KoKo27644

မက်ဒါနာ V9 Chapter 25 နောက်ပိုင်းတွေကို Wattpadမှာ မတင်တော့ပါဘူးခင်ဗျ။ MMxianxiaမှာ လာဖတ်ပေးကြပါ။ နောက်ဆုံးအတွဲ နှစ်တွဲပဲကျန်တော့တာဖြစ်လို့ ကျေးဇူးပြုပြီး အားပေးကြပါဦး။
          	
          	https://mmxianxia.com/novels/i-just-wanna-be-hero-not-heroine/

KoKo27644

မက်ဒါနာ V9 Chapter 25 နောက်ပိုင်းတွေကို Wattpadမှာ မတင်တော့ပါဘူးခင်ဗျ။ MMxianxiaမှာ လာဖတ်ပေးကြပါ။ နောက်ဆုံးအတွဲ နှစ်တွဲပဲကျန်တော့တာဖြစ်လို့ ကျေးဇူးပြုပြီး အားပေးကြပါဦး။
          
          https://mmxianxia.com/novels/i-just-wanna-be-hero-not-heroine/

KoKo27644

Wattpadက ဘာဖြစ်နေတာလဲဟင်။ ကျွန်တော် အပိုင်းသစ်တင်ဖို့ဝင်တာ ဖြူဖြူကြီးပဲပေါ်နေလို့ပါ။

littlebee2212

@KoKo27644 မရရင် book ခွဲရမယ်ထင်တယ်ဗျ အခြားသာသာတစ်ယောက်လည်းအရင်ကဝင်လို့မရလို့ book ခွဲတင်ရဖူးတယ်
Reply

KoKo27644

မက်ဒါနာ V8 Bonus Chapter ထဲမထည့်လိုက်ရတဲ့ အချက်အလက်များ 
          
          Fact 1: Magical Girl မက်ဒါနာကမ္ဘာမှာ ဖရာလီတာက မိစ္ဆာနတ်ဘုရားကောင်စီရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ ဝါ့ဇ်ကို မက်ဒါနာမှန်းမသိဘဲ မြင်မြင်ချင်းချစ်မိသွားပေမဲ့ မက်ဒါနာကိုတော့ သဘာဝရန်သူအဖြစ်မြင်ပြီး မုန်းတီးနေပါတယ်။ 
          
          Fact 2: မာရာဒါ ဝါ့ဇ်ဆိုတဲ့နာမည်က မာရာဒါဆိုတာဟာ
          ဝေလ (Welsh)ဘာသာစကားနဲ့ မာလင်ကိုပဲ ဆိုလိုတာဖြစ်ပါတယ်။ 
          
          Fact 3: အခုအဖြစ်အပျက်က မက်ဒါနာ Excalibur ရသွားပြီး ဝတ်စုံကိုဓားနဲ့ကိုက်ညီအောင် ပြင်နေတဲ့အချိန်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် MG မက်ဒါနာကလည်း မက်ဒါနာလိုပဲ ဒဏ္ဍာရီအဆင့်မှော်ပစ္စည်းတစ်ခုကိုရသွားပြီး Ultimate Form ရဖို့သိပ်နီးစပ်နေပြီဖြစ်တဲ့ အခြေအနေချင်းအတူတူပါပဲ။ 
          
          Fact 4: MG မက်ဒါနာမှာ တခြားရဲဘော်ရဲဘက် မှော်ဆရာမလေးတွေလည်းရှိပြီး ဖလေရာ၊ လင်ဒါ၊ ဆိုဖီယာတို့ဖြစ်ပါတယ်။ (ဆိုဖီယာရဲ့Roleက Sailor Moonထဲက Princessဟန်ဆောင်ခဲ့တဲ့ Venusနဲ့ဆင်တူပြီး မိတ်ကပ်ဘူးကို သေခါနီးဝါ့ဇ်ဆီ ပေးခဲ့တာချင်းလဲတူပါတယ်။) 
          
          Fact 5: ဝါ့ဇ်က အေမီကို ဘယ်တုန်းကမှ မဖန်တီးခဲ့တဲ့အတွက် အေမီက အဲဒီကမ္ဘာမှာ တည်ရှိမ​နေပါဘူး။
          

