဆက်ရမလဲမသိတော့ဘူး အမေနဲ့အဖေကိုစိတ်ပူရ ပစ်ထားခဲ့ရတဲ့အိမ်လေးကိုစိတ်ပူရနဲ့ မရူးရုံတမယ်ပါပဲ

KimPoPoAung2003

ရင်ထဲမှာမွန်းကြပ်နေတာပါပဲ မြန်မာပြည်ကြီးရယ်ဘယ်လိုရှေ့ဆက်ရမလဲမသိတော့ဘူး အမေနဲ့အဖေကိုစိတ်ပူရ ပစ်ထားခဲ့ရတဲ့အိမ်လေးကိုစိတ်ပူရနဲ့ မရူးရုံတမယ်ပါပဲ

Gardeniaflorida97

https://youtu.be/_z-1fTlSDF0?feature=shared
          
          Many Happy returns of the dayပါဗျာ
          

Gardeniaflorida97

@KimPoPoAung2003 အိုခေပါဗျာ စာကြိုးစားတော့ ပြီးမှလာ ပူတာတော့ ဒီဘက်လည်း ပူတယ် ညီမလေးရေ
Reply

KimPoPoAung2003

@Gardeniaflorida97 ဟုတ်" examကလကုန်ပြီး‌ဖြေမှာဆိုတော့နည်းနည်းတော့ရှုပ်‌နေတယ်ရယ် အိမ်ပြန်ရောက်မှအေးဆေးပြန်လာမယ်‌နော် ခုတော့ပေါ်လိုက်‌ပျောက်လိုက်နဲ့ ကိုယ်ပျောက်သိုင်းကျင့်လိုက်အုံးမယ် ဟီးး မမတို့ဘက်တော့မသိဘူး ရန်ကုန်မှာတအားပူလာတာရယ် နေ့လယ်ဘက်ဆိုနေစရာကိုရှာမရဘူး 
Reply

Gardeniaflorida97

@KimPoPoAung2003 အစ်မက ညီမလေး စာမေးပွဲကိစ္စနဲ့ အလုပ်ရှုပ်နေတယ်မှတ်လို့ပါဗျာ ဘယ်လိုဖြစ်ဖြစ် ဆုတောင်းလေးတွေ့သွားရင်ပဲ ရပါပြီ Examအတွက် ဖိုက်တင်းနော
Reply

Gardeniaflorida97

နေကောင်းသွားပြီလား အဖျားရောသက်သာလား ဂရုစိုက်နော့ တစ်ယောက်တည်းဆိုတော့ ကိုယ့်ကိုယ်ကိုယ်တော့ အတတ်နိုင်ဆုံး စောင့်ရှောက်ပါ

KimPoPoAung2003

@Gardeniaflorida97 ဒီနေ့မှအသက်သာပဲမမရယ် တော်တော်ခံလိုက်ရပါတယ်
Reply

Gardeniaflorida97

လွမ်းလိုက်တာ အစ်မရဲ့ပိုပိုကလေးလည်း စာတွေနဲ့ ပင်ပန်းနေမှာပဲ

KimPoPoAung2003

@Gardeniaflorida97 တူတူပဲ လွမ်းနေပြီတအား တုပ်ကွေး‌ကွေးပြီးရင်ပါကြပ်နေတာလည်‌ချောင်းနာတာကြီးကဆိုရေတောင်မျိုမကျဘူး သက်သာမှအပြေးလေးလာခဲ့မယ်နော်မမ
Reply

YaMin6172

ဟိတ် ပိုပို
          သတိရလို့ပါဗျ အရေးဆို ပြေးသတိရတာ ဒီလူနဲ့ဒီလူတွေပဲ ရှိတယ်

KimPoPoAung2003

@YaMin6172 ဟာ မမ စာမေးပွဲရှိလို့ဒီဘက်မရောက်ဖြစ်နေတာ ခုပြန်ရောက်တော့မျက်စိတောင်လည်သွားတယ်ဗျာ ခု‌ဖြေပြီးသွားပြီဆိုတော့သင်တန်းပိတ်ရက်ကျTelegramလာခဲ့မယ်မမရေ သတိရတိုင်းပြေးသာလာခဲ့ အရင်လောက်activeမဖြစ်နိုင်‌ပေမယ့်ဒီညီမလေးကအမြဲရှိနေမှာ
Reply

KimPoPoAung2003

တစ်ခုတည်းသော Thai BL shipလေး‌ကြောင့် အသည်းရှယ်ကွဲနေပါပြီ series အပိုင်းလိုက်ကိုတောင် ခုချိန်ထိမဖျက်ရက်သေးဘဲသိမ်းထား‌တာလေP' Brightရယ်

KimPoPoAung2003

@KimPoPoAung2003 ʕ⁠っ⁠•⁠ᴥ⁠•⁠ʔ⁠っ
Reply

Gardeniaflorida97

Happy Birthday!Nyi Ma Lay!
          
          ဒီမွေးနေ့ကစလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
          မိဘကို လုပ်ကျွေးပြုစုနိုင်သော အများအကျိုးသယ်ပိုးနိုင်သော အဖိုးတန်အမျိုးသမီးလေး ဖြစ်ပါစေ ညီမလေးရေ
          
          Wish you all the best!

