Kyipyarshinthant

ငါတို့နိုင်ငံလဲဒီ့ထက်ပိုပြီးကျစရာ သိက္ခာတွေလဲမရှိတော့ပါဘူး 
          	ရုပ်ပျက်လိုက်ကြတာ ပြောစရာတွေကိုဖြစ်လို့.......

Kyipyarshinthant

ငါတို့နိုင်ငံလဲဒီ့ထက်ပိုပြီးကျစရာ သိက္ခာတွေလဲမရှိတော့ပါဘူး 
          ရုပ်ပျက်လိုက်ကြတာ ပြောစရာတွေကိုဖြစ်လို့.......

Kyipyarshinthant

နေ့တိုင်း နေ့တိုင်း အဖန်တရာတေနေတဲ့ ပြဿနာတွေကိုပဲ ငြီးငွေ့စရာကောင်းအောင်ကြားနေရတယ်
          စိတ်ဖိစီးလိုက်တာ
          သူများအလုပ်ရှုပ်နေလား ခေါင်းစားနေလား ဘာမှမသိဘူး သူတို့ပြောချင်တာတွေပဲဇွတ်ပြော
          စာတစ်ပုဒ်တောင်ဖြောင့်အောင်မရေးရဘူး
          သင်္ချာတစ်ပုဒ်တောင်ခေါင်းအေးအေးထားပြီးမင်္တက်နိုင်ဘူး
          အားနေ ပြောနေတာ ငြီးငွေ့ပြီးစိတ်ကုန်လာပြီနားထောင်ရတာ
          ဖြေရှင်းစရာနည်းလမ်းပြောလဲနားမထောင် အကြံပေးလဲ နားမလည်
          ပြောချင်တာပဲသိတယ်
          ပြောချင်တဲ့မကျေနပ်ချက်တွေပြီးရင် Sပြစ်ကတင်သေး
          ဘာမှလဲမဆိုင်လဲအပြစ်တင်တယ်
          စိတ်ပျက်စရာ
          ပင်ပန်းလိုက်တာ နေထိုင်ရတာ
          နားတွေအူပြီး ခေါင်းတွေလဲနောက်နေပြီ
          အေးဆေးနေလို့ကိုမရဘူး
          
          အေးချမ်းတဲ့ခနလေးတောင်မရှိဘူး

Kyipyarshinthant

ဆျာယန် ယန်ကောရေ....
          ယန်ကောရဲ့ ဖန်ဂဲလ်လေးက ယန်ကောရဲ့ အရည်ထူပြီး မျက်နှာပြောင်တိုက်တဲ့ skill တွေအလှူခံချင်ပါတယ် သဒ္ဓါတရားရှိသလောက်စွန့်ကြဲပေးပါဦး ...... >< ^3^

Kyipyarshinthant

လမ်းတစ်ခုကိုတော့ ငါမျက်စိစုံမှိတ်ပြီးရွေးချယ်လိုက်ပြီ
          ဖြစ်လာသမျှကိုလဲ ကံကိုပဲ ပုံထပ်ဖို့ဆုံးဖြတ်လိုက်ပြီ
          ငါ့ ရည်ရွယ်ချက်နဲ့ ငါ့ရဲ့ ခံယူချက်ကိုတော့ ယိမ်းယိုင်ခွင့်မပြုနိုင်ဘူး....
          ဖြစ်သမျှ ကံစီမံရာပေါ့....

Kyipyarshinthant

ဒီနေ့ကစပြီး ဘယ်တော့မှ စိတ်ညစ်တာတွေ စိတ်ဆင်းရဲတာတွေမလုပ်တော့ဘူး
          ငါက ကောင်းကောင်းမွန်မွန်နေနေရတာပဲ ကျောင်းမတက်တာပဲငါလုပ်နိုင်တာလေ
          ကျောင်မတက်နိုင်တော့တဲ့ကလေးတွေ
          ခုန်ပေါက်မကစားနိုင်တော့တဲ့ကလေးတွေ
          ကိုယ်ယုံကြည့်ရာထက်သန်ရာကို လူငယ်တွေသဘာဝ ပြင်းပြင်းပြပြ မလုပ်နိုင်တော့တဲ့ လူတွေတစ်ပုံကြီးပဲ
          
          အရင်က စိတ်အားထက်ထက် သန်သန်နဲ့ ကိုယ်ယုံကြည်ရာကို လုပ်နိုင်တဲ့လူတွေ့ရင် မနာလိုဖြစ်မိတယ်
          ခုမဖြစ်တော့ဘူး ဖြစ်ဖို့မလိုအပ်တော့ဘူး
          
          စတေးဖို့ဆုံးဖြတ်ထားပြီးသား လူတွေရှေ့မှာ လောဘကြီးပြီး အလိုမကျတဲ့စိတ်တွေထားတာက ရှက်ဖို့ကောင်းသလိုခံစားရတယ်
          
          နေပါစေတော့..... 
          
          ငါ့မျှော်လင့်ထားတဲ့ ဘဝ မရရင်လဲနေပါစေတော့......
          
          ဒီအတိုင်း အရာအားလုံး အေးချမ်းသွားရင်ပဲ တော်ပါပြီ.....
          
          ထပ်ပြီး ဘယ်သူမှ စတေးခံဘဝ မရှိတော့ရင်ပဲတော်ပါပြီ.......
          
          ဒီစနစ်ကို ငါတို့ နောက်ဆုံးထိ တော်လှန်နိုင်ခဲ့ရင်ပဲ လုံလောက်ပါပြီ.....
          
          ဒီစနစ်ကြီး နောက်မျိုးဆက်တွေအထိ ချန်ထားခဲ့လို့ လုံးဝမဖြစ်ဘူး.....

Kyipyarshinthant

စိတ်တိုလိုက်တာ စကားပြောတိုင်းဖြတ်ပြောခံရတာ
          ငါကျ အကုန်နားထောင်ပေးပြီး သူတို့ကျ နားမထောင်ပေးဘူး
          နားမထောင်လို့ အခန်းထဲ ကိုယ့်ဘာ့ကိုယ်နေတော့လဲ အခန်းထဲပဲနေနေလို့ဖြစ်ပြန်ရော
          ငါ့ကို သူတို့ပြောချင်တဲ့ ခံစားချက်ဆိုတာတွေ မပြောရလို့ထင်တယ် 
          တကယ်ပါပဲ မညီမျှချက်ကြီးက

Kyipyarshinthant

တစ်ခါတစ်လေကျ အူမပြည့် ကျပ်မပြည့် ပဲဖြစ်လိုက်ချင်တယ် တကယ်....
          အကုန်လုံးကိုသိပြီး နားလည်ရင်တောင် အပြစ်ဖြစ်တာ ဘာမှမသိတာပဲကောင်းတယ်.....