KoKo27644

Telegramမှာ ဝတ္ထုတွေကို PDF ဖြန့်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတိပေးပါ့မယ်။ ကျွန်တော့်ဝတ္ထုတွေကို ဝန်ဇင်းနဲ့ MMxianxiaမှာ အခမဲ့ စာအုပ်စတိုင်ဖတ်လို့ရပါတယ်။ ကျွန်တော့်ဝတ္ထုကို တင်တဲ့လူရှိလားမရှိလားမသိပေမဲ့ တင်နေတဲ့သူတွေကိုလည်း သတိပေးလိုက်ပါမယ်။ ကျွန်တော့်စာတွေအကုန်လုံးက စာချုပ်စာတမ်းနဲ့တင်ရတဲ့ ဝန်ဇင်းလိုပလက်ဖောင်းတွေမှာရှိနေပြီးသားမလို့ လုပ်ချင်ရင် မူပိုင်ခွင့်နဲ့ တရားစွဲလို့ရပါတယ်။ နိုင်ငံခြား  novelမလို့ Fan translation လုပ်ပြီးတင်တယ်ဆိုရင်လည်းထားပါတော့ အခုက မြန်မာလိုကို မူရင်းစာရေးသူဆီမှာ အခမဲ့အားပေးလို့ရနေတာကို ဘယ်လိုများရွှေဉာဏ်တော်စူးရောက်ပြီး သူများဝတ္ထုကိုလိုက်တင်ဖို့ ဆုံးဖြတ်ကြတယ်မသိပါဘူး။ တင်စရာအကြောင်းကိုမရှိတာပါ။ သာသာတွေ စိတ်ဆိုးပြီးစာဆက်မရေးတော့ရင် စာဖတ်သူတွေပဲနစ်နာမှာပါ။ ဒီတော့ တရားဝင်နည်းလမ်းတွေကနေပဲ ဖတ်ကြပါ။

KoKo27644

 သေချာပေါက် ငါရူးနေတာပဲ ဖြစ်လိမ့်မယ်ထင်တယ်။
          
           ငါမအောင်မြင်ခဲ့တာတွေအများကြီးပဲ။ တစ်ခုခုကို ထပ်ခါထပ်ခါကြိုးစားရင်း အမြဲကျဆုံးခဲ့သလို မတူညီတဲ့အရာတွေကို ပြောင်းကြိုးစားရင်း နည်းမျိုးစုံနဲ့ကျဆုံးသွားတာမျိုးလည်း ရှိတာပဲ။ တခြားသူတွေက မင်းကိုပြောလိမ့်မယ်။ လဲကျလည်းပြန်ထပေါ့တဲ့။ ဒါပေမဲ့ တစ်ခါလဲကျသွားတိုင်းမှာ နောက်တစ်ခါပြန်ထဖို့ ပိုပိုပြီးအားနည်းသွားတာကို သူတို့မသိကြဘူး။
          
           ကျရှုံးမှုတွေက အမြဲတည်းမင်းဘဝနောက်ကို အရိပ်လိုပဲ လိုက်နေတော့မှာ။ မင်းတစ်ခုခုဆက်လုပ်ချင်ရင်တောင် နောက်တစ်ခါကျရှုံးမှာစိုးတဲ့အတွက် မင်းလက်ကလေးကိုတောင် မြှောက်နိုင်တော့မှာမဟုတ်ဘူး။ မင်းတစ်ခုခုမလုပ်ခဲ့ရင်လည်း အဲဒီအရိပ်မည်းတွေက မင်းကိုလှောင်ပြောင်လိမ့်မယ်။ သူရဲဘောကြောင်တဲ့ကောင်၊ အသုံးမကျတဲ့ကောင်ဆိုပြီးတော့ပေါ့။ မင်းကိုယ်မင်း မုန်းတီးလွန်းလို့ ကို​ယ့်အသားတွေကိုယ် လှီးထုတ်ပစ်ချင်လာလိမ့်မယ်။ မင်းရင်ဘက်ကို ဆွဲဖြဲပြီး သေဆုံးချင်လာလိမ့်မယ်။
          
           မင်းနောက်တစ်ခါ အောင်မြင်မှုနဲ့ကြုံရရင်တောင် အဲဒီအရိပ်မည်းတွေကမင်းနဲ့လိုက်ပါလာနေဦးမှာ။ မင်းကိုကူညီမယ့်သူတွေ အနားမှာရှိနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့မင်းတစ်ယောက်တည်းပါ။
          
