Kryshun
ရေးလက်စဖြစ်တဲ့ True Love Never Dies လေးကို နောက်လာမဲ့ အပိုင်းအတွက် ဘာဖောင့်နဲ့ တင်ပေး ရမလဲဟင်? Unicode နဲ့တင်ပေးရမလား? Zawgyi နဲ့တင်ပေးရမလား? နောက်ဘာနဲ့တင်ပေးရမလဲပေါ်မူတည်ပြီး ရှေ့အပိုင်းတွေကို Unicode နဲ့ ပြန်ပြင်ပေးရ မပြင်ပေးရ ဆုံးဖြတ်ရမှာမို့ပါ... နောက်လာမဲ့ အသစ်တွေ (ယခုတော့ Draft အနေအထားမှာပဲရှိ, စိတ်တိုင်းမကျသေးလို့) ကတော့ Unicode နဲ့ပဲ တင်ဖြစ်ဖို့များပါတယ်။ ဆက်လက်အားပေးနေသူများကိုလည်း ကျေးဇူးတင်ရှိသလို စာဖတ်သူအသစ်များ ကိုယ့် story လေးတွေ vote ပေးကြ၊ Library ထဲထည့်ကြ၊ reading list လေးတွေထဲ ထည့်ကြတာ မြင်ရင် ဝမ်းသာကြည်နူးရပါတယ်။ ကျန်းမာရေးမကောင်းလို့ အချိန်ကြာ ရပ်နားထားတာကနေ မကြာမီအချိန်အတွင်းမှာ စာတွေပြန်ရေးတော့မှာပါရှင်။ True Love ကို အရင် Update မလုပ်သေးဘဲ Short Story လေး ၂ ခု အရင်လာဖို့ ရှိပါတယ်။ True Love က ဇာတ်ကြောရိုး ပြင်စရာလေးရှိနေလို့ပါ။ အားပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်