KimPoPoAung2003

@Gardeniaflorida97 ထုတ်မပြလည်း မမရဲ့မေတ္တာတွေကိုခံစားမိပါတယ်ဗျာ
Reply

Gardeniaflorida97

@KimPoPoAung2003 ထုတ်မပြတတ်ပေမဲ့ အများကြီးချစ်ပါတယ်ဗျာ ဒီအစ်မက
Reply

KimPoPoAung2003

@Gardeniaflorida97 ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ ခုလိုသတိတရwishပေးလို့အများကြီးအများကြီးကျေးဇူးတင်ပြီး အများကြီးပိုချစ်ပါတယ်‌မမရေ တကယ်ပါ အစ်မတစ်ယောက်ရဲ့မေတ္တာတွေခံစားရလို့ကြည်နူးလိုက်တာ♡
Reply

KimPoPoAung2003

နဂိုထဲကမှစိတ်ဓာတ်ကဟိုအောက်ဆုံးကိုရောက်နေလို့မနည်းဆွဲတင်နေရတာကို ခုတော့ဟယ်...
          နောက်လသင်တန်းထပ်တက်ဖို့ စာတွေပြန်လုပ်ပြီးပလန်တွေရှယ်ဆွဲထားတာ‌လေ။ လဲနေရာကနေခုမှကုန်းရုန်းထမလို့ကြံနေတာကို ထပ်ရိုက်ချခံလိုက်ရသလိုပဲ။ ငါ့ဘဝကြီးကလေ ငယ်ငယ်ထဲကကျောင်းနဲ့ကျူရှင် ကျူရှင်နဲ့ကျောင်း စာနဲ့ပဲလုံးပန်းနေရတာ သူငယ်ချင်းတွေနဲ့အမှတ်တရဆိုတာခုချိန်ထိလက်တစ်ဖက်ပြည့်‌အောင်တောင်မရှိခဲ့ဘူး။ 9တန်းဆယ်တန်းဘော်ဒါနေတော့လည်း ဘော်ဒါကအိမ်နဲ့နီးတဲ့ကိုယ့်ဦးလေးဘော်ဒါဆိုတော့ အိမ်ကနေပဲတက်ခဲ့ရတယ်။ တက္ကသိုလ်တက်ရင်‌‌တော့အဆောင်မှာသူငယ်ချင်းတွေနဲ့အဆောင်နေကျောင်းသူဘဝရမယ်မှတ်ပါတယ် အဒေါ်က ကထိကမလို့အ‌ဒေါ်နဲ့နေရတယ်။ ဒါမယ့်လည်းတက္ကသိုလ်‌ကျောင်းသူဘဝကအိမ်မှာထက်တော့ပိုလွတ်လပ်ပါတယ်လေပေါ့ ပထမနှစ်မှာပဲ covidနဲ့နားလိုက်ရတယ်။ တစ်ဦးတည်းသောသမီးလေးမလို့စိတ်မချဘူး ချစ်စရာဒါလေးပဲရှိတာဆိုတဲ့အပြောတွေအောက်မှာပဲပိတ်မိပြီး အိမ်မှာပဲအကျယ်ချုပ်မိနေခဲ့တာ‌ မွေးကတည်းက။ ဖြစ်ချင်ခဲ့တဲ့အိပ်မက်တွေကလည်း စိတ်မချဘူး မခွဲနိုင်ဘူးဆိုတဲ့စကား‌တွေ‌‌အောက်မှာ ဟိုလူ့ငဲ့လိုက်ဒီလူ့ငဲ့လိုက်နဲ့လက်လွှတ်လိုက်ရတာအခါခါ။ အစတည်းက အားလုံးကိုထားခဲ့ပြီး ‌အ‌န်တီလေးနဲ့တူတူတောထဲလိုက်သွားလိုက်ရရင်ကောင်းသား။ အိမ်ကအဖေနဲ့အမေကိုမပစ်ပယ်နိုင်လို့ အားနာစိတ်နဲ့နေနေခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ တကယ်တိုက်ရကြေးဆိုလို့ကတော့ နင်တို့လက်အောက်တော့မဝင်ဘူး တောပဲဝင်ခိုလိုက်မယ်။ မအလရေ နင်မသေနိုင်‌သေးဘူးလား။

Gardeniaflorida97

https://youtu.be/94MYoopHFJU?si=Gi4nYRgYULKnA3Tz
          
          နွေသီချင်းလေး 

KimPoPoAung2003

@Gardeniaflorida97 ညကဒီနေရာလေးမှာပဲတစ်ချိန်လုံးရှိနေတော့ဘာသတင်းမှမသိဘဲအေးအေးနေနေမိတာ မနက်ကျကြားလိုက်ရတဲ့သတင်းကြီးကအဆင်မပြေဘူးမမရယ် လဲကျလို့ပြန်ထလိုက်တိုင်း ထပ်တလဲလဲရိုက်ချိုးခံနေရတယ်
Reply

Gardeniaflorida97

@KimPoPoAung2003 အခုထိကို စာပြန်ဖို့က စိတ်တွေ့ပျံ့နေလို့ ညီမလေးရေ အရှေ့အခန်းလေးတွေ ရရင်ရသလို ပြန်မယ်နော် အခုလောလောဆယ် ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဗျာ 
Reply

KimPoPoAung2003

@Gardeniaflorida97 သီချင်းနာမည်နဲ့တွဲမမှတ်မိနေတာ တကယ်တော့နွေရောက်တိုင်းကြား‌ နေကျမို့ နားရည်ဝနေတဲ့သီချင်းလေး မမကျေးဇူးနဲ့ ဒီနွေတော့ playlist ထဲထည့်ပြီး‌ သေချာ‌ ဆွေးရပြီပေါ့
Reply