           သူတို့ရဲ့အားပေးစကားတွေနဲ့ ဖေးမမှုတွေက မင်းကိုအမှောင်ထဲကို ပိုနစ်ဝင်စေတယ်။ အောင်မြင်ဖို့ဒီလောက်တောင် လွယ်သလားတွေးရင်း ကိုယ့်ကိုယ်ကိုယ်ပိုပြီးအသုံးမကျဘူးလို့ ထင်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ မင်းအမြင်တွေပိန်းပိန်းပိတ်မှောင်သွားပြီး အသက်ရှုမဝဖြစ်လာမယ်။ အေးစက်နေတဲ့လောကကြီးကို ခံစားလာမိမယ်။ 
          
           လမ်းလျှောက်နေပေမဲ့ မင်းဟာ အသက်မရှိသူလိုပဲ။ ဦးတည်ရာမရှိတဲ့တစ်နေရာဆီ လေးလံတဲ့ခြေလှမ်းတွေနဲ့လျှောက်လှမ်းနေတဲ့ ဦးနောက်မဲ့တဲ့အရာတစ်ခုပေါ့။
          
           ငါဝေခွဲမရဘူး၊ တကယ်ပဲဝေခွဲမရတော့ဘူး။ ငါ့အရှေ့မှာဘာရှိနေလဲ ငါမသိဘူး။ သိလည်းမသိချင်တော့ဘူး။ ကုန်လွန်ပြီးတဲ့အချိန်တွေကိုပဲ ငါတောင်းတနေခဲ့တာ။ ဘာအောင်မြင်မှုကျရှုံးမှုမှ မရှိသေးတဲ့အဖြူထည် ငါ့ကိုယ်ငါပြန်လိုချင်တာ။ ဒီလူတွေရဲ့အပြုံးကို ငါပြန်မှတ်မိချင်တယ်။
          အမှောင်ခန်းထဲမှာ ငါ့ကိုယ်ငါရိုက်နှက်မနေချင်တော့ဘူး။ နာကျင်မှုတွေ မခံစားချင်တော့ဘူး။ ပျောက်ကွယ်သွားရင်ကောင်းမလား၊ ဒါပေမဲ့နည်းမှန်လမ်းမှန်မဟုတ်မှန်း သိနေရလောက်အောင် ငါ့အသိစိတ်က ပြင်းထန်နေတုန်းပဲ။ တဖြည်းဖြည်းမှေးမှိန်လာနေပေမဲ့ပေါ့။

Thoonthutathor

@KoKo27644 ဟုက်တယ် အဲလိုပဲ ခံစားရတယ် 
Reply

KoKo27644

အာသာဆန် အပိုင်းသစ်တင်ဖို့ပျင်းနေလို့ မိုတီပေးတဲ့အနေတဲ့
          မက်ဒါနာဝတ္ထုမှာ ဖတ်ပြီးအခွီရဆုံးအပိုင်း ပြန်ဖောက်သည်ချကြည့်ပါလား။

KoKo27644

@KoKo27644 ကျေးဇူးပါ။
Reply

nandar257

@KoKo27644 သာသာ သီတင်းကျွတ်မှာပျော်ရွှင်ပါစေ❤❤❤❤❤❤❤
Reply

nandar257

@KoKo27644 မိန်းကလေးပြောင်းသွားတဲ့အပိုင်း
Reply

KoKo27644

မက်ဒါနာဝတ္ထုကို MMXianxiaမှာ ပြန်တင်ပေးနေပါတယ်။ အဲဒီမှာက Author တွေကို ကော်ဖီဖိုးပေးလို့ရတဲ့ Option ပါတဲ့အတွက် ကျွန်တော့်အတွက်လဲအဆင်ပြေသလို Reader တွေအတွက်လည်း အဆင်ပြေပါတယ်။ မကြာခင်မှာ Wattpadကိုမီလာမယ်လို့ မျှော်လင့်ရပါတယ်။
          
          [https://mmxianxia.com/novels/i-just-wanna-be-hero-not-heroine/] လို့သာ ရိုက်ရှာလိုက်ပါ။