Layharnal

Layharnal

Helloသာ့ကျား... BFRFXTF pageကပြုလုပ်တဲ့ ကျန့်ကော ကောရဲ့ မွေးနေ့ပရောဂျက်လေးမှာ One shotလေးတစ်ပုဒ် ပါဝင်ထားပါတယ်... အခြားအခြားသော စာရေးကောင်းတဲ့ အော်သာတွေအပြင် မတွေ့ရတာကြာပြီဖြစ်တဲ့အော်သာအချို့လည်း ပါဝင်ထားတာမို့ မဖတ်လိုက်ရမဖြစ်ရအောင် ပါဝင်အားပေးကြပါဦးလို့ လက်တို့လိုက်ပါတယ်နော်
          
          အသေးစိတ်အချက်အလက်တွေကိုတော့ @_BFRFXTF_ အကောင့်မှာ သွားရောက်လေ့လာနိုင်ပါတယ် 
          အားလုံးပဲ ficလှလှလေးတွေနဲ့ အတူတူစီးမျောလိုက်ရအောင်နော် 

Layharnal

လောကကြီးက ကိုယ်ဖြစ်ချင်ရာမဖြစ်နိုင်ဘူးဆိုလို့ fanficထဲမှာ ဖြစ်ချင်တာတွေ ချရေးထားတာလေ. . .
          လက်တွေ့ဘဝက ပိုချိုနေတယ်တဲ့လား. . . ဟွန်း ဟွန်း. . .

Layharnal

ဒီနေ့ တကယ်စိတ်မကောင်းဖြစ်မိတယ်... 
          ဒီကလေးလေး ဒီနေ့ပွဲကို အရမ်းစိတ်နှစ်ထားတာလည်း မြင်တယ်
          သူဝါသနာပါတဲ့အားကစားမှာ တကယ်ကြိုးစားပမ်းစား အားထုတ်ထားတာလည်း တွေ့တယ်
          ပြိုင်ပွဲစည်းမျဉ်းတွေ နားမလည်တဲ့အခါကျတော့ ဒီနေ့အဖြစ်အပျက်က အမှန်တရားကဘာလဲ သေချာမသိဘူး
          ဒါပေမယ့် ပြိုင်ပွဲကိုကြည့်နေတဲ့ တလျောက်လုံးမှာ ပြိုင်ဘက်ကစားသမားရဲ့ တချို့လုပ်ရပ်တွေကို သဘောမကျတာတော့အမှန်ပဲ
          ဒီကောင်လေး ဝမ်းနည်းမှာပဲ... ဒေါသထွက်မှာပဲ...
          တခါတလေကျတော့ ကိုယ့်ကိုယ်ကို်လည်း အားမရဖြစ်တယ်... သူ့အတွက် ဘာမှမကူညီပေးနိုင်တဲ့သူတစ်ယောက်ပဲလို့
          အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့ကောင်လေးက သူ့ပရိသတ်တွေကို ပြန်စိတ်ပူနေပေးမှန်းသိရတော့ ဪ... ငါ့ထက်၉နှစ်ငယ်ပေမယ့် ငါ့ထက်ပိုရင့်ကျက်နိုင်တဲ့ကလေးပါလား လို့ပဲ တွေးမိတော့တယ်
          အဝေးကနေပြောတဲ့စကားတွေကို မကြားနိုင်မှန်းသိပေမယ့်လည်း ဒီကောင်လေးကို တကယ်စိတ်ပူပေးတဲ့သူတွေ အများကြီးရှိနေမှန်းတော့ ဒီကောင်လေးလည်း သိမယ်ထင်ပါတယ်
          
          မငိုပါနဲ့... ဒေါသမကြီးပါနဲ့... ကိုယ့်ကိုယ်ကို မထိခိုက်ပါစေနဲ့ ကောင်လေးရယ်